Channel Myanmar

Lê Khanh

The Ideal Squad (2023)
The Ideal Squad (2023) The Ideal Squad (2023)comedy fanတွေအတွက် ဗီယက်နမ်ဟာသဇာတ်လမ်းကောင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ခဝေးတစ်ယောက် သွမ့်ဆိုတဲ့ သူမရဲ့အရင်ယောကျာ်းကောင်းမှုကြောင့် ထောင်နန်းစံခဲ့ရတယ်။ သူ ပြန်လွတ်လာချိန်မှာ သွမ့်က ဂျူဝဲလ်ဆိုတဲ့အမျိူးသမီးနဲ့ လက်ထပ်ဖို့ပြင်နေပြီ။ အဲ့ဒီအမျိူးသမီးကို တင်တောင်းတာကလည်း ခဝေးအမေ ခဝေးကိုအမွေပေးခဲ့တဲ့လည်ဆွဲနဲ့။ ဒါပေမယ့် လည်ဆွဲက အစစ်မဟုတ်ဘူး။ ခဝေးနဲ့သွမ့်ရဲ့သမီးလေးကိုလည်း သွမ့်ကပဲခေါ်ထားတယ်။ ဒီတော့ ခဝေးနဲ့ သူမငယ်သူငယ်ချင်း ဟောင်ဖုန်းဟာ သွမ့်နဲ့ဂျူဝဲလ်တို့မင်္ဂလာဆောင်မှာ လည်ဆွဲကိုခိုးပြီး သွမ့်ကိုဖော်ကောင်လုပ်ဖို့၊ ပြီးရင် ခဝေးရဲ့သမီးလေးကို ပြန်ခေါ်ဖို့အတွက် planတွေဆွဲကြတယ်။ ဒါပေမယ့် ဒီplanထဲမှာ မထင်မှတ်ဘဲ ပါလာတာက.... သူခိုးဆီက ဘုမသိဘမသိနဲ့ရလိုက်တဲ့ ဆွီဒင်ကြက်ဖကြီးကို ကင်စားမိလို့ ငွေတစ်ဘီလီယံအကြွေးဆပ်နေရတဲ့ ဗရုတ်သုတ်ခမိသားစုတစ်စု။ ဒီလိုနဲ့ ကပေါက်တိကပေါက်ချာ မိသားစုရယ်၊ ခဝေးတို့သူငယ်ချင်းနှစ်ယောက်ရယ်ပေါင်းပြီး ဘယ်လိုတွေလောင်းကျော်မလဲ၊ planချထားတာတွေ ရှောရှောရှူရှူဖြစ်လာမလား၊ ဂျူဝဲလ်ကရော လူတွေထင်သလို စိတ်နှလုံးကောင်းတဲ့သူလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာလိုက်ပါ။အာရှဟာသကားတွေကြိုက်တတ်ရင် ဒီဗီယက်နမ်ကားလေးကိုလည်း နှစ်ခြိုက်သဘောကျပါလိမ့်မယ်နော်~အညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…  ...
movie

The Ideal Squad (2023)

Camellia Sisters (2021)
Camellia Sisters (2021) Camellia Sisters (2021)ဒီဇာတ်ကားလေးကတော့ မတည့်အတူနေညီမ ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ ဟာသဆန်ဆန်ဗီယက်နမ်ရုပ်ရှင်လေးပါကမဲလီးယားပန်းဥယျာဥ်အိမ်ရာမှာ နေထိုင်ကြတဲ့ လိုင်မိသားစုက မိန်းမတွေက ဥယျာဥ်ထဲမှာ ကမဲလီးယားပန်းအနီပွင့်မှသာ လက်ထပ်နိုင်မယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိလေတယ်၊ အစ်မကြီးအမိရာဖြစ်တဲ့ "ဟာ" လည်း အပျိုကြီးဖြစ်သလို အစ်မလတ် "ဟုန်" နဲ့ အငယ်ဆုံး "လင့်" ပါ အပျိုကြီးတွေ ဖြစ်ကြတာပေါ့ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့စည်းမျဥ်းဟာ နောက်ကွယ်က လျှို့ဝှက်ချက်‌တွေကို ဖုံးဖိထားဖို့ အပေါ်ယံမျက်နှာဖုံးဆိုတာကို သိလိုက်ရတဲ့အခါ....အတွင်းရေးပြဿနာကိုယ်စီရှိကြတဲ့ ညီအစ်မ ၃ယောက်အကြောင်းကို ဟာသနှောရိုက်ကူးပြသထားလို့ အပျင်းလည်းပြေသလို မိန်းမတွေက အချစ်ရေးဘဝမှာ အရှုံးဘက်ကသာ ဖြစ်တယ်ဆိုတာကိုလည်း ခံစားထိမိအောင် ရိုက်ပြထားလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jinzel ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.6GB | 948MB | 418MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar ...
movie

