Channel Myanmar
Lee Jung-hyun
Limit (2022)
Limit (2022) Limit (2022) ပိုကြည်တဲ့ WEB-DL version ထွက်လာလို့ update ပေးထားပါတယ်ခင်ဗျာ Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ?ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။)File Size          : 1.4GB, ...
movie
Limit (2022)
2022
Sunset in My Hometown (2018) 6.5
Sunset in My Hometown (2018) SUNSET IN MY HOMETOWN (2018) - အညွှန်း"ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို့ ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ"မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြို့ကိုပြောင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ "Show Me The Money" ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို freestyle 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။ ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ၊ ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း၊ မွေးရပ်‌မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။အညွှန်းကိုတော့ Shin Shin ...
movie
Sunset in My Hometown (2018)
The Admiral: Roaring Currents (2014) 7.1
The Admiral: Roaring Currents (2014) The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie
The Admiral: Roaring Currents (2014)
2014
Decision to Leave (2022) 7.6
Decision to Leave (2022) Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie
Decision to Leave (2022)
2022
Alice in Earnestland (2015) 6.8
Alice in Earnestland (2015) Alice in Earnestland (2015) ဒီဇာတ်လမ်းကတော့ ဂျောင်ဆူနမ်လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘ၀အစိတ်အပိုင်းတစ်ခုအကြောင်းလို့ ပြောလို့ရပါတယ်.. ဇာတ်လမ်းရဲ့အစမှာ အဲ့ဒီအမျိုးသမီးဟာ အခမဲ့အကြံပေးခြင်း၀န်ဆောင်မှုပေးတဲ့ ရုံးခန်းကိုရောက်လာပြီး အဲ့ဒီမှာပဲ သူမဘ၀အကြောင်းကို စတင်ပြောပြခဲ့ပါတယ် စိတ်၀င်စားဖို့ကောင်းတဲ့ သူမရဲ့ဇာတ်လမ်းအစဟာ ဆယ်ကျော်သက်အရွယ်မှာပဲ စတင်ခဲ့တယ်ဆိုပါတော့ အလယ်တန်းနောက်ဆုံးနှစ်ပြီးတဲ့အချိန်မှာ အထက်တန်းပဲဆက်တက်ရမလား စက်ရုံတစ်ခုမှာပဲ အလုပ်၀င်ရမလားဆိုပြီး ဒွိဟဖြစ်နေခဲ့ပါတယ် တစ်ယောက်တည်းခက်ခဲပင်ပန်းစွာ နေလာခဲ့ရတဲ့သူမဘ၀ဟာ သိပ်ချစ်ရတဲ့အမျိုးသားနဲ့တွေ့ဆုံပြီးနောက်မှတော့ အနည်းငယ် ပျော်ရွှင်စရာကောင်းလာခဲ့သလိုပါပဲ အကြားအာရုံချို့တဲ့နေတဲ့အမျိုးသားကြောင့် သူတို့နှစ်ယောက်ရဲ့အိမ်၀ယ်မယ့် ပိုက်ဆံဟာ ခွဲစိတ်မှုအတွက် ဖြစ်လာခဲ့ပါတယ် ကံဆိုးမှုက အဲ့ဒီမှာတင် ရပ်မနေခဲ့ပါဘူး ခွဲစိတ်မှုပြီးတဲ့နောက်မှာပဲ အမျိုးသားဟာ မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ဟာ သုံးမရတော့တဲ့အထိ ဖြစ်သွားခဲ့ပါတ အလုပ်မလုပ်နိုင်တော့တဲ့ယောက်ျားဖြစ်သူကြောင့် အိမ်အတွက် ပိုက်ဆံရှာဖို့က သူမတာ၀န် ဖြစ်လာခဲ့ပါတယ် ပိုက်ဆံရဖို့အတွက် အလုပ်ပေါင်းစုံ မညည်းမညူဘဲ လုပ်ခဲ့တယ်. တစ်ရက်မှာတော့ သူတို့နေတဲ့ မြေနေရာကို စီမံကိန်းအသစ်တစ်ခုနဲ့ ပြန်လည်တည်ဆောက်ဖို့ အကြောင်းဖန်လာတဲ့အခါ.. သေကြောင်းကြံပြီး ကိုမာဖြစ်သွားတဲ့ ခင်ပွန်းသည်အတွက် ပိုက်ဆံလိုနေတဲ့ သူမ.. စီမံကိန်းရဲ့ကန်ထရိုက်ကခိုင်းတဲ့ အလုပ်ကို ကြိုးစားဆောင်ရွက်ရင်း သူမဘာတွေကြုံတွေ့လာရမလဲ ဇာတ်ကားတစ်ကားလုံး အချိတ်အဆက် မိမိနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတာမို့ အားလပ်တဲ့အချိန်မှာ အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ File Size - 1GB ,548MB Quality - 1080P, 720P Subtitle - Myanmar (Hardsub) Translator - Thiri Lwin Encoder - August
movie
Alice in Earnestland (2015)
2015
The Night of the Undead 4.8
The Night of the Undead Night of the Undead (2019) ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ Sci-fi Thriller အမျိုးအစားကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆိုအီဆို တဲ့ မိန်းကလေးဟာ မန်းဂီးဆိုတဲ့ လက်ထပ်ပြီးအိမ်ထောင်သည်ဘဝကိုပျော်မွေ့နေသူတစ်ယောက်ပါ ဒါပေမယ့် သူမအမျိုးသားမှာ ထူးဆန်းတဲ့အကျင့်တစ်ခုရှိပါတယ် အမြဲအလုပ်များနေတတ်ပြီး ဘယ်လောက်အလုပ်များများ အနားမယူတတ်တာပါ တစ်ခါတစ်လေ ဒီ အပြုအမူတွေကြောင့်ဆိုအီကသူယောကျ်ားကို လူသားတစ်ယောက်လို့ မခံစားမိတော့အောင်ဖြစ်လာပါတယ် ဒါကြောင့်သူမအမျိုးသား ဘာတွေလုပ်နေတယ်ဆိုတာကို အလွတ်စုံထောက်တစ်ယောက်ကိုငှားပြီး နောက်ယောင်ခံစေခဲ့ပါတယ် အဲ့ဒီအခါမှာ သူမအမျိုးသားဟာ သူမအရင်ကလက်ထပ်ထားသူတွေ ရှိနေခဲ့ပြီး အဲ့ဒီမိန်းမတွေကလည်း ပုံစံတူသေဆုံးခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ် သူမယောက်ျား က ဘယ်လိုလူမျိုးလဲ အစပိုင်းမှာတော့မိန်းမကိုအရမ်းချစ်တတ်ပြီး ကြင်နာတတ်တဲ့ယောက်ျားရဲ့နောက်ကွယ်ကအဖြစ်မှန်ကဘာလဲဆို တာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ Sci fi ကားကြိုက်တတ်သူတွေအတွက် ပျင်းစရာ မကောင်းပဲ စိတ်ဝင်စားစရာကြည့်ရမယ့်ကားလေး ဆိုလည်းမမှားပါဘူး Translated by : Moe Pwint Encoded by : Thit San Khant
