Channel Myanmar

LeJon Woods

The Tomorrow Job (2023) 4.8
The Tomorrow Job (2023) The Tomorrow Job (2023) ===================အကယ်၍ ခင်ဗျားတို့သာ မနက်ဖြန်ကို အချိန်ခုန်ကူးခွင့် ရမယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဆေးတောင့်လေး ကိုသောက်လိုက်။ မနက်ဖြန်ကို တစ်နာရီတိတိအချိန်ခုန် ကူးလို့ရမယ်။ ဒါပေမဲ့ အသိစိတ်ကပဲကူးသွားမှာ။ ခန္ဓာကိုယ် မပါဘူး။ ပြောရရင် ဒီနေ့အချိန်ကခင်ဗျားက မနက်ဖြန်အ ချိန်က ခင်ဗျားရဲ့အသိစိတ်ထဲရောက်ပြီး အဲဒီမနက်ဖြန် အချိန်ကခင်ဗျားက ဒီနေ့အချိန်ကခင်ဗျားရဲ့ အသိစိတ်ထဲ ရောက်လာမယ်ပေါ့။ တစ်နာရီတိတိဖလှယ်သွားကြမယ်။ စာမေးပွဲမေးခွန်းတို့ ဘာတို့ညာတို့ ကြိုမကြည့်ချင်ကြဘူး လား :P ။လီ တို့အဖွဲ့ကတော့ မကောင်းမှုမှာ အသုံးချနေကြပါတယ်။ လီရယ် မာတင်ရယ် ဖင်းရယ် သုံးယောက်သားဟာ မနက် ဖြန်ကိုခုန်ကူးပြီး အချက်အလက်တွေခိုးကြတဲ့အဖွဲ့ပေါ့။ သူတို့ကို ခိုင်းနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးလည်း ရှိပါသေးတယ်။အဲဒီအချိန်ကူးဆေးတောင့်တွေကို Z+လို့ခေါ်ပါတယ်။ မသုံး တတ်ရင်တော့ ရူးတဲ့အထိ ဘေးဖြစ်တတ်ပါတယ်။ တစ်နေ့ ကျ သုံးယောက်သား မစ်ရှင်တစ်ခုလုပ်ရင်း မာတင်သေသွား တဲ့အချိန်ကစပြီး လီနဲ့ဖင်းတို့ ဒီအလုပ်ကိုရပ်ပစ်လိုက်ပေမဲ့ ပြန်စလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ....။ ဒီဆေးတောင့် တွေကရောဘာလဲ။ နောက်ကွယ်ကအဖွဲ့အစည်းကရော ဘာလဲ။ လီတို့တွေ ဒီမပြီးနိုင်တဲ့သံသရာကြီးကို အပြီးဖြတ် နိုင်မှာလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / ...
movie

The Tomorrow Job (2023)

2022
A Merry Single Christmas (2022) 5.4
A Merry Single Christmas (2022)  အနောက်တိုင်းကလူတွေရဲ့အယူအဆအရ နှစ်တစ်နှစ်ရဲ့ပျော်ရွှင်စရာအကောင်းဆုံးခရစ်စမတ်အချိန်မှာ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ crushကပြန်မကြိုက်လို့ပဲဖြစ်ဖြစ် မပျော်နိုင်ပဲ ခရစ်စမတ်ကိုတစ်ယောက်တည်းဖြတ်သန်းကြမယ့်တစ်ကိုယ်တော် ဆင်ဂယ်လေးတွေရှိကြလား?ဒီတစ်ခေါက် ပေါ့ပေါ့ပါးပါး ခရစ်စမတ်ဇာတ်လမ်းလေးကတော့ ခရစ်စမတ်မကျခင်မှာ ရည်းစားနဲ့ပြတ်သွားတဲ့ မော်ဂန်တစ်ယောက် ခရစ်စမတ်ကိုအထီးကျန်စွာတစ်ယောက်တည်းမဖြန်သန်းချင်တဲ့အတွက် “ခရစ်စမတ်အထီးကျန်နှလုံးသားလေးများ”ဆိုတဲ့ တစ်ကိုယ်တော်သမားတွေအတွက် အစီအစဉ်ကို joinလိုက်ပါတယ်။ တစ်ကိုယ်တော်သမားတွေစုပြီး ခရစ်စမတ်ကိုပျော်ပျော်ကြီးဖြတ်သန်းကြမယ့် အစီအစဉ်မှာ စည်းမျဉ်းကတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ “အဖွဲ့ထဲက ဆင်ဂယ်အချင်းချင်း ချိန်းမတွေ့ရပါဘူး”တဲ့။ ဆင်ဂယ်အပန်းဖြေအိမ်မှာ အသည်းကွဲရောဂါကိုကုစားမယ့်မော်ဂန်တစ်ယောက် ကံမကောင်းစွာနဲ့ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ လီယမ်လည်း ကြေကွဲဆင်ဂယ်အဖြစ် အဲဒီကိုရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အလွဲလေးနည်းနည်း ရိုမန့်စ်များများနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.85GB)  / (`898.45Mb) / (457.4MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre...  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

A Merry Single Christmas (2022)

Bring Him Back Dead (2022) 4.3
Bring Him Back Dead (2022) Bring Him Back Dead (2022) ======================အက်ရှင်မင်းသားကြီး Gary Danielsပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ အက်ရှင်ပရိသက်တွေ အကြိုက်တွေ့မယ့် ကားလေးပဲဖြစ်ပါတယ်။ ထရန့်ဆိုတဲ့လူက ဘဏ်တစ်ခုကနေ စိန် တွေခိုးဖို့အတွက် ဂိုဏ်းအဖွဲ့တစ်ခုကိုခိုင်းခဲ့ပါတယ်။ဒါပေမယ့် အဲဒီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဲလက်စ်က အဖွဲ့ကို သစ္စာဖောက်ပြီး စိန်တွေကိုယူသွားခဲ့ပါတယ်။ အဲ့တော့ထုံးစံအတိုင်း ဂိုဏ်းကနေ သူတို့စိန်တွေကိုပြန်ယူနိုင်မလား၊ အဲလက်စ်ကရော ဘာလို့သစ္စာဖောက်ရတာလဲ၊ ဇာတ်လမ်းဇာတ်အိမ်ရိုးရိုးရှင်းရှင်းလေးကို အက်ရှင်ကောင်းကောင်းနဲ့မြင်ရမဲ့ "Bring him back dead"ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Moe Phway Cherry ဖြစ်ပါတယ်) File Size..........(1.81 GB) / (841 MB) / (576 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action Translator.......Moe Phway Cherry Encoder..........SWM
movie

Bring Him Back Dead (2022)