Channel Myanmar

Lance Fenton

Night of the Demons (1988) 6.1
Night of the Demons (1988) Night of the Demons (1988) ==================== IMDb Rating – 6.1/10၁၉၈၈ ခုနှစ်တုန်းက Trilogy အလိုက် ထွက်ရှိခဲ့တဲ့ သရဲကားလေး တစ်ကား တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဟောလိုဝင်းညလေးတစ် ညမှာ အတွဲနှစ်တွဲရယ်၊ သူငယ်ချင်း ၃ ယောက်ရယ်၊ နှာဘူးပြီး ပါလာ တဲ့ကောင်တစ်ကောင်ရယ်တို့က အူကြောင်ကြောင်မ ၂ ယောက်လုပ် တဲ့ ပါတီပွဲကို သွားကြရာကနေ ဇာတ်လမ်းစပါတယ်။သူတို့ ပါတီဆိုတာ တခြားနေရာမဟုတ်ပဲ ရှေးခေတ်အဆက်ဆက်က တည်းက လူသေအလောင်းများကို အလှဆင် မြုပ်နှံသဂြိုလ်ပေးခဲ့တဲ့ ရှေးဟောင်းအိမ်ပျက်ကြီးတစ်ခု ဖြစ်ပြီး ဖုန်းဆိုးမြေတစ်ခုလို နေရာကြီး ပေါ့လေ။ အဲဒါကို အုပ်စုလိုက် မှန်တစ်ချပ်ကို အသုံးပြုပြီး သရဲခေါ်ကြ ရာကနေ မကောင်းဆိုးဝါး စွမ်းအင်တစ်ခုကို သွားနိုးလိုက်သလို ဖြစ်ပြီး ကြောက်မက်ဖွယ်အရာတွေ နိုးထလာတဲ့အခါမှာတော့….။ ၁၉၈၀ ကာ လကျော် သရဲကားတွေဆိုတော့ ကိုယ်လုံးတီးတချို့နဲ့ ကြမ်းတမ်းတဲ့ သွေးထွက်သံယို ပြကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့် ရှုရန်မသင့်တော်ဘူးဆိုတာကိုလည်း သတိပေးချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်)File Size..........(1.5 GB) ...
movie

Night of the Demons (1988)

1988
Heathers (1988) 7.2
Heathers (1988) Heathers (1988)Heathers ဟာ ၁၉၈၈ ခုနှစ်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းနောက်ခံပြု Comedy/Drama ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb Rating 7.2 နဲ့ Rotten Tomatoes 93% အထိ ရရှိထားပါတယ်။ Comedy ဆိုပေမယ့် လုံးဝကြီး ဟာသတွေပဲ လုပ်နေတာ မဟုတ်ဘဲ Dark comedy အမျိုးအစားဖက်ကို ရောက်တယ်လို့ပဲ ပြောရမှာပါ။ အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသားဘဝကို ခပ်ပါးပါး သရော်ထားပြီးတော့ တခြား အထက်တန်းကျောင်းနောက်ခံပြု Comedy တွေနဲ့ ကွဲထွက်နေလို့ နာမည်ကြီးသွားခဲ့တာပါ။ရှားဝုဒ် အိုဟိုင်းရိုးရှိ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲအဖွဲ့ကိုတော့ ဟယ်သာချန်ဒလာ၊ ဟယ်သာဒု့ခ် နဲ့ ဟယ်သာ မက်နမဲရာဆိုတဲ့ နာမည်တူ သုံးယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်သလို စိတ်ထင်တိုင်းကြဲနေကြတဲ့ အဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့အဖွဲ့မှာ မတူညီဘဲ ထူးခြားနေတာကတော့ ..... လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်တဲ့ ဗရော်နီကာ ဆော်ယာ ဆိုတဲ့ ...
movie

Heathers (1988)

1988