Channel Myanmar

Lexi Giovagnoli

Snapshot of Love (2023) 5.5
Snapshot of Love (2023) Snapshot of Love (2023) ==================ပါပါရာဇီသမားလေး အေဒရီရန်က နာမည်ကြီးနေတဲ့ တက်သစ်စမင်းသား ပါကာဘန်းနက်ရဲ့ ရုပ်ရှင်ပထမဆုံးရုံတင်ပွဲ ကော်ဇောနီမှာ ဓာတ်ပုံလုရိုက်ရင်း သူ့အိတ်ထဲက ပန်းသီးပြုတ်ကျသွားပြီး ပါကာလျှောက်နေတဲ့ ကော်ဇောနီပေါ် ကျသွားလေရဲ့။ အဲဒီလိုနဲ့ သရုပ်ဆောင်မင်းသား ပါကာလည်း ပန်းသီးနင်းမိရင်း မှောက်ပြီး ဂွမ်းတော့တာပါပဲ။ ဓာတ်ပုံသမားတွေကလည်း အမိအရ ပုံတွေရိုက် ရင်း ပါကာက မေ့ပါလဲသွားလို့ ထမလာနိုင်တော့ နောက်​နေ့ အတင်းအဖျင်း မဂ္ဂဇင်းတွေမှာ မင်းသားပါကာဘန်းနက် ကော်ဇောနီပေါ် အရက်မူးပြီး မှောက် သွားပါတယ်လို့ သတင်းခေါင်းစဥ်အတပ်ခံရပါရော။သူ့ကိုယ်သူ လိပ်ပြာမလုံတဲ့ အေဒရီရန်က ပါကာအတွက် စိတ်မကောင်းဖြစ်ပေမဲ့ သူ့ရဲ့အလုပ်ရှင်ကိုမလွန်ဆန်နိုင်တော့ အမှန်တရားကိုမချပြနိုင်ခဲ့ဘူး။ အဲဒီအချိန် ပါကာရဲ့အေဂျင်စီကလည်း အေဒရီရန်တို့ရဲ့မဂ္ဂဇင်းကို တရားစွဲမယ်တွေလုပ်တော့ အလုပ်ရှင်က အေဒီရန့်ကို ခဏအလုပ်နားပစ်လိုက်ရတယ်။ အေဒရီရန်လည်း အလုပ်ပျက်သွားလို့ သူ့အဒေါ်ရှိတဲ့မြို့ဆီ နေဖို့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ပါကာဘန်းနက်ကလည်း သူ့အဒေါ်ရဲ့တည်းခိုခန်းမှာ လာငှားနေတဲ့သူဖြစ်နေပြီး အဲဒီမှာဇာတ်လမ်းစတော့တာပါပဲ။ နောက်ပိုင်း နာမည်ကြီးမင်းသားနဲ့ သူ့သတင်း ထောက် ပါပါရာဇီတို့ရဲ့ ဘယ်လိုအချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလာမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.57 ...
movie

Snapshot of Love (2023)

