Channel Myanmar

Lauren Lyle

Mercy Falls (2023)
Mercy Falls (2023)  Thriller suspense vibeအပြည့်နဲ့ တောနက်ထဲလမ်းပျောက်တဲ့ လူသတ်ကားမျိုး ကြည့်ချင်သူတွေအတွက် Mercy Falls ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ထုံးစံအတိုင်းပဲ လူသူမရှိတဲ့တောအုပ်ထဲကို စပ်စပ်စုစုနဲ့သွားမယ့် သူငယ်ချင်းတစ်စုနဲ့ ဇာတ်လမ်းလေးကို အစပျိုးထားပါတယ်။တစ်ချိန်ကဖြစ်ရပ်တစ်ခုကြောင့် အဖေနဲ့ဝေးကွာခဲ့ရတဲ့ ရိုနာဆီကို ရောက်လာတာကတော့ အဖေကအမွေပေးခဲ့တယ်ဆိုတဲ့ မာစီရေတံခွန်ရှိတဲ့ တောထဲက သစ်လုံးအိမ်တစ်လုံး၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိခဲ့တဲ့ တောအုပ်လေးလည်းဖြစ်၊ အဖေ့ရဲ့တစ်ခုတည်းသောအမွေလေးဆိုတော့ ရိုနာတစ်ယောက် ဒီသစ်လုံးအိမ်လေးကို သွားကြည့်ချင်စိတ်တွေ တဖွားဖွားပေါ့။ ဒီလိုနဲ့ပဲ ရိုနာတို့သူငယ်ချင်းတစ်စု မာစီရေတံခွန်နဲ့ မိုင် ၂၀ အကွာ တောအုပ်ထဲက သစ်လုံးအိမ်ကိုရှာဖို့ ခရီးစထွက်ဖြစ်ကြတာပေါ့။ ဒါပေမဲ့ ရိုနာတစ်ယောက် ဒီတောအုပ်လေးကိုစွန့်ခွာခဲ့တာ နှစ်တွေကြာပြီဆိုတော့ သစ်လုံးအိမ်ဆီမရောက်ဘဲ ထုံးစံအတိုင်းပဲ တောထဲလမ်းပျောက်ကြပါတော့တယ်။ဒီလိုဒုက္ခရောက်နေချိန်မှာ ကယ်တင်ရှင်ကာလာဆိုတဲ့မိန်းကလေးပေါ်လာပြီး သူတို့ကို သစ်လုံးအိမ်ကို လမ်းပြခေါ်ဆောင်ပေးမယ်လို့ ပြောလာပါတယ်။ ဘယ်နေရာမှန်းမသိတဲ့နေရာမှာပေါ်လာတဲ့ ဘယ်သူမှန်းမသိတဲ့သူဖြစ်ပေမဲ့ လမ်းပျောက်နေတဲ့သူတစ်စုအတွက်တော့ ကန္တာရထဲ တံလျှပ်ပေါ်သလို အပျော်ကြီးပျော်ကြတာပေါ့။ဒါပေမဲ့ ပြဿနာကိုယ်စီနဲ့ အချိတ်အကောက်လေးတွေနဲ့ ဘုရားစူးသူငယ်ချင်းလေးတွေဆိုတော့ ...
movie

Mercy Falls (2023)

Tell It to the Bees(2019) 6.0
Tell It to the Bees(2019) Tell It to the Bees(2019)IMDb...6.0(unicode)ဇာတ်ကားဆန်းဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘာဆန်းသလဲဆိုတော့ ခပ်ရိုးရိုး ယောက်ျားမိန်းမအချစ်တွေလိုမျိုး မဟုတ်တော့ဘဲ ဒီတစ်ခါတော့ မိန်းကလေးအချင်းချင်း ချစ်ကြိုက်တဲ့ Lesbian ကားလေးပဲ ဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်း1952 ခုနှစ် Scotland နိုင်ငံမှာ Lydia ဆိုတဲ့ အိမ်ထောင်ကွဲ ကလေးအမေတစ်ယောက်ရှိပါတယ်...အိမ်ထောင်ကွဲ စီးပွားပျက်လို့ နေစရာပါအခက်အခဲဖြစ်နေသူ အမျိုးသမီးလေးပေါ့...အဲ့ဒီအချိန်မှာပဲ သူတို့မြို့လေးကို ရောက်လာသူကတော့ ဆရာဝန်မလေး Jean ဖြစ်ပါတယ်...Jean ဟာ ငယ်ရွယ်စဉ်ကတည်းက မိန်းကလေးအချင်းချင်း စိတ်ဝင်စားသူတစ်ယောက်ပါ...ဒါပေမဲ့လည်း ခေတ်ကာလက 1952 ခု ဖြစ်နေလေတော့ LGBT တွေကို နှိမ့်ချနေချိန်ဖြစ်နေတာပေါ့...Jean လေးခမျာ အတည်တကျနေထိုင်ရာမြို့ရယ်လို့ မရှိဘဲ တစ်နေရာမှာ ခဏနေလိုက် မြို့အသစ်တစ်ခု ပြောင်းလိုက်နဲ့ သူ့ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရာက Lydia တို့ရဲ့မြို့လေးကို ရောက်ရှိလာချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်....(zawgyi)ဇာတ်ကားဆန်းဆန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ဘာဆန်းသလဲဆိုတော့ ခပ်ရိုးရိုး ယောက်ျားမိန်းမအချစ်တွေလိုမျိုး မဟုတ်တော့ဘဲ ...
movie

Tell It to the Bees(2019)