Channel Myanmar

Lalor Roddy

Bad Day for the Cut (2017) 6.5
Bad Day for the Cut (2017)  Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်,သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတကလာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်းသူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်းဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ..သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်.... File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Bad Day for the Cut (2017)

Five Minutes of Heaven (2009)
Five Minutes of Heaven (2009)  1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့... File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Five Minutes of Heaven (2009)

Grabbers (2012) 6.3
Grabbers (2012)  IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး ...
movie

Grabbers (2012)

Unwelcome (2023) 5
Unwelcome (2023) Unwelcome (2023)Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle ...
movie

Unwelcome (2023)

2023
Hunger(2008) 7.5
Hunger(2008) Hunger(2008)*************ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာနိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာနည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Hunger(2008)

God’s Creatures (2022)
God’s Creatures (2022) IMDb - 5.8, RT - 92%Game Of Throneထဲက မင်းသမီး ချောလေး Aisling Franciosiနဲ့ Corpse Bride နဲ့ Chernobylတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသမီးကြီးEmily Watsonတို့ရဲ့ဇာတ်ကားကောင်းလေးလာပါပြီ။အေးလင်ရဲ့သားဖြစ်သူ ဘရိုင်ယန်ဟာ မိခင်ရှိရာဆီကို နှစ်အတော်ကြာမှပြန်ရောက်လာခဲ့ပါတယ်။ သားအမိ၂ယောက်အလွမ်းသည်လို့မှ မဆုံးသေး ဘရိုင်ယန်တစ်ယောက် လက်အငြိမ်မနေ ခြေမငြိမ်နေမှုကြောင့် ဆာရာဆိုတဲ့ကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး တရားစွဲခံရပါတော့တယ်။ သူတကယ်ပဲ ဆာရာကို မုဒိန်းကျင့်ခဲ့သလား၊ သူဒီအမှုကနေရော လွတ်မြောက်သွားပါ့မလား၊ သားအမိ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရင်းတွေးရင် ကြည့်ရှု့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(1.28GB)  / (665.65MB) / (303.28MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

God’s Creatures (2022)

Boys from County Hell (2020) 6.0
Boys from County Hell (2020) Boys from County Hell (2020)======================IMDb Rating - 6.0/10ဒီဇာတ်လမ်းလေးက Dracula ဆိုတဲ့ဇာတ်လမ်းရဲ့ မူလအစဖြစ်တည်ရာလို့ပြောရမလားဘဲ။ဇာတ်အိမ်တည်ထားတာကတော့ ခြောက်မိုင်ကုန်းလို့ ခေါ်တဲ့ အိုင်ယာလန်က နေရာလေးတစ်ခုဒေသခံတွေပြောကြတာကတော့ Dracula ကိုဖန်တီးခဲ့တဲ့စာရေးဆရာက ဒီခြောက်မိုင်ကုန်းဆိုတဲ့နေရာလေးက ဒေသခံပုံပြင်ကို ကြားပြီး ဖန်တီးခဲ့တာတဲ့ . မူလပုံပြင်ကိုတော့ သိတဲ့သူခပ်ရှားရှားပဲ၊သူတို့ရဲ့ ဒေသခံပုံပြင်ထဲမှာတော့ အက်ဘာတက်ခ် ဆိုတဲ့သူဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့မူလအစပထမပေါ့။ခြောက်မိုင်ကုန်းမှာ အက်ဘာတက်ခ်ကို မြေမြှုပ်ထားတယ်ဆိုတဲ့ အထိမ်းအမှတ်ကျောက်ပုံလေးတစ်ခုရှိတယ်။မြို့ငယ်လေးအတွက်တော့ အဲ့ဒါဟာ ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပြီး သူတို့ကလည်း အဲ့လိုပဲယုံကြည်ထားတယ်။ ဒီလိုနဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ယူဂျင်းနဲ့ သူ့ရဲ့အဖေဖြစ်သူတို့ဟာ လမ်းဖောက်ဖို့ပရောဂျက်အတွက်နဲ့ အက်ဘာတက်ခ်ရဲ့ကျောက်ပုံကို နေရာရွှေ့ဖို့ဖြစ်လာတဲ့နောက်ပိုင်း ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဆိုသလို ဖြစ်လာခဲ့တယ်။ ဒါတွေကို ယူဂျင်းက ဘယ်လိုဖြေရှင်းသွားရမလဲဆိုတာ Comedy/Horror ပုံစံလေးနဲ့အိုင်းရစ်ဖုတ်ကောင် ဇာတ်လမ်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Thiha ...
movie