movie
The Night of the Undead
2019
Love, Again(2019) 6.0
Love, Again(2019) Love, Again(2019)လက်ထပ်ထားတဲ့ မိန်းကလေးရဲ့ ရူးကြောင်ကြောင် အပြုအမူတွေကို စိတ်ပျက်ပြီး ခင်ပွန်းဖြစ်သူ ဟျွန်းအူတစ်ယောက်ကွာရှင်းချင်လာတယ်.... ဘယ်အပြုအမူဖြစ် နားရင်းကြီးပိတ်အုပ်ချင်စရာက ကြာလေဖြစ်လာလေပဲ....နှုတ်ခမ်းပါးပါး ထွက်တဲ့စကားတိုင်းက အရင်ကချိုမြနေပေမယ့် နောက်ပိုင်းတော့ ပါးစပ်ကိုတိပ်ကပ်ပေးထားချင်လာတယ်..သို့ပေမယ့်လည်း ဇနီးဖြစ်သူကတော့ ကွာရှင်းမပေးချင်ဘူး...နောက်ပိုငး်တော့ ကွာရှင်းပေးဖို့ဖြစ်လာတော့တယ်...ဒီလိုကွာရှင်းပြီးမှပဲ ဇာတ်လမ်းစပါတော့တယ်..ဒီကားက နာမည်ကြီးမင်းသားမင်းသမီးတွေသရုပ်ဆောင်ထားပြီးတော့ ရယ်လည်းရယ်ရသလိုသဘောကျစရာလည်းကောင်းပါတယ်...ခံစားကြည့်ကြပါဉီး...File Size :(889 MB) and (320 MB) Quality : FHDRip 720p Format…mp4 Duration…01:54:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie
Love, Again(2019)
Peninsula – Train to Busan 2 (2020) 6.0
movie
2020
GANG (2020)
GANG (2020) (Unicode)ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးကို ကျောင်းသား Fighting ခပ်ကြမ်းကြမ်းကားလေးဖြစ်တဲ့ Gang နဲ့မိတ်ဆက်ပေးချင်ပါတယ်။မင်းသား Cha Ji Hyuk ကအဓိကဇာတ်ဆောင်ဖြစ်ပြီး သူ့ကာရိုက်တာကတော့ခပ်မိုက်မိုက်နဲ့ဆွဲဆောင်မှုရှိတဲ့ ကျောင်းသားဇိုးလေး ဂျီဟူအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးအမျိုးအစားကတော့ Action ကားပါ။ဇာတ်လမ်ူအကျဉ်းက ဂျီဟူဆိုတဲ့အထက်တန်းကျောင်းသားလေးက မိဘတွေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်တဲ့အပြင်အစ်မရဲ့အုပ်ထိန်းမှုအောက်မှာမောင်နှမနှစ်ယောက်တည်းနခဲ့ရလို့ နည်းနည်းဇွတ်တရွတ်နိုင်တဲ့ အပြင် ကျောင်းကရန်ဖြစ်ပွဲတိုင်းလည်း သူကထိပ်ဆုံးကပါပါတယ်။နောက်ဆုံးတော့ကျောင်းအုပ်ကသည်းမခံနိုင်လို့ သူကို ကျောင်းသားဆိုးတွေစုဝေးရာ ကျောင်းတစ်ကျောင်းကိုပြောင်းပေးလိုက်တယ်။အဲ့ကျောင်းကလူငယ်ပြုပြင်ရေးစခန်းလိုနေရာမျိုးပေါ့။ဒယ်ဟုန်းအထက်တန်းကျောင်းလို့ခေါ်တယ်။အဲ့မှာအဆိုးတကာ့အဆိုးဆုံးဆိုတဲ့ကျောင်းသားတွေစုဝေးရာ ထောင်ပုံစံကျောင်းတစ်ကျောင်းလို့လည်းပြောကြတယ်။အဲ့ကိုဂျီဟူရောက်သွားချိန်မှာတော့ အဲ့ဒီကကျောင်းသားတွေက ထင်ထားသလိုပရမ်းပဒါရန်ဖြစ်နေတာမျိုးမဟုတ်ပဲစည်းကမ်းနဲ့လက်ဝှေ့ကလပ်ထောင်ပြီး မကျေနပ်တဲ့သူကို တရားဝင်လောင်းကြေးနဲ့ ချိန်းထိုးကြတယ်။အဲ့မှာအနိုင်ရတဲ့သူကတော့ပြောရရင်ဆရာကြီးပေါ့။ဘယ်သူမှမထိရဲတော့ဖူး။အဲ့မှာဂျီဟူအနိုင်ယူရမယ့်လူသုံးယောက်ရှိတယ်။နံပါတ်၁ ဘတ်ဂီထယ် နပန်းသမားလက်ရွေးစင်ဟောင်း ချိန်းထိုးသမျှကျောင်းသားတိုင်းကို အရိုးကွဲအောင်ဆော်တဲ့သူ။နံပါတ် ၂ Hot Dog ခွေးရူးလို့သိထားကြတယ်။ရန်ဖြစ်လို့အရူးစိတ်ပေါက်လာရင်မဲမဲမြင်သမျှမလွတ်တမ်းထိုးတတ်လို့။နံပါတ်၃ ကျောင်းမှာအတော်ဆုံးလို့သတ်မှတ်ထားတဲ့သူ ရုပ်လေးချောပေမယ့် အတိုက်အခိုက်မှာတော်တယ်နာမည်ကြီးနေတဲ့ ဂွန်းချန်းရှစ်။အဲ့လိုသုံးယောက်ရှိတယ်။ဒါပေမယ့်အဲ့လက်ဝှေ့ကလပ်ကရာဇဝင်ရှိတယ်။ဒီသုံးယောက်မတိုင်ခင် အရမ်းကြမ်းအရမ်းဂေါ်တဲ့ ဘဲကြီးတပွေရှိခဲ့တယ်။နာမည်ကကျားကြီးခေါ် ဂျောင်းထယ်ဟိုတဲ့။သူမရှိတော့မှကျောင်းလက်ရွေးစင်အတော်ဆုံးတွေကိုရွေးဖို့ လက်ဝှေ့ကလပ်ဆိုတာဖြစ်လာခဲ့တာ။သူကမတော်တမှုတစ်ခုကြောင့် ကျောင်းသားလူမိုက်လောက ခေတ္တခနပျောက်ကွယ်သွားတယ်လို့ကြားရတယ်။သူထွက်သွားပြီးနောက်ပိုင်း လက်ဝှေ့ကလပ်ကဘယ်လိုဖြစ်လာမလဲ။ဂျီဟူကတော့အဲ့ကျောင်းမှာရေရှည်အဆင်ပြေပါ့မလား။ကျားကြီးကကောဘယ်ရောက်သွားပြီလဲ။ထိပ်တန်းသုံးယောက်ကိုကော ဂျီဟူတစ်ယောက် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုတော့Gang. ဇာတ်ကားလေးကိုပဲ Cm ...
movie
GANG (2020)
2020
The Divine Fury (2019) 6.7
The Divine Fury (2019) ဒီကားဟာ နာမည်ကြီး အတွင်းရေးမှုးကင်မ် ကားနဲ့လူတွေသိကြတဲ့Park Soe John ရဲ့ထပ်မံပြီးတော့ သဲသဲလှုပ်ဝန်းရံခံခဲ့ရတဲ့ကားပါဒီကားကိုရိုက်တဲ့ဒါရိုက်တာကလဲ သိပ်မကြာသေးခင်ကမှနာမည်ကြီးထားတဲ့ Midnight Runners ကားကိုရိုက်ထားတဲ့ဒါရိုက်တာ Kim Joo Hwanပါဟိုအရင်ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ခိုအားလား ဆိုတဲ့ကားကိုလဲသူပဲရိုက်ခဲ့တာပါဒီလိုမျိုးနာမည်ကြီးတွေရဲ့ပေါင်းစည်းမှုနဲ့ ကောင်းမကောင်းကတော့ကိုယ်တိုင်ကြည့်ပြီးမှပဲဆုံးဖြတ်ပါတော့ IMDB ကတော့ rating 6.5 ပေးထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့သားအဖ၂ယောက် အဖေလုပ်သူက သေခါနီးအချိန်မှာတကယ့်ကိုအားကိုးရာရှာတဲ့အနေနဲ့ဘုရားသခင်ထံဆုတောင်းပြီးသူ့အဖေက ပြန်မကောင်းလာပဲ တကယ်သေသွားတဲ့အခါဘုရားသခင်ကိုလဲ အယုံအကြည်မရှိတော့တဲ့ကလေးလေးတစ်ယောက် သူကြီးလာတဲ့အခါယုံကြည်မှုမရှိပဲကြီးပြင်းလာခဲ့ပေမယ့် ဘုရားသခင်ကိုနက်နက်ရှိုင်းရှိုင်းယုံကြည်မှရနိုင်တဲ့အရာတွေ သူ့ဆီကိုရောက်ရှိလာတဲ့အခါဘာတွေဖြစ်မလဲကတော့ မ spoil တော့ပါဘူးကြည့်ပါ အားရပါးရသာကြည့်လိုက်ကြပါပေးရတဲ့အချိန်နဲ့တော့တန်မှာပါဘာလို့ဆို ဘာသာပြန်ပေးတဲ့ကောင်မလေးကချောလို့ပါ(ဒီကားက English Sub က မမှန်သေးတဲ့အတွက် လုံးဝကွက်တိမမှန်သေးတဲ့English Sub ရဲ့လိုအပ်တဲ့ နေရာတွေကိုKorea စကားကို နားထောင်ပြီး အဆင်ပြေသလိုပြန်ထားရတဲ့အတွက်အမှားများပါခဲ့ပါက သည်းခံကြည့်ရှု့ပေးပါနော် ...)File Size : (1 GB , 231 MB)Quality :  WEB-DL 720pRunning Time ...
