Channel Myanmar

Laura Bro

Maybe Baby aka Bytte bytte baby (2023) 5.8
Maybe Baby aka Bytte bytte baby (2023)   ဤဇာတ်ကားတွင် မိသားစုနှင့်ကြည့်ရှုရန်မသင့်သောဇာတ်ဝင်ခန်းအချို့ပါရှိပါသည်။ဒီဇာတ်ကားလေးမှာကျွန်တော်တို့ပုံမှန်တွေ့နေရတာနဲ့ ကွဲထွက်နေတဲ့ဇာတ်လမ်းလေးကိုရှုစားကြရမှာပါ။ ဒီဇာတ်ကားမှာပါတဲ့ ခေါင်းဆောင်မင်းသားကြီး Lars Rantheနဲ့ မင်းသမီးကြီး Mille Dinesenတို့ဟာ ဒိန်းမတ်ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာရုပ်ရှင်ဆုများပါ ခူးဆွတ်ရယူဖူးသူတွေဖြစ်ကြပါတယ်။ နာမည်ကြီးဒိန်းနစ်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီး ဒိန်းနစ်ရုပ်ရှင်ဆုများခူးဆွတ်ထားတဲ့ ဒါရိုက်တာ Barbara Topsøe-Rothenborgရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Cecilie ဟာ အသက်ကြီးကြီး၊ အရမ်းစည်းကမ်းကြီးပြီးစာအုပ်ကြီးအတိုင်းသွားတတ်တဲ့မိန်းမတစ်ယောက်ဖြစ်ပြီး ခေတ်မီဆေးပညာကို အကြွင်းမဲ့ယုံကြည်သူတစ်ဦးပါ။ တစ်ဖက်က Liv ကတော့ ခပ်ငယ်ငယ် ပြီးတော့ Cecilie နဲ့ဆန့်ကျင်ဖက်။ စာအုပ်ကြီးလမ်းစဉ်တွေ၊ ခေတ်မီဆေးပညာတွေကိုအယုံအကြည်မရှိ စိတ်ဝိညာဉ်ကျန်းမာမှ ကိုယ်ရောစိတ်ပါကျန်းမာမယ်ဆိုတဲ့ယုံကြည်ချက်ကြောင့် လွတ်လပ်စွာနေထိုင်တတ်တဲ့လူမျိုး။သူတို့နှစ်ယောက်က လမ်းချင်းတောင်တူစရာအကြောင်းမရှိလောက်အောင် မတူကွဲပြားကြတဲ့မိန်းမနှစ်ယောက်ဖြစ်ကြပေမယ့် သူတို့မှာတူညီတဲ့အချက်တစ်ချက်ရှိပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်လုံးဟာကလေးလိုချင်ပေမယ့် သဘာဝအတိုင်းရနိုင်ဖို့ခက်ခဲနေကြတာပါပဲ။ သန္ဓေအောင်ဖို့ဆေးခန်းပြရင်း ဆေးခန်းရဲ့မတော်တဆတစ်ခုကြောင့် သူတို့နှစ်ယောက် တစ်ယောက်ကိုယ်ဝန်ကိုတစ်ယောက်လွယ်ရဖို့ဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေကိုဘယ်လိုညှိယူကြရမလဲ၊ ဘယ်ကလေးကိုဘယ်သူကယူကြမှာလဲ၊ ကြားထဲမှာရော ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ရယ်မောပြီးရှုစားကြရမှာပါ။ဒီကားလေးက ဇာတ်လမ်းလှည့်ကွက်များများစားစားမပါဘဲ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ ထူးခြားတဲ့အကြောင်းအရာတစ်ခုကို ဟာသ​နှောပြီးတင်ဆက်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေကြိုက်ကြမယ့်ကားလေးပါ။ File size…(1.7 GB)/(930 Mb) Quality….Webrip 1080p ...
movie

Maybe Baby aka Bytte bytte baby (2023)

