Channel Myanmar

Li Mengnan

Drug Hunting ( 2024 ) 5.9
Drug Hunting ( 2024 ) ဒီဇာတ်ကားကတော့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေတဲ့ မူးယစ်ရာဇာဂိုဏ်းသားတွေကို တရုတ်နိုင်ငံကရဲတွေဖမ်းတဲ့ပုံစံကိုမှ ဒရမ်မာလေးနည်းနည်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။နိုင်ငံခြားကနေ မကြာသေးခင်ကမှပြန်လာပြီး ထျန်းပို့ဆောက်ဆက်သွယ်ရေး company ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်လာတဲ့ပေ့ပေ့ ပန်းချီဆွဲရတာကိုဝါသနာပါပြီး တစ်နေ့ကျ ပန်းချီပြခန်းတစ်ခုဖွင့်ဖို့ကြိုးစားနေတဲ့ရွှယ်အာမူးယစ်ဆေးတိုက်ဖျက်ရေးဌာနရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်လင် ပေ့ပေ့တစ်ယောက်နိုင်ငံခြားကပြန်လာပြီးတော့ ရည်းစားဟောင်းဖြစ်တဲ့ ခေါင်းဆောင်လင်ကိုပြန်ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ ခေါင်းဆောင်လင်က ပေ့ပေ့ဦးလေးနဲ့အစ်ကိုဖြစ်သူက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့သံသယရှိနေခဲ့တာပါ ။ရည်းစားဟောင်းနဲ့ပြန်အဆင်ပြေချင်တဲ့ ပေ့ပေ့တစ်ယောက် ညီမလေးရွှယ်အာအတွက် ပန်းချီပြခန်းဖွင့်ဖို့စပွန်စာပေးခဲ့ပေမဲ့လည်း ခေါင်းဆောင်လင်ကသူ့ကိုလက်မခံတဲ့အပြင် ရည်းစားရှိနေတာပါသိလိုက်ရပါတယ် ။အဲဒီအချိန် ခေါင်းဆောင်လင်ကလည်း မူးယစ်ရာဇာတွေနောက်ကိုလိုက်ရင်း သဲလွန်စတွေတစ်ခုပြီးတစ်ခုရလာချိန်မှာတော့.. ခေါင်းဆောင်လင်နဲ့ပေ့ပေ့ကြားဘယ်လို အခက်အခဲတွေပေါ်လာမလဲ ? မူးယစ်ဆေးအပြစ်ကျူးလွန်သူတွေကိုရော ဖမ်းမိနိုင်မလားဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Drug Hunting ( 2024 )

Angels Wear White (2017) 7.4
Angels Wear White (2017) မှတ်တမ်းမှတ်ရာမရှိ မှတ်ပုံတင်မရှိတဲ့ အိမ်ပြေးမလေးတစ်ယောက်ဟာ ကမ်းစပ်မြို့လေးတစ်မြို့က မိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း အရွယ်မရောက်သေးတဲ့ ကျောင်းသူလေး၂ယောက် မတော်တရားပြုခံရမှုရဲ့ မျက်မြင်သက်သေဖြစ်လာပါတယ်... ရွှေ့ပြောင်းအလုပ်သမ အိမ်ပြေးမလေးအနေနဲ့ ကလေးမတွေအတွက် အမှန်တရားဘက်က ရပ်တည်ပေးမလား အလုပ်အကိုင်တည်မြဲရေးအတွက် ရေငုံနှုတ်ပိတ်နေမလား ဆိုတာကတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ... မနှစ်မြို့စရာ အနေအထားတစ်ခုကို သာသာယာယာကမ်းခြေကြီးနောက်ခံထားလို့ လူကို တနုံ့နုံ့ဖြစ်အောင် ဆွဲခေါ်သွားမယ့် ရုပ်ရှင်ပွဲတော်တွေရဲ့ ဆုပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ တရုတ်ဒရမ်မာကားလေးပါ တကယ့်လက်တွေဘ၀ရဲ့အခြေအနေတစ်ခုကိုဆုံးဖြတ်တတ်ဖို့အကူအညီပေးနိုင်တာမို့ အချိန်တစ်နာရီကျော်လောက်လေးအကုန်ခံရတာတန်ပါလိမ့်မယ်ဗျာ ဘာသာပြန်ပေးထားတာတော့sane khetဖြစ်ပြီး encodeပေးထားတာတော့sithuပါ
movie

Angels Wear White (2017)

2017