Channel Myanmar

Laurean Wagner

Seneca: On the Creation of Earthquakes (2023) 5.5
Seneca: On the Creation of Earthquakes (2023)  ရှေးခေတ်ရောမ ဂရိတွေနဲ့ နောက်ကြောင်းသမိုင်းကိုကြည့်ချင်တဲ့လူတွေအတွက်Senaca လို့ခေါ်တဲ့ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ဟိုးအရင်ခေတ်ကဂရိမှာနာမည်ကြီးခဲ့တဲအတွေးအခေါ်ပညာရှင် ဆန်နေကာအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဆန်နေကာဆိုတာက ရောမအင်ပါယာကြီးရဲ့ဘုရင်ဖြစ်တဲ့နီရိုးရဲ့ အတိုင်ပင်ခံအမတ်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီးနီရိုးကအသက်ငယ်ရွယ်ပြီးမစဉ်းစားမတွေးခေါ်ပဲစိတ်ထင်ရာလုပ်တတ်တဲ့ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်။ ဒီလိုနဲ့ ဆန်နေကာကဘုရင်ကြီးကို အကြိမ်ကြိမ်အခါခါအကျိုးအကြောင်းဆီလျော်အောင်ဘုရင်ကြီးရဲ့လုပ်ရပ်တွေကို ရှင်းပြပေမဲ့လဲနီရိုးကတော့ခေါင်းမာမြဲသူလုပ်ချင်တာလုပ်နေတုန်းပါပဲ။ဒါပေမယ့်အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက်ရဲ့နေဝင်ချိန်တွေကမကြာခင်မှာ ရောက်လာတော့မယ်ဆိုတာကိုတော့ သူတို့မသိခဲ့ကြပါဘူး။တစ်နေ့မှာတော့ဆန်နေကာလုပ်ခဲ့တဲ့ကြီးမားတဲ့အပြစ်တစ်ခုကြောင့် သူ့ဘဝရဲ့နေဝင်ချိန်ကိုရောက်ချိန်မှာတော့သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ အရာတွေ အတွေးအခေါ်တွေကို အမွေအနှစ်တစ်ခုအနေနဲ့ထားခဲ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပုံတွေကိုကြည့်ရမဲ့ အတွေးအခေါ်ဆိုင်ရာသမိုင်းကြောင်းဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.87GB / 752MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Seneca: On the Creation of Earthquakes (2023)