Brothers (2004) 7.5
Brothers (2004) Brothers (2004)အကြောင်းအရာကတော့ ညီအစ်ကိုနှစ်ယောက်အကြားက မိသားစုအရှုပ်အရှင်းပြဿနာပါပဲ။ အစ်ကို ဖြစ်သူဟာ အောင်မြင်တဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး ချောမောတဲ့ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ အလုပ်အကိုင်ကလည်း အတည်တကျ စစ်ဗိုလ်ပေါ့။ညီဖြစ်သူကတော့ လေလွင့်လိုက်၊ ထောင်ကျလိုက်နဲ့ ဘာမှ မည်မည်ရရ မရှိ။ တစ်နေ့ အစ်ကိုဖြစ်သူက အာဖဂန်ကို ဝာာဝန်အရ စစ်တိုက်ဖို့သွားရင်း စစ်ပွဲမှာကျဆုံးသွားပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ မိသားစုကို ညီဖြစ်က နှစ်သိမ့်အားပေးရင်း အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့ပါ ကြိုးချင်းငြိသွားတယ်ပေါ့။အဲ့ဒီမှာ အစ်ကိုဖြစ်သူက စစ်ပွဲမှာ မသေဘဲ ပြန်ရောက်လာတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ တကူးတကပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.6GB, 1.1GB, 551MB Quality            : 1080p Blu-ray, 720p Blu-ray, ...
movie

Brothers (2004)

2004
A Royal Affair (2012) 7.5
A Royal Affair (2012) A Royal Affair (2012)၁၈ရာစုနှစ် ဒိန်းမတ်နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Biography ကားလေးပါ။ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံဖွားဖြစ်တဲ့ ဘုရင်မဟာ ဒိန်းမတ်ဘုရင်နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ ဘုရင့်ရဲ့ ကိုယ်ပိုင်သမားတော်နဲ့ ဖောက်ပြားမိခဲ့ပါတယ် ။ ဘယ်လိုတွေကြောင့်လဲဆိုတော့ ဘုရင်ကြီးဟာ စိတ်ပေါ့သွပ်နေပြီး တ‌ဇောက်ကမ်းလုပ်တတ်တဲ့ အမူအကျင့်ရှိပါတယ်။ဒါကို ငယ်ရွယ်လှပ ပညာတတ်ဖြစ်တဲ့ ဘုရင်မကြီးက အလိုမကျခဲ့ပါဘူး။ ထိုခေတ်ထိုကာလဟာ ရှေးရိုးစွဲအယူအဆတွေကနေ ခေတ်သစ်အတွေးအမြင်တွေကျယ်ပြန့်လာတဲ့ကာလဖြစ်ပါတယ်။ဘုရင့်သမားတော်ဟာ ခေတ်သစ်အတွေးအမြင်ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးအခေါ် အယူအဆတွေကပဲ ဘုရင်မကြီးနဲ့ နီးစပ်သွားစေပါတယ်။ တော်ဝင်မျိုးနွယ်ကြား ဖောက်ပြန်မှူကို ရိုက်ကူးထားတယ်ဆိုပေမယ့် ဒိန်းမတ်နိုင်ငံတိုးတက်ရေးအတွက် ဘုရင်၊ ဘုရင်မနဲ့ သမားတော်တို့ သုံးဦးသား အတွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း အတိုက်အခံတွေ၊ ဖောက်ပြားမှုတွေ၊ လှည့်ကွက်တွေကြား ရင်တမမကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 2.8GB, 736MB, ...
movie

A Royal Affair (2012)

2012
Department Q: A Conspiracy of Faith (2016) 7.0
Department Q: A Conspiracy of Faith (2016) IMDB – 7.0/10Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံးအထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူးခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက်ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီတောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာနေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမားမိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ်အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကိုဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရောဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်းပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင်နွဲရတဲ့အမှု ...
movie

Department Q: A Conspiracy of Faith (2016)

