Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lauren Holly
6.2
Crank: High Voltage (2009)
Crank (2006) ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး ပထမကားထဲက မင်းသားကြီး Jason Statham ပဲ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်.... ပထမကားတုန်းက အားလုံးက သေကြပြီလို့ ယူဆကြတဲ့ Chev Chelios တစ်ယောက် အသက်ဘယ်လိုဆက်ပြီး ဘယ်လိုထပ်ကြမ်းဦးမလဲဆိုတာ ထိုင်ကြည့်ရမှာပါ....တကားလုံး ထိုင်ဆဲနေပြီး အသက်ရှင်ဖို့ လူရှေ့သူရှေ့မရှောင် တွေ့ရာဆော်တဲ့အခန်းတွေရော သွေးထွက်သံယိုအခန်းတွေရော ဖောချင်းသောချင်းပါတာမလို့ အသက်အရွယ်ပြည့်မီသူများသာကြည့်ရှုရမယ့်ဇာတ်ကားလဲဖြစ်ပါတယ်။ File size…(4.5 GB) / (2.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Edrea Rae
movie
Crank: High Voltage (2009)
6.4
What Women Want (2000)
What Women Want (2000)~ IMDb - 6.4/10, Rotten Tomatoes - 54% ~ကမ္ဘာပေါ်က ပုရိသယောက်ျားတိုင်း အဖြေရှာနေဆဲ ဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။အဲဒါကတော့ " မင်းတို့မိန်းမတွေလိုချင်တာဘာလဲ " ဆိုတာပါပဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ဒီဇာတ်ကားထဲက နစ်ခ်မာရှယ်လ် ဆိုတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး တစ်ဖြစ်လဲ Mel Gibson ကြီးက သိသွားခဲ့ပါတယ်။ကြော်ငြာအမှုဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခ်မာရှယ်ဟာ ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာရပြီး ကြီးလာတော့လဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်လာပါတယ်။ ကြော်ငြာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာကြတဲ့အချိန်မှာ အမျိုးသမီးတွေကို ဦးတည်တဲ့ ကြော်ငြာတွေ ဖန်တီးဖို့အတွက် နစ်ခ် လိုချင်နေတဲ့ရာထူးနေရာမှာ ဒါစီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။အခဲမကျေဖြစ်နေတဲ့ နစ်ခ်တစ်ယောက် ညဘက် အလုပ်လုပ်ရင်းမှာ မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့အစွမ်း ...
movie
What Women Want (2000)
2000
Any Given Sunday (1999)
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie
Any Given Sunday (1999)
7.3
Dumb and Dumber(1994)
Dumb and Dumber (1994) (အညွှန်း)==========================Legendary comedian ကြီး နှစ်ယောက်ဖြစ်တဲ့ Jim Carrey နဲ့ Jeff Daniels တို့နှစ်ယောက်ပေါင်းပြီး စခွီတွေနဲ့နှောက်မယ့် “Dumb and Dumber.” IMDb rating 7.3/10 နဲ့ Box office မှာ $247 သန်းတောင်ရရှိခဲ့တဲ့အပြင် ၁၉၉၀ ခုနှစ်တွေရဲ့အကောင်းဆုံးစာရင်းဝင် comedy ကားတစ်ကားဖြစ်တာမို့ ကလိထိုးရယ်ရမယ့်ကားမဟုတ်တာတော့ ဧကန်ပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ Lloyd Christmas (Jim Carrey) နဲ့ Harry Dunne (Jeff Daniels) တို့နှစ်ယောက်က ဘာတစ်ခုမှကို အသုံးကျတာမရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေတစ်ဖြစ်လဲ ချာတူးလန်ငတုံးနှစ်ယောက်။ တစ်ယောက်က သူဌေးတွေရဲ့ဇိမ်ခံကားကိုမောင်းတဲ့ ဒရိုင်ဘာလုပ်တယ် .. တစ်ယောက်က ခွေး spa မှာလုပ်တယ်။ လက်ကြောမတင်းတဲ့ငတုံးနှစ်ကောင်ပါဆိုမှတော့ အလုပ်ကမြဲပါတော့မလား .. နဂိုတည်းက ပြုတ်စော်နံနေရာကနေ ...
movie
Dumb and Dumber(1994)
6.9
The Cuban(2020)
The Cuban(2020)အညွှန်း*********************မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာလာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက်သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ သူနာပြုအလုပ် ဝင်လုပ်ပါတယ်။ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက စိတ်ကြီးပြီး အစားအသောက် ကြေး(ချေး)များတဲ့ ပြဿနာအိုးအဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီး ဟာသူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလိုသူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့ ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်၊ ချစ်သူတွေချင်း ကြားကလေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို လှပစွာ ခြယ်မှုန်းသီခြယ်ထားတဲ့ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်...File Size :(945MB) ...
movie
The Cuban(2020)