Channel Myanmar

Leonardo Cimino

Before the Devil Knows You’re Dead (2007) 7.3
Before the Devil Knows You’re Dead (2007) Imdb rating - 7.3/10ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ...
movie

Before the Devil Knows You’re Dead (2007)

The Monster Squad (1987)
The Monster Squad (1987) The Monster Squad ဇာတ်ကားလေးဟာ ဒါရိုက်တာ Fred Dekker ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ သူ့ခေတ်အခါတုန်းကတော့ အတော်အသင့်နာမည်ရခဲ့ပြီးတော့ Box office မှာ ၃.၈ ဘီလီယံ ဒေါ်လာ ရခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ special effects တွေက အရင် ၁၉၈၀ လောက်တုန်းကဆိုတော့ အရမ်းမကောင်းပေမဲ့ ပရိသတ်တွေကို Horror အရသာ အပြည့်ခံစားရစေပါတယ်။ 80s ကားတွေကို ပြန်ပြီး ခံစားကြည့်ချင်တယ်ဆိုရင်တော့ အိမ်မှာ ဇိမ်ခံရင်း ကြည့်လို့ကောင်းတဲ့ ကားတစ်ခုပါပဲ။ လူကြီးသူငယ်မရွေးကြည့်လို့ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဒရက်ကူလာလို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ ဇာတ်လိုက်ဖြစ်တဲ့ ရှောင် နဲ့ သူငယ်ချင်းတွေရှိတဲ့ မြို့လေးမှာ နိုးထလာပြီးတော့ ပျောက်ဆုံးနေတဲ့ ဗန်ဟဲလ်ဆင်ရဲ့ ဒိုင်ယာရီကို လိုက်ရှာပါတော့တယ်။ ဒိုင်ယာရီဟာ ရှောင်တို့လက်ထဲမှာ ရှိပြီးတော့ အထဲမှာ ဒရက်ကူလာကို ...
movie

The Monster Squad (1987)

Waterworld (1995) 6.2
Waterworld (1995) Water World (1995) =====================ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်။အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာနယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကိုကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကိုကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကိုရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲအဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲမင်းသားကြီး Kevin Costner ပါဝင်ထားပြီး အကောင်းဆုံးဆု အဆိုးဆုံးဆုနဲ့ ဇကာတင်စာရင်းများစွာလဲဝင်ခဲ့တဲ့အားလုံးမှင်သက်စရာခံစားချက်တွေရစေမယ့် 6.2 ရထားတဲ့ဇတ်ကားကိုအားလုံးပြန်ကြည့်ရင်း ရေငတ်လိုက်ကြပါစို့လား။Translated by : Myo Myint Maung  Encoded by : YK File Size : 2.5GB and 1.2 GB Quality : 1080p Blu-ray and 720p
movie

Waterworld (1995)

1995