Channel Myanmar

Lázaro Ramos

As Verdades (2022) 6.0
As Verdades (2022)  ဒီရုပ်ရှင်ဟာ ဂျပန်စာရေးဆရာ Ryūnosuke Akutagawa ရဲ့ ၀တ္ထုတိုတပုဒ်ဖြစ်တဲ့ In A Grove ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ပေါ်တူဂီရုပ်ရှင်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို ဘရာဇီးက မြို့လေးတမြို့မှာဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးဟာ ပင်လယ်ကမ်းစပ်နဲ့နီးတယ် သေးငယ်တယ် တိတ်ဆိတ်ငြိမ်သက်တယ်။ မြို့ခံမဟုတ်ဘဲ ခဏတဖြုတ်လာလည်တဲ့သူတွေကတော့ ဒီမြို့လေးကို ကောင်းကင်ဘုံလေးအဖြစ် တင်စားကြတယ်။ ဒါပေမဲ့ ဒီမြို့မှာမွေး ဒီမြို့မှာကြီးပြင်းခဲ့ကြတဲ့ မြို့ခံတွေအတွက်တော့ ဒီမြို့လေးဟာ ငရဲပြည်သာသာပါ။ဂျိုဆူအဲဟာ ၂နှစ်အကြာမှာ ရဲချုပ်အဖြစ်တာ၀န်ကျတဲ့ ဒီမြို့ငယ်လေးကိုပြန်ရောက်လာတယ်။ ဂျိုဆူအဲမှာ တချိန်ကချစ်ကြိုက်ခဲ့ဖူးတဲ့ ဖရန်စစ်စကာလို့အမည်ရတဲ့ မိန်းကလေးတဦးရှိခဲ့ဖူးတယ်။ ဖရန်စစ်စကာဟာ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မြင်သူတကာငေးရတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတဦးဖြစ်တယ်။ ဒါပေမဲ့ သူမဟာ အထီးကျန်ရတာကိုမုန်းတယ် ကြောက်တယ်။ဂျိုဆူအဲပြန်ရောက်လာတဲ့အချိန်မှာ မြို့ငယ်လေးဟာ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘဲ ဆက်လက်ငြိမ်သက်နေပေမဲ့ သူချစ်ခဲ့ဖူးတဲ့မိန်းကလေးဖြစ်တဲ့ ဖရန်စစ်စကာကတော့ မြို့တော်၀န်အဖြစ်‌၀င်ရောက်ရွေးချယ်ခံဖို့ရှိနေတဲ့ မြို့တော်၀န်လောင်း ဗယ်လ်မီနဲ့ လက်‌ထပ်တော့မှာပါ။တရက်မှာ ဂျိုဆူအဲရဲ့ရဲစခန်းဆီကို သတင်းတခုပို့လာပါတယ်။ ဒီသတင်းကတော့ မြို့တော်၀န်လောင်းဖြစ်တဲ့ဗယ်လ်မီတယောက် မြို့ပြင်က မြေရိုင်းမှာ ...
movie

As Verdades (2022)

World’s First Christmas (2023)
World’s First Christmas (2023) ဒီတစ်ခါမှာလည်း နောက်ထပ် ခရစ္စမတ်ဇာတ်ကားအသစ်ကလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ဘရာဇီးကားလေးပါဇာတ်လမ်းလေးကတော့သမီးနှစ်ယောက်ဖေဖေ ပိပ် နဲ့ သားနှစ်ယောက်မေမေတီနာတို့ဟာ လက်ထပ်ထားပြီး မိသားစုအသစ်ထူထောင်ထားကြပါတယ် မိသားစုနှစ်စု အတူတူပြောင်းနေရတဲ့အခါ ကလေးတွေကြားမှာအဆင်မပြေမှုတွေဖြစ်လာပြီး သူတို့ရဲ့ခရစ္စမတ်ပွဲဟာ အကျည်းတန်ခဲ့ပါတယ် အဲ့ဒါကြောင့် သမီးငယ်မာဂျူးဟာ စိတ်ဆိုးပြီး "ခရစ္စမတ်ကိုမုန်းတယ် ခရစ္စမတ်ကြီးပျောက်သွားပါစေ''ဆိုပြီးဆုတောင်းလိုက်ပါတယ် သူမရဲ့ဆုတောင်းဟာအမှန်တကယ်ဖြစ်လာပြီး သူမရဲ့မိသားစုကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ခရစ္စမတ်ဆိုတာဘာမှန်းမသိအောင်မေ့သွားပါတော့တယ်သူတို့မိသားစုဝင်တွေအားလုံးပေါင်းပြီ လူတွေကို ခရစ္စမတ်ကိုပြန်မှတ်မိအောင် ကြိုးစားကြပါတော့တယ် သူတို့တွေ အဆုံးသတ်မှာ ခရစ္စမတ်ကို ပြန်ရောက်လာအောင်လုပ်နိုင်မလားဆိုတာတော့ ဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုလိုက်ပါဦး File size…(2.0 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

