Channel Myanmar

Larry Lam

War (2007)
War (2007) ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie

War (2007)

The Mummy: Tomb of the Dragon Emperor (2008) 5.2
The Mummy: Tomb of the Dragon Emperor (2008) ဂျက်လီနဲ့မီရှဲယိုတို့ အားဖြည့်ပါဝင်ထားပြီး ရှေ့က Mummy နှစ်ကားရဲ့အဆက်အနေနဲ့ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ဝန်းကျင်ခန့်က တရုတ်နိုင်ငံက ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကိုစုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကိုသိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်...ဒါပေမယ့်မှော်ဆရာမတစ်ဦးရဲ့ကျိန်စာမိပြီး သူနဲ့သူ့တပ်တစ်ခုလုံးဟာ ရွံ့ရုပ်တုတွေအဖြစ် ပြောင်းသွားခဲ့ပြီး မအောင်မြင်တဲ့အိမ်မက်တစ်ခုဟာ မြေကြီးအောက်မှာ ပျောက်ကွယ်သွားရပါတော့တယ်။ဒါပေမယ့် Mummy တို့ရဲ့ဇာတ်လိုက်ကျော် အိုကော်နယ်တစ်ယောက်က ဒီအိမ်မက်ဆိုးကြီးကို မမျှော်လင့်ဘဲ ထုံးစံအတိုင်း မြေကြီးပေါ်ကိုဆွဲတင်လာမိပါတော့တယ်...ဒီတစ်ခါတော့ သူတစ်ယောက်ထဲတင်မဟုတ်တော့ဘဲ သူ့ထက်ဆိုးတဲ့ သားတော်မောင် အဲ့လက်စ်ရောပါပါတယ်။ဟန်ဘုရင်တစ်ယောက် မြေကြီးပေါ်ကို ဘယ်လိုအသက်ဝင်ပြီး ထိုးထွက်လာမလဲ....သူ့ရဲ့မအောင်မြင်ခဲ့တဲ့အိမ်မက်ကို တစ်ဖန်ပြန်လည်အသက်သွင်းဦးမလားဆိုတာ.....။ File size…(3.8 GB) /(1.3 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy: Tomb of the Dragon Emperor (2008)

2008
The Art of War (2000) 5.7
The Art of War (2000)   Blade မင်းသားရဲ့ အက်ရှင်ကားဟောင်းတစ်ကားပါ။ဒီဇာတ်ကားမှာတော့ နိုင်ငံတကာပဋိပက္ခတွေဖြစ်ရင် UN က စိုးရိမ်နေရုံတင်မဟုတ်ပဲ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီး ​ဖြေရှင်းခိုင်းပါတယ်။ နီးလ်ရှောဟာ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်နဲ့ UN တို့ဟာ အလွန်အရေးပါတဲ့ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ထိုးဖို့ အချိန်နီးကပ်လာချိန်မှာ အမေရိကန်ရဲ့ဆိပ်ကမ်းတစ်ခုမှာ တရုတ်ဒုက္ခသည်လူသေလောင်းတွေအပြည့်ပါတဲ့ကုန်တိန်နာတစ်ခု သောင်တင်လာတဲ့အခါ UN ဟာ နီးလ်ရှောတို့ရဲ့အဖွဲ့ကိုစေလွှတ်ပြီး ထောက်လှမ်းခိုင်းပါတော့တယ်။သတင်းယူရုံစစ်ဆင်ရေးလေးကနေ ပိုကြီးမားတဲ့အရှုပ်တော်ပုံထဲရောက်သွားတဲ့နီးလ်ရှောဟာ တရုတ်နဲ့ အမေရိကန်ကြားက တရားခံစစ်ကိုရှာရပါတော့တယ်။ ထောက်လှမ်းရေးအက်ရှင်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(2.52GB) / (1.3GB) / (673MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Action / Adventure / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie

The Art of War (2000)