Channel Myanmar

Lee Eung-jae

The Case of Itaewon Homicide (2009)
The Case of Itaewon Homicide (2009) The Case of Itaewon Homicide (2019)ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ ၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။ နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်​စင်​ခန်းဝင်မယ်ဆိုပြီး ဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက် ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။ ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။ အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ ...
movie

The Case of Itaewon Homicide (2009)

Antique(2008) 7.0
Antique(2008) Antique(2008)**************အလောင်ကားတွေပဲကြည့်နေလို့ ပူလောင်နေရရင် ဒီ comedy, romance, friendship အမျိုးအစားဖြစ်တဲ့LGBT movie လေးကိုကြည့်ကြည့်ကြပါ။၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး rating လည်းကောင်းပါတယ်။ cast တွေကလည်းရှယ်ပါပဲ။ဇာတ်လမ်းကတော့ လူပေါ်ကြော့သူဌေးသားလေးဂျင်ယော့ဟာ ကိတ်မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ဖြစ်ခဲ့ပါတယ်။ကိတ်မုန့်ဆိုင်မှာကိတ်မုန့်ဖုတ်မယ့်သူရှာရင်းနဲ့ သူ့ကိုအထက်တန်းတုန်းက crush ခဲ့တဲ့မင်ဆွန်းဝူနဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။ မင်ဆွန်းဝူကတော့ ‘နတ်ဆိုးလိုဆွဲဆောင်မှုရှိတဲ့ဂေး’ ဆိုပြီးတော့တင်စားကြရလောက်အောင်ကို သူနဲ့တွေ့သမျှယောက်ျားတိုင်းက သူ့ရဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။သူတို့နှစ်ယောက်တည်းအလုပ်လုပ်နေရင်းနဲ့ လက်ဝှေ့ကစားသမားဟောင်းယန်းဂီဘုံးနဲ့ဆူယောင်းဆိုတဲ့ဘော်ဒီဂတ်ကပါ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ဖြစ်လာပါတယ်။စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ယောက်ျားလေးယောက် တစ်ဆိုင်တည်းမှာအလုပ်လုပ်ရင်းနဲ့သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲ၊ အချင်းချင်းရဲ့စိတ်ဒဏ်ရာကို ဘယ်လိုကုစားပေးကြမလဲ။ရန်တကျက်ကျက်ဖြစ်ရင်း ရင်းနှီးသွားကြတဲ့ သူတို့တွေကြားကrelationship လေးကို အခွီတွေ၊ အငိုတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။File Size :(1.9GB) and (897MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Antique(2008)

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)