Channel Myanmar

Laure Calamy

Angry Annie (2022) 6.8
Angry Annie (2022) Angry Annie (2022) =============== IMDb Rating - 6.8/10ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.31 GB) / (937 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 59Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Angry Annie (2022)

2022
Two Tickets to Greece (2022) 6.1
Two Tickets to Greece (2022)  ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ File size…(1.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

Two Tickets to Greece (2022)

My Best Part (2020) 5.5
My Best Part (2020) My Best Part (2020) ===============ဘဝဆိုတာ အလှည့်အပြောင်း အချိုးအကွေ့များစွာနဲ့ ခက်ခဲလွန်း လှပါတယ်။ ခက်ခဲလှတဲ့ ဘဝကြီးမှာ ကိုယ် ရင်ထဲထိနင့်နေအောင် သိပ်ချစ်ရတဲ့သူတစ်ယောက်ဟာ ကိုယ်ဘယ်တော့မှာ ပြန်မချစ်ချင် တော့တဲ့သူတစ်ယောက်ဖြစ်သွားတဲ့ အခိုက်အတန့်လောက် နာကျင် ခက်ခဲရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ ဒီအခိုက် အတန့်တွေကိုကျော်ဖြတ်ရင်းနဲ့ ရှေ့ဆက်လျှောက်ကြရဖို့လိုအပ်ပါ တယ်။ အချစ်ဆိုတာပြဇာတ်တစ်ပုဒ်လိုပါပဲ၊ ပြဇာတ်ကြောင့် လူတွေ ပျော်ရွှင်၊ ကြည်နူး၊ ငိုကြွေးရသလို၊ အချစ်ကြောင့်လည်း လူတွေပျော် ရွှင်၊ ကြည်နူးငိုကြွေးရပါတယ်။ဒါပေမဲ့ လူတိုင်းအချစ်နဲ့ မကင်းနိုင် သေးပါဘူး။ဒီဇာတ်ကားလေးထဲမှာလည်း အချစ်ကြောင့် ခံစားခဲ့ရတဲ့ ပြင်သစ် လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါ တယ်။ ထူးခြားတာက သာမာန်အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ LGBT အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ LGBT တို့ကြားက အချစ်ရေးအပြင် LGBT တစ်ယောက်ရဲ့ စိတ်ခံစားချက် ဘဝဇာတ် ကြောင်းတွေကိုပါ ပေါင်းစပ်ပုံဖော်ရိုက်ကူးထားတဲ့ My Best Part ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.71 GB) / (759 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 49Min Subtitle...........Myanmar ...
movie

My Best Part (2020)

2020
My Donkey, My Lover & I (2020) 6.5
My Donkey, My Lover & I (2020) Antoinette dans les Cévennes (2020)(My Donkey, My Lover & I)IMDb - 6.5/10 ဇာတ်လမ်းအညွှန်း ဇာတ်လမ်းလေးမှာ အန်တိုနက် ဆိုတဲ့ ကျောင်းဆရာမလေးကသူ့အတန်းထဲက ကလေးတစ်ယောက်ရဲ့အဖေဖြစ်သူဗလာဒီမီယာနဲ့ တိတ်တိတ်ပုန်းတွဲနေတာပါ။ ကျောင်းအားလပ်ရက်မှာအန်တိုနက်က ဗလာဒီမီယာနဲ့ အပန်းဖြေခရီးထွက်ချင်ပေမယ့်ဗလာဒီမီယာကတော့ သူ့မိန်းမစီစဉ်ထားတဲ့ မိသားစုအပန်းခရီးကိုပဲသွားမှာဖြစ်ပါတယ်။ အဲ့တော့ အန်တိုနက်က သူတို့မိသားစုသွားမယ့်ခရီးစဉ်ကို တစ်ယောက်တည်းလိုက်လာဖို့ စီစဉ်လိုက်ပါတယ်။ခရီးစဉ်ကတော့ ဆီဗန်နက်တောင်တွေဆီကို တောင်တက်ခြေလျင်ခရီးပဲဖြစ်ပါတယ်။ ခြေလျင်ခရီးစဉ်မှာ အန်တိုနက်တစ်ယောက်ပတ်ထရစ်ဆိုတဲ့မြည်းလေးနဲ့ အတူသွားဖို့ဖြစ်လာတော့ ဒီလိုခရီးစဉ်မျိုးနဲ့ အကျွမ်းဝင်မရှိတဲ့ အန်တိုနက်အတွက် ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ၊ ဗလာဒီမီယာနဲ့ရော တွေ့ရမလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်လိုက်ကြပါနော်။ခရီးစဉ်တစ်လျှောက် အန်တိုနက်နဲ့ မြည်းလေး “ပတ်ထရစ်”တို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေကို ဟာသတွေနဲ့ ကြည်ကြည်နူးနူးကြည့်ရမယ့်အပြင် ခရီးစဉ်ပြီးဆုံးအောင် သွားနိုင်ပြီးခရီးသွားခြင်းရဲ့အရသာကိုအကြိုက်တွေ့သွားမယ့် အန်တိုနက်ကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ကျွန်တော်တို့ငယ်ငယ်တည်းက အသည်းစွဲဖြစ်ခဲ့ကြမယ့်“ရတနာကျွန်း”စာအုပ်ရဲ့ စာရေးဆရာရောဘတ်လူးဝစ်စတီဗင်ဆန်ရေးသားထားတဲ့ “Travels with a Donkey in the Cevennes” ...
movie

