Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Leni Erceg
7
Munich: The Edge of War (2022)
ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie
Munich: The Edge of War (2022)