Channel Myanmar

Lauren Molina

Martha Marcy May Marlene (2011) 6.8
Martha Marcy May Marlene (2011)  ဒီဇာတ်ကားက ၂၀၁၁ က​ ထွက်ရှိ​ခဲ့တဲ့​ Psychological Drama အမျိုး​အစား​ဖြစ်ပါတယ်။ Marvel​ ထဲက​ Wanda အဖြစ်​သရုပ်ဆောင်​တဲ့​ Elizabeth Olsen ရဲ့ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ အပြင်​မှာ​အမှန်​တကယ်ဖြစ်​ခဲ့တဲ့​ မိန်း​ကလေး​တစ်ယောက်​ရဲ့​ ဖြစ်ရပ်​မှန်​ကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မာသာ (Elizabeth Olsen)​ က​ အစွန်း​ရောက်​ဂိုဏ်းတစ်ခုထဲ​မှာ​ နှစ်ပေါင်း​များစွာ​နေလာခဲ့ရပြီး နောက်ဆုံး​မှာ​ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ရုပ်​ပိုင်း​ဆိုင်​ရာအရ လွတ်မြောက်​လာခဲ့ပေမဲ့ စိတ်ကတော့မလွတ်မြောက်ခဲ့ဘဲ အတိတ်က စိတ်ဒဏ်ရာ​တွေရဲ့ဖိစီးနှိပ်စက်မှုကိုခံနေရပါတယ်။ သူနေခဲ့တဲ့​ အစွန်း​ရောက်​ဂိုဏ်းက​ သူ့ကိုအလွတ်မပေးဘဲ​ နောက်​ကနေလိုက်နေတယ်လို့​ စိတ်​ထဲမှာ​မြင်နေပါတယ်။ ဒီလို​နဲ့​ သူ့ရဲ့​စိတ်​ဝေဒနာတွေက သူ့ကိုယ်သူ​တင်မကဘဲ သူ့ကို​လက်​ခံစောင့်ရှောက်ထားတဲ့​ အစ်မ​ဖြစ်သူနဲ့သူ့ခင်ပွန်းတို့ရဲ့ဘဝကိုပါ​ အကျိုး​သက်ရောက်​လာပါတော့တယ်။ ဇာတ်​ကားက​ စိတ္တဇ​ဒရာမာ​ Thriller အမျိုး​အစား​ Indie​ ​ရုပ်​ရှင်​ဖြစ်ပြီး​ Elizabeth​ Olsen​ က​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ Imdb​ rating 6.8 ရှိပြီး​ စိတ္တဇ​ Thriller ဇာတ်ကား​တွေကြိုက်နှစ်သက်တဲ့သူတွေ၊ Elizabeth​ ...
movie

Martha Marcy May Marlene (2011)