Channel Myanmar

Leesa Neidel

13 Minutes (2021) 4.6
13 Minutes (2021) 13 Minutes (2021) အညွှန်း*********************သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ လေဆင်နှာမောင်းကျရောက်တဲ့အခါ ပြည်သူတွေဘယ်လောက်အထိဒုက္ခရောက်နိုင်သလဲဆိုတာ အဓိကဇာတ်အိမ်တည်ထားပါတယ်။လေဆင်နှာမောင်းမဖြစ်ခင်ကတော့ ဒါကိုပေါ့ပေါ့တန်တန်သဘောထားပြီး ရေဒီယိုနဲ့တီဗီက သတိပေးချက်တွေကို အလေးမထားတတ်ကြတာ လူတွေရဲ့ထုံးစံပါပဲ။ တကယ်တမ်းလေဆင်နှာမောင်းကြီးတိုက်ခိုက်လာတော့ အကာအကွယ်တွေရှာဖွေပြင်ဆင်ဖို့က ၁၃မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ဖြစ်နိုင်ပါ့မလားဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောမှာတော့ အဓိက မိသားစု(၄)ခုကို အခြေခံထားပြီး ဒီမိသားစု(၄)ခုရဲ့ အိမ်ထောင်ရေးအခက်အခဲတွေကိုပါတင်ဆက်ထားတာမို့ ပညာပေးဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Seiji က ရေးပေးထားပါတယ်) File Size          :  (1.8GB), (913MB) & (459MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr ...
movie

13 Minutes (2021)

Shifter 2020 3.3.
Shifter 2020 ထရီဆာဟာ စက်​ပစ္စည်​း​တွေကို ပြင်​ဆင်​နိုင်​တဲ့ မိန်​းက​လေးတစ​်​​ယောက်​ပါ။ လျှပ်​စစ်​သံလိုက်​စွမ်​းအင်​ဆိုင်​ရာ ရူပ​ဗေဒကို ​လေ့လာရင်​း သူမဟာ အချိန်​ခရီးသွားနိုင်​မယ်​့ ကိရိယာတစ်​ခုကို ဖန်​တီး​နေခဲ့ပါတယ်​။​လေ့လာဖန်​တီးမှုမှာပဲ အာရုံစိုက်​ထားတဲ့ ထရီဆာအတွက်​ ချစ်​သူ သူငယ်​ချင်​း မိတ်​​ဆွေ စကား​ပြော​ဖော်​ဆိုတာ မရှိခဲ့ပါဘူး။လက်​​တွေ့ဘဝမှာ အဆင်​မ​ပြေမှု​တွေ ကြုံလာချိန်​ အတိတ်​ကအရာ​တွေကို ပြန်​ပြင်​ချင်​တဲ့ အချိန်​​တွေမှာ သူမဖန်​တီးထားတဲ့စက်​ကို အသုံးပြုခဲ့တဲ့ ထရီဆာတစ်​​ယောက်​ ဘယ်​လိုသက်​​ရောက်​မှုမျိုး​တွေ ခံစားရမလဲထရီဆာတစ်​​ယောက်​ ပြန်​ပြင်​ချင်​တဲ့အရာ​တွေက ဘာ​တွေဖြစ်​မလဲစက်​ကို အသုံးပြုပြီး​နောက်​ သူဖြစ်​​စေချင်​တဲ့အရာ​တွေက​ရော တကယ်​ဖြစ်​လာပါ့မလားစတာ​တွေကို ရင်​တထိတ်​ထိတ်​နဲ့ ကြည်​့ရှုရမယ်​့ ဇာတ်​ကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​။ပါဝင်​ထားတဲ့ အဓိကသရုပ်​​ဆောင်​​တွေက​တော့ ထရီဆာအဖြစ်​ Nicole Fancher ; အဒ်​ အဖြစ်​ Paul T Taylor နဲ့ ​ရေချယ်​အဖြစ်​ Katy Atkinson တို့ပဲဖြစ်​ပါတယ်​။ File Size : 650 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:52:00 Genre ...
movie

Shifter 2020