Channel Myanmar

Lee Kyu-sung

On the Line (2021) 7.3
On the Line (2021) On the Line (2021)IMDb - 7.3/10Voice Phishing ဆိုတာ အသံနဲ့လိမ်လည်မှု တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲကျွန်မတို့မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး"အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ"လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန် အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း....လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း....ဒီအမှုကို ဟန်ဆောဂျွန်းနောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ On the line မှာကြည့်ရှုပေးကြပါဦးနော်Cast တွေကတော့ Byun Yo Han နဲ့ Woo Jin Ah တို့ပဲ ဖြစ်ကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Her latest blogGenre.....Action, Crime, Drama Quality….FHDRip 1080p and 720p and 480p File size…1.5GB ...
movie

On the Line (2021)

2021
Swing Kids (2018) 7.5
Swing Kids (2018) Swing Kids (2018) IMDb - 7.5/10_____Rotten - 63%  အကဝါသနာအိုများနဲ့ ကိုရီးယားဒရာမာ ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ၂၀၁၈ထွက် Swing Kids ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်… IMDb – 7.5/10 တောင်ရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်  Tap dance ဆိုတာ အမေရိကန်တွေကကြတဲ့ ဖိနပ်နဲ့ကြမ်းပြင်ကိုထိခတ်ဆော့ကစားပြီး စည်းချက်လိုက်ကရတဲ့ အကတစ်မျိုးပဲဖြစ်ပါတယ်..၊၁၉၅၀ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားစစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ်တို့ပါစစ်ပွဲထဲ ပါဝင်လာခဲ့ပြီးစစ်ပွဲကြောင့်ဖြစ်လာတဲ့ POW လို့ခေါ်ကြတဲ့ စစ်သုံ့ပန်း အကျဉ်းသားတွေကို ကိုဂျေကျွန်းပေါ်မှာ စခန်းတွေဆောက်ပြီး ထိန်းသိမ်းထားရှိခဲ့ကြပါတယ်…အဲ့ဒီအကျဉ်းသားတွေနဲအတူ အမေရိကန်စစ်သားတွေလည်း ကျွန်းပေါ်အတူရှိနေခဲ့ပြီး အထက်မှာပြောပြခဲ့တဲ့ဖိနပ်စည်းချက်လိုက်အကကို ရူးသွပ်တဲ့ လူမည်းအမေရိကန်စစ်သားတစ်ဦးပါ စစ်တပ်နဲ့အတူပါလာခဲ့ပါတယ်…တစ်နေ့ ကိုရီးယားကွန်မြူနစ်လူငယ်လေးတစ်ဦးဟာ လူမည်းစစ်သား အဲ့ဒီအကကနေတာကိုမြင်ပြီး စိတ်ဝင်စားသွားရာကနေအမေရိကန်နဲ့ပတ်သက်သမျှ တင်းကျပ်ထားတဲ့ ကွန်မြူနစ်လူ့အဖွဲ့အစည်းထဲမှာဒီအကကို လူငယ်လေးဘယ်လိုတတ်မြောက်ဖို့ကြိုးစားခဲ့သလဲ မြင်တွေ့ရမှာပါ….ဇာတ်ကားထဲမှာ အကတွေသီချင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်မြင်တွေ့ရမှာဖြစ်ပြီးဂီတဆိုတာ အယူဝါဒစည်းဘောင်တွေကိုကျော်လွန်ပြီး စီးဆင်းတယ်ဆိုတဲ့အချက်လေးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်…ကြည့်ရှုခံစားတော်မူကြပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ)  File Size : (981 MB) Quality ...
movie

Swing Kids (2018)

2018