Camellia Sisters (2021)

2021
My Father Is a Playboy (2022) 6.7
My Father Is a Playboy (2022) My Father Is a Playboy (2022)အညွှန်း********************************** ‌၂၀၂၂ အောက်တိုဘာ ၃၀ ကမှ ထွက်ရှိထားပြီး "Instructions Not Included" ဆိုတဲ့Mexican ဇာတ်ညွှန်းအပေါ် မှီငြမ်းထားတာပါ။နာမည်အတိုင်းပဲ ကွမ်က အရမ်းကိုမှ အရမ်း ပွေရှုပ်တတ်တဲ့သူတစ်ယောက်ပါ စကားလှလှလေးတွေနဲ့ မိန်းကလေးတွေကို သိမ်းပိုက်တတ်သူမျိုး တစ်နေ့တော့ ထုံးစံအတိုင်းမိန်းကလေးတစ်ယောက်နဲ့ ချစ်စကားဖောင်ဖွဲ့နေတုန်း လိုင်ဆိုတဲ့ မိန်းကလေးက သူ့ဆီ ကလေးကြီးထားပြီး ထွက်ပြေးသွားလေရဲ့..အရင်ရည်းစားဟောင်းလိုလို မိန်းမဟောင်းလိုလို လိုင်ရဲ့ "သူက ရှင့်ကလေး" ဆိုတဲ့စကားတစ်ခွန်းကြောင့်ကွမ်ခမျာ ကလေးကြီးတန်းလန်းနဲ့ ကျန်ခဲ့ပါတော့တယ်။တစ်ဘဝလုံး မိန်းမမှ မိန်းမပဲလိုက်စားရင်း ကလေးတစ်ယောက်ကောက်ရလိုက်တဲ့ ကွမ်ဟာသူ့သူငယ်ချင်းမိသားစုအကူအညီနဲ့ ကလေးပိစိလေးကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာပါတော့တယ်...အဲ့ဒီနောက်မှာတော့....  File Size :(1.5GB)(759 MB) and (371 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:28:00 Genre : Comedy , Family, Drama Subtitle : Myanmar ...
movie

My Father Is a Playboy (2022)

The Royal Bride 5..1
The Royal Bride The Royal Bride (2020)ဒီတစ်ခါတော့ ပရိသတ်အတွက် အရသာအသစ် ရနိုင်မယ့် ဗီယက်နမ် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ခုနောက်ပိုင်း အာရှကားတွေထဲမှာ ဗီယက်နမ်ကားတွေလည်း အတော်အတန် အဆင့်ရှိလာတာကို တွေ့ရပါတယ်။ ဒီကားလေးလည်း ရိုက်ချက်တွေရော ဇာတ်လမ်းတင်ပြပုံရော အတော်လေး ကောင်းတာကို တွေ့ရပါတယ်။ တော်တော်လေးလည်း တခမ်းတနားနဲ့ ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ တော်ဝင် သတို့သမီး တစ်ယောက်အကြောင်းပေါ့။မင်းသမီးက ကူယင် ဆိုတဲ့ တီဗွီအစီအစဉ် တင်ဆက်သူပါ။ သူ့အစီအစဉ်က အတင်းအဖျင်းတွေကို ဖော်ထုတ်တဲ့ Showbiz Face-off ဆိုတဲ့ အစီအစဉ်ပါ။ သူ့အစီအစဉ်ကို စုံတွဲလာရင် ကွဲတယ်။ သူငယ်ချင်းတွေ လာရင် ရန်ဖြစ်ကြတယ်။ ဒီလို အစီအစဉ်မျိုးပေါ့။မင်းသားကတော့ ဂျက်လို့ နာမည်ရတဲ့ တော်ဝင်မျိုး တော်ဝင်နွယ် တစ်ယောက်ပေါ့။ ဒီတော့ ဂျက်ရဲ့အမေက ဂျက်ကို ကူယင်နဲ့ သဘောမတူနိုင်ပါဘူး။ ဒါပေမယ့် ဂျက်ရဲ့အမေကလည်း တစ်ခေတ်တစ်ခါက နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီးပါ။ သူ ဘာလို့ သဘောမကျရတာလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရပါမယ်။ဂျက်ရဲ့အမေက ဂျက်ကို ဇာတိမြို့ ...
movie

The Royal Bride

2020