Channel Myanmar

Lauren Cohn

The Hitcher (2007) 5.6
The Hitcher (2007) The Hitcher (2007) ==============ဒီဇာတ်ကားကတော့ The Hitcher 1986 ကို Remake ပြန်လုပ်ထား တာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကောလိပ်ကျောင်းသားစုံတွဲဖြစ်တဲ့ ဂျင်မ်နဲ့ဂရေစ့်တို့ဟာ Spring Break အတွက် သူငယ်ချင်းတွေနဲ့ဆုံဖို့ နယူးမက္ကဆီကိုကနေကားဖြတ်မောင်းလာကြပါတယ်။လမ်းမှာမိုးသည်း သည်းကြား ကားကြုံတားတဲ့လူတစ်ယောက်ကိုတွေ့ပေမယ့် ဂရေစ့်ရဲ့ ကန့်ကွက်မှုကြောင့်မတင်ဖြစ်ခဲ့ပါဘူး။ဒါပေမယ့်လည်း ဂတ်စ်ဆိုင်တစ်ခုမှာ ပြန်ဆုံချိန်မှာတော့ ဂျင်မ်ကအားနာပြီး အနီးဆုံးမြို့ကိုပို့ပေးဖို့ခေါ်လာခဲ့ပါတယ်။ ဂရေစ့်စိုးရိမ်ခဲ့တဲ့အတိုင်း အဲ့ဒီ လူက သူတို့ကို မိုးအဆုံးမြေအဆုံးဒုက္ခပေးတော့မှာပါပဲ။ Game of Thrones ထဲမှာ စတာ့ခ်တို့ရဲ့ဖခင်ကြီး Ned Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean ကြီးက ဒီဇာတ်ကားမှာရွံမုန်းစရာစိတ္တဇလူသတ်ကောင်အဖြစ်ထူးထူးခြားခြား ပါဝင်ထားပါတယ်။ Sophia bush ကလည်းတအားလှပါတယ်။ ဇာတ်လမ်း လည်းမိုက်ပြီး ပထမကားတွေထက် သွေးထွက်သံယိုပိုများပြီးကြမ်းတမ်းပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.55 GB) / (594 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......Alias Encoder..........SWM
movie

The Hitcher (2007)

2007
Morning Glory (2010) 6.5
Morning Glory (2010) Morning Glory (2010)~ IMDb - 6.5/10, Rotten Tomatoes - 55% ~မနက်ခင်း ‌အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါ‌ဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ "မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ" အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ...
movie

Morning Glory (2010)

2022
Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
[18+] Secretary (2002) 7.0
[18+] Secretary (2002)  +++Dark Side production မှ တင်ဆက်သည်။+++ဒီဇာတ်ကားမှာ မစ္စတာ Grey အဖြစ် မင်းသားကြီး James Spader...Mr.Grey ရဲ့ အတွင်းရေးမှူး ဟော်လိုဝေး အဖြစ် မင်းသမီးကြီး Maggie Gyllenhaal...ဇာတ်လမ်းကတော့ မစ္စတာဂရေးနာမည်ကို ကြားလိုက်တာနဲ့ ဘယ်လိုဇာတ်ကားဆိုတာ မှန်းမိမယ်ထင်ပါတယ်..ငယ်ငယ်ကတည်းက မိဘတွေရဲ့ ဘဝအခြေအနေကြောင့် စိတ်ဒဏ်ရာအများအပြားနဲ့ ကြီးပြင်းလာရတဲ့ ဟော်လိုဝေး..ခက်ထန်တဲ့ အမူအရာတွေနဲ့ ကြမ်းတမ်းတတ်တဲ့ မစ္စတာဂရေး...သူတို့နှစ်ယောက်ရဲ့ တိတ်ဆိတ်တဲ့ အမှောင်ခြမ်းတွေကို ရုံးခန်းတစ်ခုထဲမှာ ဘယ်လိုတွေ ခင်းကျင်းကြမလဲဆိုတာ.....။18+ ဇာတ်ကားဆိုပေမယ့် Rating တွေလဲ မြင့်ပါတယ်။IMDb (7/10) နဲ့ Rotten Tomatoes 76% ထိ ရရှိထားတဲ့ လူကြီးဇာတ်ကားပါ။  File size…(1.1 GB) Quality…Blu-Ray 720p Format…mkv Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Dark Side TNL
movie

[18+] Secretary (2002)

2002