movie
The Divine Fury (2019)
2019
Split (2016) 7.1
Split (2016) ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 5.4 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ်ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု...သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီးအရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ်နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့သူတို့နှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့...ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့ရက်စက်မှုတွေလူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူမေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို့ အားပေးကြပါဥိး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)  File Size : (900 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2hr 3min Format : Mp4 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p ...
movie
Split (2016)
2016
The Battleship Island (2017) 7.3
The Battleship Island (2017) ကိုရီးယားရဲ့ စံချိန်တင် ၀င်ငွေချိုးခဲ့သလို အကောင်းဆုံးဇာတ်ကားအနေနဲ့လည်း မှတ်တမ်းတင်ခံထားရတဲ့ဇာတ်ကားလေးပါ။မင်းသားကြီးတွေဖြစ်တဲ့  Hwang Jung Min, So Ji sub တိုနဲ့အတူ Song Joong Ki အဓိကပါဝင်ထားပြီး မင်းသမီး Lee Jung Jyunတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။မင်းသားတွေကြောင့် နာမည်ကျော်တာမဟုတ်ဘဲ ဇာတ်ဆောင်အားလုံး  ဒီဇာတ်ကားကို အနောက်နိုင်ငံ ဈေးကွက်အထိပါ ဖြန့်ချီနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၃ နိုင်ငံမှာ ရုံတင်ပြသတဲ့အထိကို အောင်မြင်ခဲ့တဲ့ ကိုးရီးယား ဇာတ်ကားကောင်း။ဘတ်ဂျတ် USD ၂၁ သိန်းအထိ အသုံးပြု ရိုက်ကူးခဲ့ပြီး ပထမဆုံးရုံတင်ရက် ၅ ရက်အတွင်းကို အရင်းကျေခဲ့တဲ့ကားလေးပါ။  ဒီဇာတ်လမ်းကို ဟိုး ၁၉၄၅ ကိုလိုနီခေတ် ကိုးရီးယား ဂျပန်လက်အောက်ကို ကျရောက်စဉ်အခါက ဖြစ်ရပ်မှန်လေးတစ်ခုပေါ် အခြေတည်ပြီး ရိုက်ကူးထားပါတယ်။          အဲဒါကတော့ Battleship Island လို့ခေါ်တဲ့ ကျွန်းလေးတစ်ခုမှာ ...
movie
2017