Channel Myanmar

Leon Ockenden

Dread (2009) 5.6
Dread (2009) Dread (2009)လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ကြတယ်။ တချို့က ပိုးဟတ်ကြောက်တယ်။ တချို့က အမှောင်ကြောက်တယ်။ တချို့က လူတွေနဲ့ ပြောဆို ဆက်ဆံရမှာ ကြောက်တယ်။ တချို့အကြောက်တရားတွေက သာမန်ဖြစ်ပေမယ့် တချို့ကတော့ လွန်လွန်ကြူးကြူး စိတ်ချောက်ချား ထိတ်လန့်တတ်ကြတယ်။အဲဒီလိုထိတ်လန့်ခြင်းတွေရဲ့ နောက်ကွယ်က စိတ်ဒဏ်ရာတွေ အကြောင်းရင်းတွေကို ဖော်ထုတ်ချင်တဲ့ ကျောင်းသား ၃ယောက်ရှိခဲ့တယ်။ ကျောင်းရဲ့ သုတေသနစာတမ်း အတွက်ပေါ့။စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့ ကျောင်းသား၃ယောက်က တခြားသူတွေရဲ့ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေ၊ အတွေ့အကြုံတွေကို မေးမြန်းပြီး ဗီဒီယိုတွေရိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ့်အကြောက်တရားကို ကျော်လွှားနိုင်ဖို့ တခြားသူတွေရဲ့ ထိတ်လန့်မှုအပေါ် အမှီပြုပြီး အလွှဲသုံးစား လုပ်တဲ့အခါ...အခုတ်အထစ် ပြကွက်ကြမ်းကြမ်းလေးတွေနဲ့ ကျောချမ်းစေမယ့် Thriller ကားကောင်းလေး ဖြစ်တာမို့ အားပေးလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 520MB Quality - 1080p, ...
movie

Dread (2009)

2009
The Lair (2022) 4.5
The Lair (2022) ဗြိတိန်​​တော်ဝင်​လေတပ်က ကပ္ပတိန်စင်ကလဲရားဟာ အာဖဂန်မှာ တာဝန်ထမ်း​ဆောင်ရင်း သောင်းကျန်းသူ​တွေရဲ့ ဒုံးကျည်ကြောင့် ​ လေယာဉ်ပျက်ကျပြီးတဲ့​နောက် အဖမ်းမခံရ​အောင်ထွက်​ပြေးရင်း ဘန်ကာကြီးတစ်ခုထဲကို ​ရောက်သွားပါတယ်။အဲဒီဘန်ကာထဲမှာမ​ကောင်းဆိုးဝါး​များစွာရှိပြီး ​နောက်ကပါလာတဲ့ သောင်းကျန်းသူ​တွေကို သတ်ပစ်လိုက်သလို စင်ကလဲရားလည်း အသက်လုပြီး ထွက်​ပြေးလာခဲ့ရပါတယ်။သောင်းကျန်းသူနဲ့ ဘန်ကာထဲက မ​ကောင်းဆိုးဝါး​တွေရန်က​နေ လွတ်လာပြီးနောက် ကူးပါးအ​သေခံတပ်ရင်းစခန်းကို ​ရောက်ရှိ သွားခဲ့ပါတယ်။ အဲဒီမှာ စင်ကလဲရားတစ်​ယောက် သူမြင်ခဲ့တဲ့ အရာအ​ကြောင်း ​ပြောပြခဲ့​ပေမယ့် စခန်းတစ်ခုလုံး မယုံ​ခဲ့ပါဘူး။ ဒါ​ပေမဲ့ ထိုညမှာပဲ အဲဒီမ​ကောင်းဆိုးဝါး​တွေက သူတို့တပ်ရင်းထဲ ရောက်လာပြီး စစ်သားတွေကို သတ်ဖြတ်သွားလို့ ကိုယ်​တွေ့ကြုံ လိုက်ရတဲ့ စစ်သား​တွေလည်း စင်ကလဲရား​ပြောတာလက်ခံပြီး အဆိုပါဘန်ကာနဲ့ မ​ကောင်းဆိုးဝါး​တွေကို အမြစ်ဖြတ်​ချေမှုန်းဖို့ ကြိုးစားပါ​တော့တယ် File size…1.3GB / 600MB Quality…1080p AMZ WEBRIP  / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX
movie

The Lair (2022)

2022
Red Tails (2012) 5.9
Red Tails (2012) Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie

Red Tails (2012)

2012