Channel Myanmar

Lee Choon-yun

The Terror Live(2013) 7.5
The Terror Live(2013) The Terror Live(2013) အညွှန်း*************************IMDb...7.5ယွန်းယောင်ဟွာဟာ နာမည်ကြီးသတင်းတင်ဆက်သူဖြစ်ခဲ့ပေမယ့်သူရဲ့လာဘ်စားတယ်ဆိုတဲ့သတင်းကြောင့် ရေဒီယိုတင်ဆက်သူအနေနဲ့ ရာထူးချခံထားရပါတယ် ...တစ်နေ့မှာ ရေဒီယိုကနေ အစီအစဉ်တင်ဆက်နေတုန်း မာဖိုတံတားကို ဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်တဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါတယ် ...အစပိုင်းမှာတော့ စနောက်တယ်ထင်ပြီး ဖောက်ခွဲလိုက်လို့ ပြောခဲ့ပါတယ် ...အကြမ်းဖက်သမားဟာတကယ်ပဲ ဖောက်ခွဲပြလိုက်တဲ့အခါမှာတော့အားလုံးကထိတ်လန့်ကုန်ကြပါတယ်..ဒီအခြေအနေက သူ့အတွက် သတင်းတင်ဆက်သူနေရာကို ပြန်ရနိုင်မယ့်အခွင့်အရေးပဲဆိုပြီး ရဲကိုအကြောင်းမကြားဘဲ သူ့ရဲ့အထက်လူကြီးနဲ့တိုင်ပင်ပြီး သူတို့အစီအစဉ်ကို ကြည့်သူရှုသူများအောင်လုပ်မယ်ဆိုပြီး ညှိနှိုင်းမှုလုပ်ကြပါတယ်...အကြမ်းဖက်သမားနဲ့လည်း သဘောတူညီမှုတွေ လုပ်ခဲ့ကြပြီးတစ်နိုင်ငံလုံး ကြည့်ရှုနိုင်ဖို့ သူတို့ဖုန်းပြောတာကို တိုက်ရိုက်ပြသခဲ့ပါတယ် ...သူ့ရဲ့  တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ဟာ အကုန်လုံး ပြဿနာအကြီးကြီးတက်ဖို့ဖြစ်လာပါတော့တယ်...ဒီကားက ကိုရီးယားရဲ့နာမည်ကြီးမင်းသားဖြစ်တဲ့ Ha Jung-woo အဓိက ပါဝင်ထားပြီးအခြားနာမည်ကြီ:သရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဇာတ်လမ်းဟာ အစမှ အဆုံးထိ ဇာတ်ရှိန်ကျမသွားသလိုရင်တထိတ်ထိတ်နဲ့ကြည့်ရအောင်မြိုင်ဆိုင်လွန်းလှတယ်...လူတွေရဲ့သဘော တွေ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ အမြတ်ထုတ်မှုတွေအကြောင်းရိုက်ပြထားသလိုဘက်ဂျက်လည်းအတော်ကုန်ကျခံထားတဲ့ဇတ်ကားဖြစ်တယ်...ဒါ့ကြောင့်  ရုံတင်ပြီးပြီးချင်း ၆ရက်မှာပဲ လက်မှတ်အ​စောင်ရေ ၂မီလီယံရောင်းချခဲ့ရပြီးBox Officeမှာလည်း ဒုတိယအနေရာအထိရောက်ရှိခဲ့ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Estel ဖြစ်ပါတယ်..    File Size : (1.8GB)(921 MB) and ...
movie

The Terror Live(2013)