Channel Myanmar

Liana Blackburn

Footloose (2011) 5.8
Footloose (2011)  ဒီဇာတ်ကားလေးကတော့ အားလုံးလည်းကြားဖူးနေလောက်တဲ့ သံစဉ်တွေနဲ့ဇာတ်ကားလေးဖြစ်ပါတယ်..footloose ဆိုတဲ့ ၁၉၈၄ ကဇာတ်ကားကို remakeပြန်ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလေးလည်းဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ဘုန်းမောက်ဆိုတဲ့ နယ်မြို့ကဦးလေးဆီကို တစ်ကောင်ကြွက်ဘဝနဲ့ရောက်လာတဲ့ ရန်မက်ကောမက်ဆိုတဲ့ကောင်လေးတစ်ယောက် သူဟာမြို့ကိုရောက်ရောက်ချင်းမှာပဲထူးခြားတဲ့ကန့်သတ်ချက် ဥပဒေတွေနဲ့ကြုံရပါတော့တယ် လွတ်လပ်ပါတယ်ပါတီတွေနေညမပြတ်လုပ်နေပါတဲ့ဆိုတဲ့ အမေရိကန်နိုင်ငံထဲကဒီမြို့လေးထဲမှာ အကကခွင့်ကိုရော လူငယ်တွေညထွက်ခွင့်ကိုပါပိတ်ပင်ထားတာပါ အကဟာသူ့ဘဝအတွက်အရမ်းအရေးပါတဲ့အရာတစ်ခုဖြစ်နေတဲ့ ရန်မက်ကောမက်အတွက်တော့ဒါကအဓိပ္ပာယ်မရှိတဲ့ပိတ်ပင်မှုတစ်ခုလိုဖြစ်နေပြီး ဘုန်းမောက်ကကျောင်းသားတော်တော်များများကလည်း မကြိုက်ကြပါဘူး ဒီလိုနဲ့သူဒါတွေကိုဆန့်ကျင်ရင်း နောက်ဆုံးကျောင်းသားတွေလွတ်လပ်ခွင့်ရမလား သီချင်းတွေ အကတွေ ဒရမ်မာတွေ ပုန်ကန်မှုတွေနဲ့musical drama ကားကောင်းလေးကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်မင်းသားအဖြစ် လက်တွေ့ဘဝမှာလည်းအကသမားတစ်ယောက်ဖြစ်တဲ့ Kenneth Edgar Wormald နဲ့ Dancing withthe Stars ကဒိုင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး JulianneAlexandra Hough တို့ကိုကြည့်ရှူရမှာလည်းဖြစ်ပါတယ်..  File size…2.22GB / 1.10GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre …..Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Footloose (2011)

17 Again (2009) 6.4
17 Again (2009)   ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့ ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...မင်းသား Zac Efron နဲ့ Friends စီးရီးထဲက ချန်ဒလာဘင်း တဖြစ်လဲ Matthew Perry , Eurotrip မင်းသမီး Michelle Trachtenberg,The Other Woman မင်းသမီး Leslie Mann တို့ပါဝင်သရုပ်ဆောင်ထားပြီး...IMDb Rating မှာ 6.4 ရရှိထားတဲ့ Comedy, Drama, Fantasy အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်...ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့ အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..ဝါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက် ကိုသာ ရွေးချယ်ခဲ့ပါတယ်.....နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ.. ဇနီးဖြစ်သူနဲ့လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့ ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘဝတုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက ...
movie

17 Again (2009)