A Merry Single Christmas (2022) 5.4
A Merry Single Christmas (2022)  အနောက်တိုင်းကလူတွေရဲ့အယူအဆအရ နှစ်တစ်နှစ်ရဲ့ပျော်ရွှင်စရာအကောင်းဆုံးခရစ်စမတ်အချိန်မှာ အသည်းကွဲလို့ပဲဖြစ်ဖြစ်၊ crushကပြန်မကြိုက်လို့ပဲဖြစ်ဖြစ် မပျော်နိုင်ပဲ ခရစ်စမတ်ကိုတစ်ယောက်တည်းဖြတ်သန်းကြမယ့်တစ်ကိုယ်တော် ဆင်ဂယ်လေးတွေရှိကြလား?ဒီတစ်ခေါက် ပေါ့ပေါ့ပါးပါး ခရစ်စမတ်ဇာတ်လမ်းလေးကတော့ ခရစ်စမတ်မကျခင်မှာ ရည်းစားနဲ့ပြတ်သွားတဲ့ မော်ဂန်တစ်ယောက် ခရစ်စမတ်ကိုအထီးကျန်စွာတစ်ယောက်တည်းမဖြန်သန်းချင်တဲ့အတွက် “ခရစ်စမတ်အထီးကျန်နှလုံးသားလေးများ”ဆိုတဲ့ တစ်ကိုယ်တော်သမားတွေအတွက် အစီအစဉ်ကို joinလိုက်ပါတယ်။ တစ်ကိုယ်တော်သမားတွေစုပြီး ခရစ်စမတ်ကိုပျော်ပျော်ကြီးဖြတ်သန်းကြမယ့် အစီအစဉ်မှာ စည်းမျဉ်းကတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ “အဖွဲ့ထဲက ဆင်ဂယ်အချင်းချင်း ချိန်းမတွေ့ရပါဘူး”တဲ့။ ဆင်ဂယ်အပန်းဖြေအိမ်မှာ အသည်းကွဲရောဂါကိုကုစားမယ့်မော်ဂန်တစ်ယောက် ကံမကောင်းစွာနဲ့ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ လီယမ်လည်း ကြေကွဲဆင်ဂယ်အဖြစ် အဲဒီကိုရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ အလွဲလေးနည်းနည်း ရိုမန့်စ်များများနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.85GB)  / (`898.45Mb) / (457.4MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre...  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

A Merry Single Christmas (2022)

Love on the Rise (2020) 5.2
Love on the Rise (2020) Love on the rise (2020)တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ ပင်လယ်ကမ်းစပ်ကမြို့ကလေးဟာ သဘာဝရှုခင်းတွေနဲ့ သာယာလှပနေပါတယ် အဲ့မြို့လေးမှာ ဗစ်တိုးရီးယား(တိုရီ)ဆိုတဲ့ မုန့်ဖုတ်သမလေးက သူ့လုပ်ငန်းကိုကြိုးစားလုပ်ကိုင်ရင်း "ကိတ်နတ်သမီး" ဆိုပြီး နာမည်ရစပြုလာတဲ့မိန်းမငယ်လေးတစ်ယောက်ပေါ့တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုကို ကိတ်မုန့်သွားပို့တဲ့အခါ ဂျိတ် ဆိုတဲ့ကောင်လေးနဲ့ သွားဆုံပါလေရော ဒါပေမယ့် တိုရီဟာ ဂျိတ်ကို သူတို့မြို့က အထင်ကရစီးပွားရေးလုပ်ငန်းရှင်ရဲ့သားအနေနဲ့ မသိခဲ့ဘဲ စားပွဲထိုးကောင်လေးအနေနဲ့ပဲ သိခဲ့ပါတယ် ကံဆိုးချင်တော့ တိုရီတို့ငှားထားတဲ့ဆိုင်ခန်းတွေနေရာမှာ ကွန်ဒိုအသစ်တွေဆောက်ဖို့အကြောင်းဖန်လာပါတယ်ဒီကိစ္စကို တိုရီတို့ငှားရမ်းသူတွေက သိသွားပြီး ကန့်ကွက်ကြောင်း ဆန္ဒပြကြတဲ့အခါ ဘာတွေဆက်ဖြစ်လာကြမလဲ????? ဂျိတ်ရဲ့ဘ၀မှန်ကို သိသွားတဲ့အခါမှာ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်လာကြမလဲ?????ဇာတ်လမ်းလေးက သမားရိုးကျအတိုင်းသွားပေမယ့် ပင်လယ်ကမ်းစပ်အလှတွေ စားချင်စရာကိတ်တွေကိုကြည့်ရင်း အချစ်ပုံပြင်လေးတစ်ပုဒ်ကို သီချင်းမြူးမြူးလေးနဲ့ခံစားချင်ရင်တော့.....Review နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။File size… 1.2GB and  581MB Quality….WEB-Rip 1080p and 720p Format…mp4 Duration…. 1hr 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August
movie

Love on the Rise (2020)

2020