Channel Myanmar

Lee Man-Tai

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Spiritual Kung Fu (1978) 5.7
Spiritual Kung Fu (1978)  ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ဒီလိုနဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Spiritual Kung Fu (1978)

Snake and Crane Arts of Shaolin (1978) 6.4
Snake and Crane Arts of Shaolin (1978)    သိုင်းလောကမှာ ကျော်ကြားတဲ့ သိုင်းကျောင်းရှစ်ကျောင်းရှိပါတယ်။ ကျင်းပနေကျ ဆောင်းဦးရာသီ သိုင်းပညာဖလှယ်တဲ့ပွဲတော် တစ်နှစ်မှာတော့ ဒီကျောင်းရှစ်ကျောင်းက ဆရာသခင်တွေက မတူညီကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ကိုယ်ခံပညာတွေကို စုပေါင်းပြီးတော့ ပြိုင်စံရှားတဲ့ မြွေကြိုးကြာပေါင်းစပ်ဟန် သိုင်းရှစ်ကွက်ကို တီထွင်လိုက်ပြီး သိုင်းကျမ်းစာအုပ်တစ်အုပ်ရေးသားပြုစုခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာရှစ်ဆူက အကြောင်းအရင်းမသိရဘဲ ဆိုင်းမဆင့်ဗုံမဆင့် လောကကြီးကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်အပြီး မကြာပါဘူး ကျောင်းတိုင်း ဂိုဏ်တိုင်းက လိုချင်တဲ့ မြွေကြိုးကြာသိုင်းကျမ်းဟာ ရင်ဖန်းဆုဆိုတဲ့လူငယ်တစ်ယောက်နဲ့အတူ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ရင်ဖန်းဆုက တစ်ပြည်နယ်လုံးက သိုင်းကျမ်းတပြပြနဲ့ လှည့်လည်သွားလာနေပြီး သိုင်းကျမ်းလိုချင်တဲ့လူတွေအားလုံးကို တိုက်ခိုက်အနိုင်ယူလျက်ရှိပါတယ်။ဒီအချိန်မှာ သိုင်းကျောင်းရှစ်ကျောင်းရဲ့ တပည့်တွေရော ဂိုဏ်းအသီးသီးကပါ စာအုပ်ကိုလိုချင်နေကြပြီး သူတို့ရဲ့ဆရာသခင်တွေ ဘာဖြစ်သွားတာလဲဆိုတာကို အသည်းအသန်သိရဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရင်ဖန်းဆုက ဘာလို့ သိုင်းကျမ်းတပြပြ လျှောက်သွားနေရတာလဲ သူ့ဆီမှာကရော ဘာလို့သိုင်းကျမ်းရှိနေတာလဲ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ ဆရာရှစ်ဆူကရော ဘာလို့ပျောက်ကွယ် သွားရတာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး ဂျက်ကီချန်းပရိသတ်တွေကတော့ ...
movie

Snake and Crane Arts of Shaolin (1978)