Boys from County Hell (2020)

2020
Ordinary Love(2019) 7.0
Ordinary Love(2019) Ordinary Love(2019)(unicode)လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် ...နှောင်ဖွဲ့ကြတယ် ...အချင်းချင်းတန်ဖိုးထားမြတ်နိုးကြတယ်... အဲ့အရာကိုဖော်ပြမှုပေါင်းစုံနဲ့ဖော်ပြကြတယ်... တစ်ချို့ကြ ပိုက်ဆံအကုန်ခံပြီး ပဲရစ်အထိခေါ်သွားတယ် တစ်ချို့ကြလက်ဆောင်ပစ္စည်းအမျိုးမျိုးနဲ့ ဖော်ပြကြတယ် ...ဒါပေမယ့်နှစ်နှစ်ကာကာထဲထဲ၀င်၀င်ချစ်မိရင်တော့ ဖော်ပြမတတ်နိုင်အောင်ပါပဲသူ့အတွက်ဘာမဆိုလုပ်ပေးဖို့အသင့်ဖြစ်နေပြီး အဲ့ထဲမှာပဲ ကိုယ့်ရဲ့ identity အစစ်တောင်ပျောက်ဆုံးလုမတတ်ပါပဲ ဆိုလိုတာအပြင်ပန်းကကြည့်ရင်လူ့ဂွစာပုံစံပေါက်နေပြီးရင်ထဲမှာတော့ သေမတတ်ချစ်တဲ့လူစားမျိုးမြင်ဖူးကြမှာပါ....ဒီဇာတ်လမ်းမှာတော့ တွမ်နဲ့ဂျုံးတို့ဟာ နှစ်ယောက်တစ်ဘ၀လေးတည်ဆောက်ပြီးနေတယ် ကြားထဲသမီးလေးဒတ်ဘီတစ်ယောက် မွေးဖွားခဲ့ပေမဲ့ ကံဆိုးစွာနဲ့ပဲအကြောင်းတစ်စုံတစ်ရာကြောင့် ဒတ်ဘီလေးဆုံးသွားရှာတယ် ...တွမ့်အတွက်တော့အရူးမီးဝိုင်းပါပဲ ...သူသမီးကိုဆုံးရှုံးပြီးပြီ သူချစ်တဲ့ဒီတစ်ယောက်တည်းသောမိန်းမကိုတော့ သူထပ်အဆုံးရှုံးမခံနိုင်ဘူး.... သူ့ရင်ထဲကနှစ်နှစ်ကာကာချစ်သလောက် သူ့အပြုအမူတွေကနှစ်နှစ်ကာကာ မဖြစ်ခဲ့ပေမယ့်ဒီကားကိုအဆုံးထိကြည့်ပြီးတဲ့သူတွေသိမှာပါ ...ကျုပ်တို့ရဲ့ မင်းသားကြီး Liam Neeson တစ်ဖြစ်လဲ တွမ်ကြီးဟာ သူ့မိန်းမအပေါ်ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ... ရိုးရှင်းတဲ့သာမညအချစ်ဟာနေရာတိုင်းမယ်ရှိမယ် မထင်ပါဘူးဘာလို့ဆို ဒီလိုအချစ်မျိုးဟာဘယ်လောက်ထိပြောင်မြောက်လဲဆိုတာ... IMDb 7 Rotten Tomatoes မှာ93% နဲ့လတ်ဆတ်နေတဲ့ Ordinary Love ကိုသာခံစားကြည့်ရှုကြပါကုန်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....(zawgyi)လူတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ် ...နှောင်ဖွဲ့ကြတယ် ...အချင်းချင်းတန်ဖိုးထားမြတ်နိုးကြတယ်... အဲ့အရာကိုဖော်ပြမှုပေါင်းစုံနဲ့ဖော်ပြကြတယ်... တစ်ချို့ကြ ပိုက်ဆံအကုန်ခံပြီး ...
movie

