Channel Myanmar

Laurence Saunders

Tell Me a Creepy Story (2023)
Tell Me a Creepy Story (2023) ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ "ဂျိုး"အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်... ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ...ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း...တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့...နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်...မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။ အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။ File size…(1 GB)/(483 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

Tell Me a Creepy Story (2023)

The Seasoning House(2012) 6.1
The Seasoning House(2012) The Seasoning House(2012) IMDb.....6.1 ၁၉၉၆ မှာတော့ ဘော်လ်ကန်ဒေသမှာ မြို့ငယ်တစ်မြို့စာလောက်ရှိတဲ့ လူတွေကို စစ်တပ်တစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်..တစ်ချို့အမျိုးသမီးတွေတော့ အသက်ရှင်ကျန်ခဲ့ကြတယ်...အသက်ရှင်ကျန်ခဲ့တဲ့ အမျိုးသမီးတွေအတွက်လည်း ငရဲခန်းပါပဲ.....အိမ်လေးတစ်အိမ်ထဲမှာ အားလုံးကို အကျဉ်းချထားတယ်... ဆေးတွေထိုးတယ်..မုဒိမ်းလည်းကျင့် တယ်...ထွက်ပြေးတဲ့ သူတွေကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်တယ်...စည်းကမ်းဖောက်တဲ့သူကို ဘယ်လိုခံစားရမလဲဆိုတာကို ဥပမာပေးတဲ့အနေနဲ့ တောင် သတ်ပြစ်တဲ့ အဖွဲ့အောက်မှာမိန်းကလေးတွေဘဝက တကယ်ကိုသွေးပျက်စရာပဲ....ဒီမိန်းကလေးတွေ ဘာလို့ဒီလိုအခက်အခဲနဲ့ရင်ဆိုင်နေရတယ်..သူတို့တွေထဲက ဘယ်သူတွေများထွက်ပြေးလွတ်မြောက်ကြမလဲ...ဒီမိန်းကလေးတွေကိုဖျက်ဆီးမှုတွေပြုလုပ်နေတာကရော ဘယ်သူတွေများလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦးကိုင်း Horrorကား သွေးထွက်သံယိုကားတွေသဘောကျတဲ့သူတွေအတွက်...File Size : (900 MB) and (330 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie

The Seasoning House(2012)

2012