The Guilty (2018) 7.7
The Guilty (2018) IMDb rating 7.7 ရထားတဲ့ ဒိန်းမတ်ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က thriller အမျိုးအစားပါ သည်းထိတ်ရင်ဖိုလေး ကြည့်ရမှာပေါ့။ဒီကားက ထူးခြားပါတယ်။ သရုပ်ဆောင် တစ်ယောက်ထဲကိုပဲ ပြသွားတာ။ ကျန်တာအားလုံးက လိုက်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရတာ။ တကယ်ကို feel ပါပဲ။ဇာတ်လမ်းအကျဉ်း ============အက်စ်ဂါဆိုတဲ့ ရဲတစ်ယောက်ဟာ အရေးပေါ်ဖုန်းလိုင်းမှာ တာဝန်ကျနေတယ်။ သူ့ဆီကို ဆေးသမားတွေ ဓားပြတိုက်ခံရတဲ့သူ ရန်ဖြစ်တဲ့သူ ကကြိုးကကြောင် မျိုးစုံ ဖုန်းဆက်ကြတယ်။ သူက ဖြေရှင်းပေးရတယ်။အဲဒီဖုန်းတွေကြားမှာ မိန်းမတစ်ယောက်ရဲ့ ဖုန်းသံဝင်လာခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းမက သူ့သမီးကိုပဲ ဖုန်းပြောနေတဲ့ပုံပဲ ဖြစ်နေတော့ ဖုန်းမှားနေတာလားဆိုပြီး ဖုန်းချတော့မလိုပဲ။ဒါပေမယ့် ဘေးမှာ ပြန်ပေးဆွဲထားတဲ့လူရှိလို့ ဟန်ဆောင်ပြောနေတာလားဆိုတာ သံသယဝင်သွားတယ်ပေါ့။ ဒါကြောင့် yes or no မေးခွန်းတွေကို ပါးပါးနပ်နပ်မေးပြီး ရဲနဲ့သူနဲ့ အဆက်အသွယ်လုပ်ကြတယ်။အက်စ်ဂါက သူ့လိပ်စာ၊ ပြန်ပေးသမားလိပ်စာ နောက်ကြောင်းတွေလိုက်ပြီး နီးစပ်တဲ့ ရဲကားတွေ ...
movie

The Guilty (2018)

2018
Land of Mine (2015) 7.8
Land of Mine (2015)  မိုင်းဆိုတာ စစ်မြေပြင်မှာ ဗျူဟာမြောက်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်... သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ကြောင်းတစ်ခုကို ရပ်တန့်နှောင့်နှေးစေချင်လို့ပါ..ဥပမာ မိုင်းကွဲတယ် ခြေထောက်ပြတ်တယ် ဒီအခါမှာ သူ့ကို သယ်ဖို့ စစ်သည် (၂)ယောက် လိုမယ်... ဗျူဟာမြောက်သုံးကြတယ်...သေဆုံးနိုင်ခြေနည်းတယ်ဆိုပေမယ့် တစ်သက်လုံးလူဖြစ်ရှုံးသွား နိုင်ပါတယ်.. မိုင်းဖော်တဲ့သူအတွက်လည်းအရမ်းကို အန္တရယ်များပါတယ်.. ဒီတွေဘာကြောင့်ပြောပြနေလဲဆိုတော့ ဒီကားထဲမှာ ဂျာမန်တွေဟာဒိန်းမတ်ကိုသိမ်းထားတုန်းမှာ မိုင်းအလုံး (၂) သန်းကျော်ကိုထောင်ထားခဲ့တယ်... ဂျာမန်တွေစစ်ရှုံးသွားလို့ ဒိန်းမတ်မြေက ဆုတ်ခွာ သွားပေမယ့် မိုင်းအလုံးရေ (၂)သန်းကျော်ရှိတဲ့ကွင်းကြီးတော့ကျန်ခဲ့ပါတယ်... ဒီမိုင်းကွင်းကြီးကိုရှင်းဖို့တာဝန်ကြတဲ့သူက ဒိန်းမတ်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး... ဒီမိုင်းတွေကိုရှင်းဖို့ဆိုပြီ ဂျာမန်စစ်သုံပန်း(၁၄)ယောက်တိတိကို တပ်ကြပ်ကြီးဆီပို့ပေးကြတယ်... မိုင်းရှင်းတုန်း သေသွားလည်း နှမြောစရာမရှိတဲ့သူမျိုးတွေပေါ့.. ဂျာမန်တွေသိမ်းပိုက်စဉ်တုန်းက ဒိန်းမိတ်တွေကို ရက်စက်စွာသတ်ဖြတ် မိန်းမတွေဆိုလည်းမုဒိန်းကျင့် ဆိုးယုတ်မှုမှန်သမျှ ဒိန်းမတ်တွေခံစားခဲ့ရတယ်... ခုမိုင်းဖော်ရမယ့်အချိန်မှာ ဂျာမန်ကလေးတွေနဲ့ဖော်ရမယ်ဆိုတော့ဒိန်းမတ်တပ်ကြပ်ကြီးအတွက် နာကျဉ်းသမျှတွေ ပုံချပါတော့တယ်.. ကလေးတွေလို့မမြင်ဘူး .. ဒိန်းမတ်တွေအပေါ်ရက်စက် ခဲ့တဲ့ ဂျာမန်တွေလို့ပဲမြင်တယ်...အသက်ငယ်ရွယ်သေးတဲ့ လူငယ်လေးတွေကို ရက်ရက်စက်စက် ...
movie

Land of Mine (2015)

2015