Ordinary Love(2019)

The Devil’s Doorway N/A
The Devil’s Doorway မရတော့ဘူး Devil's doorway ကြည့်ပြီး အရမ်းဒေကြောက်နေပြီ.....မထင်ရတဲ့ နေရာတွေကနေ ပေါ်လာတဲ့ သရဲတွေနဲ့ ... ဒီတစ်ခေါက်မှာတော့ Horror movie အမျိုးအစား ဖြစ်တဲ့ "Devil's doorway" (မိစ္ဆာတံခါးဝ)ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..အညွှန်း....ဒီကြောက်စရာအကြောင်းအရာ တွေကတော့ 1960 ချမ်းအေးတဲ့အချိန်မှာ ဖြစ်ခဲ့တာပါ...Father Thomas Riley နဲ့ John Thornton ဟာထူးဆန်းတဲ့အကြောင်းအရာတစ်ခုကို စုံစမ်းဖို့ အတွက် Irish အိမ်တစ်အိမ်ကို သွားခဲ့ပါတယ်...ဒီအိမ်ဟာ သူတို့နှစ်ယောက်အတွက် မိစ္ဆာတံခါးဝထဲဝင်သလို ဖြစ်ခဲ့ပါတယ်...သူတို့နှစ်ယောက် အကြောင်းအရင်းကို ဘယ်လိုဖော်ထုတ်ကြမလဲ....မိစ္ဆာတံခါးဝကနေ ပြန်ထွက်နိုင်မလား... ကဲ CM ပရိတ်သတ်တွေနဲ့ မိစ္ဆာတံခါးဝထဲအတူတူဝင်ကြမယ်နော်...
movie

The Devil’s Doorway

2018
Zoo (2017) 7.1
Zoo (2017) MDB - 7.1 Rotten tomatoes - 82%ဒီတစ်ခါမှာဆိုရင်တော့ CM က ပရိတ်သတ်တွေကိုဒါရိုက်တာ Colin McIvorရဲ့ true story ဇာတ်ကားတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဒီကားလေးကတော့ ၁၉၄၁တုန်းက ဒုတိယကမ႓ာစစ်ကအဖြစ်အပျက်တစ်ခုကို ရိုက်ထားတာပါ၁၂အရွယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ တွမ်ရဲ့အဖေဟာဆိုရင်Belfast တိရစ္ဆာန်ရုံက ဆရာဝန်တစ်ယောက်ပေါ့တစ်နေ့ကျတော့ အဲ့တိရစ္ဆာန်ရုံကိုဆင်အသစ်လေးတစ်ကောင်ရောက်လာခဲ့ပါတယ်စစ်ဖြစ်ပြီးဗုံးကြဲခံရတဲ့အချိန်ရောက်တော့အစိုးရက တိရစ္ဆာန်ရုံထဲက အကောင်ကြီးတစ်ချို့ကိုသတ်ဖို့ ညွှန်ကြားချက်တွေပေးပါလေရောသူ့အဖေဆိုတဲ့သူကလည်း စစ်တိုက်ဖို့ထွက်သွားရတော့ ကူကယ်ရာမဲ့နေပြီပေါ့အဲ့အခြေအနေတွေကြားမှာ တိရစ္ဆာန်တွေကိုချစ်တဲ့တွမ်ဆိုတဲ့ကောင်လေးက ဆင်လေးကိုကယ်ဖို့သူ့သူငယ်ချင်းတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်သူဆင်လေးကို အဆုံးထိကယ်နိုင်သွားမလား...စစ်ပွဲကရော ဘယ်လိုတွေဆက်ဖြစ်မလဲ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)File Size : (850 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Family, History, War Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Zoo (2017)

2017