Channel Myanmar

Lan Phuong

The Soul Reaper (2023) 6.2
The Soul Reaper (2023) The Soul Reaper (2023)IMDb - 6.2/10နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ..... လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ..... ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ..... ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ ...
movie

The Soul Reaper (2023)

2023
First Love (2019) 5.2
First Love (2019) First Love (2019)ဇာတ်လမ်းအညွှန်း ****************************** ဒီတစ်ခါမှာလည်း Channel Myanmar ကနေပြီးတော့ လူငယ်အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို ရွေးချယ်တင်ဆက်ပေးထားပါတယ်။"အချစ်ဦးကို မြေးဦးရတဲ့အထိမမေ့နိုင်ဘူး" ဆိုတဲ့ စကားလေးလိုပါပဲ....ပထမဆုံးအချစ်ကို လူတိုင်းမေ့မရနိုင်ပါဘူး......ဒီဇာတ်လမ်းလေးထဲမှာတော့..... ဂီတကိုရူးသွပ်တဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက် အိမ်ကချုပ်ချယ်မှုတွေကြားထဲမှာ ဝါသနာနဲ့ ပညာရေးကို ဝေခွဲမရဖြစ်နေခဲ့ပါတယ်။ဒီအချိန်မှာ ...သူ့ရဲ့အကြီးမားဆုံးအိပ်မက်ဖြစ်တဲ့ာက်ဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ဖို့ အခွင့်ကြုံလာရပါတော့တယ်။တစ်ချိန်တည်းမှာပဲ သူ့ဘဝကို အပြောင်းအလဲဖြစ်စေမယ့် "အန်" ဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတဲ့အခါမှာတော့.......ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ...... ဝါသနာနဲ့ မိဘတွေကြား ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ပြထားတဲ့အပြင် ......ဗီယက်နမ်သီချင်းကောင်းလေးများကိုပါ နားဆင်ကြရမယ့် High School Musical Romance အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ "သီယိန်" အဖြစ် Nguyen Thai Son ကသရုပ်ဆောင်ထားပြီး မင်းသမီးချောလေး Lam Thanh My က "အန်"အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်)Genre.....Romance Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 852MB ...
movie

First Love (2019)

2019
Go-Go Sisters 2018
Go-Go Sisters 2018 လူတိုင်းမှာ သူငယ်ချင်းတွေကိုယ်ဆီရှိတတ်ကြပါတယ် ဒါပေမဲ့ သူငယ်ချင်းတိုင်းကတော့ ကိုယ့်ဘေးမှာအမြဲရှိနေပေးနိုင်တဲ့သူတွေမဟုတ်ပါဘူး ကိုယ့်ဘဝနဲ့ ကိုယ်ရှေ့ဆက်ဖို့ ခွဲခွာကြရတာများပါတယ် အထူးသဖြင့်ငယ်သူငယ်ချင်းတွေပေါ့ ဒီကားထဲမှာလည်းအဲ့လိုပါပဲ 'ဟွန်ဟေးဖွန်း' ဆိုတဲ့ အမျိုးသမီး ဟာအသက်40 အရွယ်သာမာန်အိမ်ရှင်မတစ်ယောက်ပါ ယောကျာ်းအလုပ်အကိုင်ကောင်းတာကြောင့်ငွေကြေးလည်းပြည့်စုံပါတယ် တစ်နေ့တော့သူအမေနေမကောင်းဖြစ်နေတဲ့ဆေးရုံကိုလာရင်းငယ်သူငယ်ချင်းဟောင်း 'ယွန်' နဲ့ပြန်တွေ့ပါတယ် ယွန် ကကင်ဆာရောဂါ ခံစားနေရတာပါ 'ယွန်' က 'ဖွန်း'ကို သူရဲ့နောက်ဆုံးဆန္ဒလေးကိုပြောပြပါတယ် သူဆန္ဒကသူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ဖို့ပါ 'ဖွန်း' ဟာ 'ယွန်'ကြောင့် သူငယ်ချင်းတွေကိုပြန်ရှာဖိူ့လုပ်ပါတော့တယ် ငယ်ငယ်ကအမြဲတမ်း တစ်တွဲတွဲရှိခဲ့ကြတဲ့ သူငယ်ချင်း6ယောက်ဟာ ဘာလို့ နှစ်တွေအကြာကြီး အဆက်အသွယ်မရှိတော့တာဘာကြောင့်လဲ သူတို့ကြားထဲဘာတွေဖြစ်ပျက်ခဲ့တာလဲ 'ဖွန်း' ကရော သူငယ်ချင်းဟောင်းတွေကို အကုန်ပြန်ရှာနိုင်ပါ့မလား ဆိုတာ ကိုတော့ဆက်လက်ကြည့်ရှု့လိုက်ပါ ဇာတ်ကားထဲမှာ ဆယ်ကျော်သက်အရွယ်ရဲ့ငယ်ရွယ်လွတ်လပ်မှုတွေအပူအပင်မရှိမှုတွေကိုရင့်ကျက်တဲ့လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါ ခံစားရတဲ့ စိုးရိမ်မှုတွေနဲ့ အတူယှဥ်ပီး ရိုက်ကူးထားပါတယ် ဒီဇာတ်ညွှန်းတစ်ခုတည်းကိုပဲကိုးရီးယားversion ဂျပန် versionရိုက်ထားတာလည်းရှိပါတယ် အခုတင်ဆက်ပေးလိုက်တာတော့ ဗီယက်နမ် versionလေးပါ ဒီကားလေးကြည့်ပီးရင်တော့ဝေးကွာခဲ့ရတဲ့ တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ပြန်သတိရစေမှာပါ......File Size : 600 ...
movie

Go-Go Sisters 2018

Go-Go Sisters (2018) 7.2
Go-Go Sisters (2018) ဒီဇာတ်ကားကတော့ အထက်တန်းကျောင်းသူလေးခြောက်ယောက်ရဲ့ ' ကျောင်းသူဘဝကနေ လူလတ်ပိုင်း အမျိုးသမီးဖြစ်လာတဲ့အချိန်အထိ ရိုက်ပြထားတာပါ ကျောင်းသားဘဝတုန်းက မိန်းကလေးခြောက်ယောက်ဟာ မြင်းရိုင်းလေးများဆိုပြီး အဖွဲ့ဖွဲ့ထားပါတယ် အတူစား အတူသွား အတူရုန်းကန်လှုပ်ရှားခဲ့ရပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရပါတယ် နောက်ပိုင်း အသက်ကြီးလာပြီး အိမ်ထောင်ကျသွားတဲ့အချိန် ကြတော့မှ အဖွဲ့ဝင်တစ်ယောက်ဟာ ကင်ဆာရောဂါနောက်ဆုံးအဆင့်ရောက်နေမှန်း သိလိုက်ရပါတယ် ငယ်ဘဝတုန်းကသူငယ်ချင်းတွေနဲ့ ပြန်တွေ့ဖို့ကြိုးစားတဲ့အချိန်မှာ အားလုံးအတူတူ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုရမယ့် ဗီယက်နမ်ကားကောင်းလေးပါ   File Size -  1.2 gb Quality - web-dl 1080p Subtitle -  burmese Translator - Paxton Encoder - Thit San Khant
movie

Go-Go Sisters (2018)

2018