Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lee Won-keun
7.3
The Net (2016)
The Net (2016)~ IMDb - 7.3/10, Rotten Tomatoes - 83% ~ကင်ကီဒွပ်ဟာ ကိုရီးယားဒါရိုက်တာတွေထဲ လူ့ဘောင်အပြင်ဘက်ကဘဝလို့ ပြောရမယ့် ဘဝအကြောင်းတွေကို တစ်မူထူးခြားစွာ ရိုက်တတ်တဲ့သူဖြစ်ပြီး သူ့ရုပ်ရှင်တွေဟာလည်း ကြည့်ရှုသူကို ဒီအခြေအနေ ဒီဘဝတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နေတာမျိုးတွေ များပါတယ်။ ဒီတစ်ခါမှာတော့ ကင်ကီဒွပ်ဟာ မြောက်ကိုရီးယား တံငါသည်တစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်းပဲ ရိုက်ပြသွားတယ်။ တံငါသည်အကြောင်း ဒီရုပ်ရှင်ဟာ ပင်လယ်လိုပဲ ရိုးရှင်းသလိုထင်ရပေမဲ့ ကျယ်ပြန့်တဲ့ ရုပ်ရှင်ပါပဲ။မြောက်ကိုရီးယားက တံငါသည်တစ်ယောက် ငါးမျှားရင်း ပိုက်ကွန်ငြိလို့ မော်တာပျက်သွားပြီး တောင်ကိုရီးယားဘက်ထဲ မျောလာခဲ့တယ်။ တောင်ကိုရီးယားက အမျိုးသားထောက်လှမ်းရေးက သူ့ကို သူလျှိုဟုတ်မဟုတ် စစ်ဆေးတယ်။ သူကတော့ မြောက်ကိုရီးယားက သစ္စာဖောက်လို့ပြောမှာကြောက်လို့ တောင်ကိုရီးယားက မြင်ကွင်းတွေကို မကြည့်ဘဲ မျက်စိမှိတ်ပြီးပဲ လိုက်လာခဲ့တယ်။ ဒီလိုနဲ့ မြောက်ကိုရီးယားတွေကို သိပ်မုန်းတဲ့ တောင်ကိုရီးယား စစ်ဆေးရေးအရာရှိ ပယ်ပယ်နယ်နယ် ...
movie
The Net (2016)
2016
6.5
Bring Me Home(2019)
Bring Me Home(2019)တစ်ဉီးထဲသောသားလေးမို့ ရင်နင့်အောင်ချစ်ခဲ့ပါတယ်ဆိုမှာ ရုတ်တရက်ပျောက်ဆုံးသွားတယ်...မိဘ(၂)ပါးအတွက် ဘဝတွေဟာ ခါးသီးလွန်းတယ်.... လင်မယား(၂)ယောက် တစ်ယောက်ကိုတစ်ယောက်ဟန်ဆောင်ပြုံးတွေနဲ့ နှစ်သိမ့်ပေးရင်း သားလေးကိုရှာခဲ့တာ အခုဆို(၆)နှစ်တောင်ရှိခဲ့ပြီ.....ခုချိန်ထိအစအနတောင်ရှာမရသေး...ယောကျ်ားဖြစ်သူဟာ သားလေးတွေ့တဲဆိုတဲ့ စာတစ်စောင်ကြောင့်အပြေးအလွှားသွားရှာတုန်းမှာကားမှောက်ဆုံးသွားတယ်...မိခင်အတွက်တော့ တစ်ပူပေါ်တစ်ပူဆင့်ပါပဲ...ဒီလိုနဲ့တစ်နေ့မှာတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သူ့သားရှိတယ်ဆိုတဲ့ အခိုင်အမာ သတင်းရပြီးတဲ့နောက်မှာတော့....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါဉီး...တော်တော်ကောင်းတဲ့ Drama ကားလေးပါ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (950 MB) and (472MB) Quality :WEB-DL 720p Format…mp4 Duration…01:48:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie
Bring Me Home(2019)
6.1
Fengshui (2018)
ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့....ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ... ?ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်.....ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon ...
movie
Fengshui (2018)
2018