Channel Myanmar

Lee Sang-Yeob

The Flu (2013) 6.7
The Flu (2013) [Unicode]The Flu (2013)လက်ရှိဝူဟန်ဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာ ၂၀၁၃လောက်ကထွက်ထားတဲ့Flu လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဇာတ်လမ်းကတော့ တရုတ် ဖိလစ်ပိုင် စတဲ့မတူတဲ့နိုင်ငံတွေကနေကိုရီးယားကို တရားမဝင်လူကုန်ကူးတဲ့ကွန်တိန်နာပေါ်ကပါလာတဲ့ နိုင်ငံခြားသားလူမျိုးတွေဆီမှာ H5N1ဆိုတဲ့ဗိုင်းရပ်စ်အဖျားပိုးပါလာခဲ့တယ်...တောင်ကိုရီးယားဆိပ်ကမ်းကို ကွန်တိန်နာရောက်ရှိလာတဲ့အချိန်မှာ ကိုးရက်တာကြာခဲ့ပြီး ကိုးရက်တာအတွင်းအလုံပိတ်ကွန်တိန်နာထဲမှာရှိတဲ့အဖျားပိုးက ရောဂါအညစ်အကြေးဘာညာစတာတွေကြောင့် Avian Virusဆိုတဲ့တုတ်ကွေးဗိုင်းရပ်စ်အဖြစ်သန္ဓေပြောင်းခဲ့တယ် ၊နိုင်ငံတကာမှာ H5N1 ဝက်တုတ်ကွေးစတဲ့ဗိုင်းရပ်စ်တွေဖြစ်ပြီး လူအသေပျောက်ရှိခဲ့ပေမယ့် ရာသီတုတ်ကွေးလောက်သာဖြစ်ပြီး ကြီးကြီးမားမားဖြစ်ဖူးတာမျိုးမရှိတဲ့တောင်ကိုရီးယားနိုင်ငံ ဘူဒန်မြို့ကို ထိုဗိုင်းရပ်စ်ရောက်ရှိလာတဲ့အချိန်မှာတော့....ကန်ဂျီဂူးဆိုတဲ့ ကယ်ဆယ်ရေးအဖွဲ့ကဝန်ထမ်းလေးနဲ့ ရောဂါရှာဖွေရေးကဆရာမကင်အင်ဟေးနဲ့သမီးဖြစ်သူ ကင်မီရီဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ဒီဇာတ်လမ်းကိုပိုအသက်ဝင်အောင်ပုံဖော်ထားပါတယ် ။တစ်ကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ လက်ရှိ coronaဒဏ်ကိုအံတုနေရတဲ့ တရုတ်နိုင်ငံကြီးဘေးကင်းပါစေလို့ဆုတောင်းရင်း တင်ဆက်ပေးလိုက်ပါတယ်...။(အညွှန်းနဲ့ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် )File Size__(3GB) / (1.6B) Quality__Bluray_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:27:00 Type__Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie

The Flu (2013)

2013
A Man Who Was Superman(2008) 7.3
A Man Who Was Superman(2008) A Man Who Was Superman(2008)အညွှန်း**************************************IMDb...7.3Documentaryတွေ ရိုက်ကူးဖန်တီးတဲ့ ပီဒီ ဆုန်းဆူဂျောင်းဟာလခလည်း မရ ကြည့်ရှုနှုန်းလည်း နည်းတာကြောင့် လက်ရှိ အလုပ်ကနေ ထွက်ပြီးအာဖရိကကို သွားဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အာဖရိကမှာ ဝန်ထမ်းတွေခြင်္သေ့ကိုက်ခံရတာကြောင့် ရိုက်ကူးရေး ဖျက်သိမ်းလိုက်ရတဲ့ အချိန်မှာပဲ သူ့ကင်မရာ အခိုးခံလိုက်ရပါတယ်... သူခိုးကို လိုက်ဖမ်းရင် သူ့ကိုယ်သူ စူပါမန်းလို့ ပြောနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရပါတယ်.... စူပါမန်းဆိုတဲ့သူက သူတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကူညီနေပြီးကလေးတွေရဲ့ သူငယ်ချင်းလည်း ဖြစ်‌နေပါသေးတယ်.... ဒါကိုတွေ့ပြီး ရိုက်ကူးရေးလုပ်ဖို့ အကြံရသွားတဲ့ ဆူဂျောင်းဟာစူပါမန်းကို စတင်ချည်းကပ်ပါတော့တယ်... စူပါမန်းက သူ့ခေါင်းထဲကို လူဆိုးကောင်က ခရစ်ပတွန်နိုက် ထည့်သွားလို့ စွမ်းအားတွေသုံးလို့ မရတာလို့ ပြောခဲ့ပေမဲ့ ဆူဂျောင်းအတွက် ယုံတမ်းစကားလိုပါပဲ... ဒါပေမဲ့ သူပြောသလို စူပါမန်းရဲ့ ခေါင်းထဲမှာ အမည်မသိ အရာတစ်ခုက တကယ် ရှိနေခဲ့ပါတယ်...စူပါမန်းက ဘာဖြစ်လို့ ဒီအခြေအနေ ဖြစ်သွားရပြီး ...
movie

A Man Who Was Superman(2008)