My Donkey, My Lover & I (2020)

The Origin of Evil (2022) 6.6
The Origin of Evil (2022) The Origin of Evil (2022)~ IMDb - 6.6/10, Rotten Tomatoes - 86% ~Lesbian အတွဲက အဓိကဇာတ်ကောင်အနေနဲ့ပါ၀င်ထားတဲ့ Mystery ဆန်ဆန် ပြင်သစ်ကားတစ်ကားဖြစ်ပါတယ်။စတေဖနဲစ်ဆိုတဲ့ အမျိုးသမီးဟာ အသင့်စားငါးဗူးတွေ ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ပြီး သူ့ချစ်သူမိန်းမက ထောင် ၅နှစ်ကျနေသူဖြစ်ပါတယ်။ သူ့ကို သတ်မှတ်ရက်ထက် စောလွတ်အောင်လုပ်ဖို့ သူတို့ ကြိုးပမ်းနေကြတာပါ။ စတေဖနဲစ်ငှားနေတဲ့ အိမ်ရှင်အမျိုးသမီးက သူ့သမီးပြန်ရောက်လာမှာဖြစ်တဲ့အတွက် စတေဖနဲစ်ကို ဖယ်ခိုင်းပါတော့တယ်။ အစအစအရာရာ အခက်အခဲတွေ ဖြစ်လာတဲ့အချိန်မှာ စတေဖနဲစ်က သူ့ရဲ့ ကလေးဘ၀တည်းက ကွဲသွားတဲ့ဖခင်ကို ဆက်သွယ်ပါတော့တယ်။ ဒီလိုနဲ့ ဖခင်နဲ့ အဆက်အသွယ်ရပြီးတဲ့အခါမှာ သူ့ဖခင်ရှိတဲ့ မြို့ကို သွားရောက်တွေ့ဆုံပါတော့တယ်။စတေဖနဲစ်ရဲ့ဖခင်က စီးပွားရေးလုပ်ငန်းတွေ အများကြီးပိုင်တဲ့ သူဌေးကြီးတစ်ဦးဖြစ်ပြီး လက်ရှိမှာ နောက် မိန်းမနဲ့ သမီးဖြစ်သူတို့နဲ့ နေနေတာပါ။ သူ့အဖေက စတေဖနဲစ်ကို ...
movie

The Origin of Evil (2022)

2022
[18+]Sibyl(2019) 6.7
[18+]Sibyl(2019) [18+]Sibyl(2019)***************ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း...စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီကဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီးမားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါFile Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by SD
movie

[18+]Sibyl(2019)

