Channel Myanmar

Laura Mooney

Soul (2020) 8.3
Soul (2020)  IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie

Soul (2020)

Little Nemo: Adventures in Slumberland (1989) 7.2
Little Nemo: Adventures in Slumberland (1989) ကလေးတိုင်းမှာ စိတ်ကူးအိမ်မက်ကိုယ်စီရှိကြပါတယ်။ ယခုဇာတ်လမ်းလေးထဲမှာတော့ ကောင်လေးတစ်ယောက်ရဲ့ဆန္ဒတွေပြည့်ဝသွားခဲ့ပေမယ့် ကိုယ်ဖြစ်ချင်သလိုဖြစ်လာတိုင်း အကောင်းချည်းပဲ ခံစားစံစားနိုင်မှာမဟုတ်ကြောင်းပညာပေးထားပါတယ်။ သူစိတ်ကူးယဥ်ထားတဲ့ကမ္ဘာလေးကို ပထမဆုံးစရောက်စဥ်က အတော်လေးဝမ်းမြောက်ပျော်ရွှင်ခဲ့ပေမယ့် သူလာခဲ့တဲ့ ကမ္ဘာအစစ်အတွက် အန္တရာယ်ကျရောက်လာချိန်မှာတော့ ဘယ်လိုကမ္ဘာမျိုးမှာ သူရှင်သန်မှာလဲ ဘယ်လိုကမ္ဘာမျိုးကို သူရွေးချယ်သွားမှာလဲ? စိတ်ကူးယဥ်ကမ္ဘာလား လက်တွေ့ကျတဲ့ကမ္ဘာလား စိတ်ကူးအိမ်မက်ဆိုတာ ထားရှိသင့်တဲ့အရာဆိုပေမယ့် မဖြစ်နိုင်တာတွေကိုမတောင့်တသင့်ကြောင်း အလွယ်တကူရယူဖို့မဖြစ်နိုင်ကြောင်းတွေကို သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းမို့လို့ ကြည့်ရှုကြဖို့တောင်းဆိုပါတယ်။ Translated By : Kay Khaing Tun Encoded By : XCode
movie

Little Nemo: Adventures in Slumberland (1989)

1989