The Day I Died: Unclosed Case (2020) 7.3
The Day I Died: Unclosed Case (2020) The Day I Died (2020)ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့် အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို စုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့ နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့ မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီး IMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကို အထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင် အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ် ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီး မတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင် အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက် သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ် ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ် ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ် ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီး အားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ...
movie

The Day I Died: Unclosed Case (2020)

2020
Ordinary People / The Villagers (2018) 5.8
Ordinary People / The Villagers (2018) လက်ဝှေ့ချံပီယံဟောင်း တစ်ဦးဖြစ်သူ ဂီချွဲသည် အနားယူပြီးနောက် ကျောင်းတစ်ခုမှာ အားကစားနည်းပြ ဝင်လုပ်ခဲ့သည် သို့သော် ကလေးတွေဗန်းပြပြီး ရံပုံငွေသဲ့ယူ ကလေးတွေကို မငှဲ့ညှာပေးတဲ့ လူကြီးတွေ နဲ့ ရန်ဖြစ်ပြီးနောက် ဂီချွဲရဲ့ မဟုတ်မခံစိတ်ကြောင့် အလုပ်ထွက်ခဲ့ရပြန်ပါတယ်... ဒီလိုနဲ့ နယ်မြို့လေး တစ်မြို့ က မိန်းကလေးသီးသန့် အထက်တန်းကျောင်း တစ်ခုမှာ ထပ်ပြီး အလုပ်ရခဲ့တယ် အားကစား နည်းပြဆရာ အဖြစ်နဲ့ပါ... မြို့ကို ရောက်ရောက်ခြင်းပဲ ဂီချွဲတစ်ယောက် တွေ့လိုက်ရတာကတော့ လူပျောက်ကြေငြာစာ တစ်ခုပဲ ဖြစ်ပါတယ်... အဲ့ဒီနောက် သူတာဝန်ကျတဲ့ မြို့ က အတော်ထူးဆန်းတာကိုလဲ သတိထားမိခဲ့တယ်... မြို့တင်ပဲလား ဆိုတော့ မကပါဘူး ကျောင်းမှာလဲ ဂီချွဲကို ဆရာလို လေးစားမယ့် တပည့် တစ်ယောက်မှ မရှိပါဘူး အဲ့ဒီထဲကမှ လူပျောက်ကြေငြာထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂန်ယူဂျင်း နဲ့ စတင်တွေ့ခဲ့ရပါတော့တယ် ယူဂျင်း ဟာ သူငယ်ချင်းဖြစ်သူ ရုတ်တရက်ပျောက်သွားတာကို တိုင်တန်းခဲ့ပေမဲ့ ဒီတိုင်း မြို့က ထွက်ပြေးသွားတယ်ဆိုကာ ရဲ နဲ့ ကျောင်းက အရေးမယူပဲ ဒီတိုင်း နေခဲ့ပါတယ်... ယူဂျင်း နဲ့ ဂီချွဲ ရင်းနှီးသွားသော အခါ ဒီကျောင်းက ကျောင်းသူတွေဟာ ခဏခဏ ပျောက်ဆုံးလျက် ရှိကြောင်း ဂီချွဲ သိခဲ့ပြီး နောက်မှာ ယူဂျင်း နဲ့ အတူ ...
movie

Ordinary People / The Villagers (2018)

2018
Penny Pinchers (2011) 6.7
Penny Pinchers (2011) Penny Pinchers (2011)_____IMDb - 6.7/10   ကိုးရီးယား ဆိုးလ်မြို့ကို အလုပ်လာလျှောက်ရင်း အလုပ်လက်မဲ့ဖြစ်နေရပေမယ့် ဘဝကိုပျော်ပျော်ပါးပါးပဲ ဖြတ်သန်းတတ်တဲ့မင်းသားနဲ့ လောကမှာ ပိုက်ဆံရှာဖို့ကလွဲလို့ ဘယ်အရာမှ စိတ်မဝင်စားတဲ့ မင်းသမီးတို့အကြောင်းကို တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် အခြေခံဘဝများကို ရိုးရိုးလေးတင်ဆက်ပေးထားတာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမယ့် ကားတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်   (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Tartee Poeပဲ ဖြစ်ပါတယ်)    ကိုးရီးယား ဆိုးလ်မြို့ကို အလုပ်လာလျှောက်ရင်း အလုပ်လက်မဲ့ဖြစ်နေရပေမယ့် ဘဝကိုပျော်ပျော်ပါးပါးပဲ ဖြတ်သန်းတတ်တဲ့မင်းသားနဲ့ လောကမှာ ပိုက်ဆံရှာဖို့ကလွဲလို့ ဘယ်အရာမှ စိတ်မဝင်စားတဲ့ မင်းသမီးတို့အကြောင်းကို တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် အခြေခံဘဝများကို ရိုးရိုးလေးတင်ဆက်ပေးထားတာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ကောင်းမယ့် ကားတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်   (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Tartee Poeပဲ ဖြစ်ပါတယ်)    File Size         : 900 MB Quality           : Blu ray 720P Running Time : 1hr 54 minute Format           : Mp4 Genre             : Adventure, Comedy, Romance Encoder         ...
movie

Penny Pinchers (2011)

2011