French Women (2019) 6.3/10
French Women (2019) A French Women (2019) IMDb Rating - 6.3/10 ဇာတ်လမ်းအမျိုးအစားကတော့ Drama fantasy အမျိုးအစားဖြစ်ပါတယ် ပဲရစ်မှာ အနှစ်၂၀ကေျာ် နေထိုင်လာခဲ့တဲ့ မီရာဆိုတဲ့ အသက်၄၀ အရွယ်အမျိုးသမီးက သူမရဲ့ ပြင်သစ်လူမျိုး အမျိုးသားနဲ့ကွာရှင်းပြီး အရင်တုန်းက သူငယ်ချင်းတွေဖြစ်တဲ့ ယောင်အွန်း ဆောင်းဝူ တို့နဲ့ တွေ့ဖို့အတွက် ကိုရီးယားကို ပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ် .ဘားမှာ ပျော်ရွှင်ဖွယ်ကောင်းတဲ့အချိန်ကို ကုန်ဆုံးနေချိန်မှာ , မီရာက အိမ်သာခဏသွားပြီး နေရာကိုပြန်လာတဲ့အခါ,လွန်ခဲ့တဲ့ ၁၉နှစ်ကို အချိန်တွေပြောင်းပြန်ရွေ့လျားသွားပါတော့တယ်. အဲ့နေ့ကတော့ မီရာ သူ့ရဲ့ သူငယ်ချင်းတွေနဲ့နှုတ်ဆက်လမ်းခွဲခဲ့တဲ့နေ့ပဲ ဖြစ်ပါတယ် ဒီနောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရုပ်ရှင်ကို စီးမြောကြည့်ရှုနိုင်ပါတယ် အဓိကသရုပ်ဆောင်အနေနဲ့က Kim ho jung ကသရုပ်ဆောင်ထားပြီးတော့, Kim Ji young, Kim young min နဲ့ Abel ryu တို့က ပါဝင်အားဖြည့်ပေးထားပါတယ် File Size -1GB Quality - 1080p and 720p Subtitle ...
movie

French Women (2019)

2019
Only the Animals 2019 7.0
Only the Animals 2019 ဒီဇာတ်ကားက ၂၀၁၉ မှာထွက်ရှိတဲ့ French-African thrillerဇာတ်ကားတစ်ကားပါ စိတ်ပိုင်းဆိုင်ရာဆန်းပြားရှုပ်ထွေးမှုတွေပြည့်နေတဲ့ကားပါ ဇာတ်လမ်းအစမှာတော့ အာဖရိကနိုင်ငံ အာဘစ်ဂျန်မြို့မှာ ဆိတ်ကိုဂုတ်ပေါ်ထမ်းပီးစက်ဘီးစီးနေတဲ့ လူမည်းလေးကိုတွေ့ရမှာပါ ပြီးတော့ ချက်ချင်းပဲ settingက ပြင်သစ်အလယ်ပိုင်းကနှင်းဖုံးနေတ​ဲ့နေရာကိုရောက်သွားပါတယ် အ့ဒီနေရာမှာထူးဆန်းစွာပျောက်ဆုံးသွားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကားကိုသာတွေ့ရပါတယ် အ့ဒီ့အမျိုးသမီးရဲ့ပျောက်ဆုံးမှုကဘယ်သူဘယ်၀ါကြောင့်လို့တပ်အပ်မပြောနိုင်သေးပ​​ဲ သံသယဖြစ်ဖွယ်လူတွေကိုသတိထားကြည့်ရင်း နောက်ပိုင်း ဒီ mysteryတစ်ခုလိုဖြစ်နေတဲ့အမျိုးသမီးရဲ့ပျောက်ဆုံးမှုကို နောက်ပိုင်းမှာ အချိတ်အဆက် မိမိ ကြည့်ရှုရမှာဖြစ်ပါတယ် thrillerကြည့်ရှုရတာနှစ်သက်သူတွေအတွက် စိတ်လှုပ်ရှားစရာ စိတ်၀င်စားစရာကောင်းတဲ့ဇာတ်ကားတစ်ပုဒ်ပါ   File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 57min Genre :  Crime, Drama, Thriller  Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie

Only the Animals 2019