World’s First Christmas (2023)

Dad Rocks(2022) 6.7
Dad Rocks(2022) Dad Rocks(2022)***************ချစ်သူရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝ မတူသလို နှစ်ယောက်တည်းအိမ်ထောင်သည်ဘဝနဲ့ ကလေးရှိလာတဲ့အိမ်ထောင်သည်ဘဝကလည်း မတူပါဘူး ကလေးတစ်ယောက်ပြုစုပျိုးထောင်ရတာ မလွယ်ကူပါဘူးပိုပြီးကုန်ကျစရိတ်များသလို တာဝန်ကလည်း ပိုလာတာပါ ဒါပေမယ့်သူတို့လေးတွေတဖြည်းဖြည်း လူလားမြောက် ကြီးပြင်းလာတာကို မြင်ရတဲ့ ကြည်နူးမှု ကလည်း ဘာနဲ့မှမလဲနိုင်ပါဘူး မိဘတွေက သူတို့ကလေးတွေကို အကောင်းဆုံးဆိုတာပဲ ပေးချင်ကြတာ သဘာဝပါအဖေတစ်ယောက်ဖြစ်ဖို့ကလွယ်ပါတယ် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့သာ ခက်တာပါဖခင်တစ်ယောက်ရဲ့အခန်းကဏ္ဍက ငွေရှာပေးယုံနဲ့မပြီးပါဘူး မိခင်တွေအရေးပါသလိုပဲဖခင်တွေဟာလည်း သားသမီးတွေအတွက်အရေးကြီးပါတယ် ကလေးထိန်းအိမ်မှုကိစ္စအလုပ်တွေဟာ မိန်းမတွေတာဝန်ချည်းပဲ မဟုတ်သလို ယောက်ျားတွေအနေနဲ့ အိမ်ထောင်တာဝန်ကို ကူညီဖို့လိုအပ်ပါတယ်ဒီဇာတ်ကားလေးမှာဆိုရင် တွမ်နဲ့အယ်လီဆာတို့ရဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးလေးက ကလေးတစ်ယောက်ပထမဆုံးရတဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ဘယ်လိုရယ်စရာလေးတွေ တွေ့ရတတ်သလဲဆိုတာကိုရိုက်ကူးတင်ဆက်ပြထားတာပါ ကလေးရပြီးနောက်ပိုင်း ယခင်လိုလွတ်လွတ်လပ်လပ် နေလို့မရနိုင်တာတော့ ငြင်းလို့မရတဲ့အချက်ပါ ပျော်ရွှင်စရာမိသားစုဘဝဆိုတာ ဘာမျိုးလဲဆိုတာ လှလှပပလေးရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါFile Size :(1.6GB) and (746MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ‌AOI Encoded ...
movie

Dad Rocks(2022)

Lower City (2005) 6.5
Lower City (2005) Lower City (2005) ============== IMDb Rating - 6.5/10ဒယ်ဒင်ဟိုနဲ့ဒီကိုဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ထဲက ခင်လာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပဲဖြစ်ပါတယ်။ တစ်ယောက် ကကြက်တိုက်ရတာကြိုက်ပြီး တစ်ယောက်က လက်ဝှေ့ထိုးပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်စပ်တူပိုင်တဲ့လှေပေါ်မှာပဲ ရရာအလုပ် လေးလုပ်ပြီး အတူနေလေ့ရှိပြီး မိန်းမတစ်ယောက်ကိုတောင် နှစ်ယောက် မျှကြတဲ့ ညီအကိုတွေလိုခင်ကြပါတယ်။တစ်နေ့မှာတော့ ကရီနာဆိုတဲ့ ညည့်ငှက်ကလေးနဲ့ နှစ်ယောက်သားစုံ ကြပြီး ခါတိုင်းလိုမျှဝေကြရာကနေ ညီအကိုလိုခင်တဲ့သူငယ်ချင်းတွေမှာ ညည့်ငှက်ကလေးကို ကြိုက်မိကုန်ကြပြီး သူငယ်ချင်းနှစ်ယောက်လုကြရင်း ဘယ်သူနဲ့နောက်ဆုံးမှာ ရသွားမလဲဆိုတဲ့ ဇာတ်ကြောင်းလေးကို ဇာတ် အိမ်တည်ထားတာပါ။ ဘယ်လောက်ပဲခင်ခင် ညီအကိုတွေထပ်ပိုရင်းနီး နေပါစေ မိန်းကလေးတစ်ယောက်နဲ့ပတ်သတ်လာတဲ့အခါ အခုလိုရန်သူ တွေပါဖြစ်နိုင်တယ်ဆိုတဲ့ message လေးကိုပေးထားတာမို့ အားလုံး ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(အဖော်အချွတ်အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်)File Size..........(2.17 GB) / (846 MB) / (529 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......momo Encoder..........SWM
movie

Lower City (2005)

2005