Channel Myanmar

Libe Barer

Beautiful Wedding (2024)
Beautiful Wedding (2024) Beautiful Wedding(2024) ============ Romance, Comedyဒီခေတ်စကားနဲ့ပြောရရင် အတော်ဆိုးတဲ့ Red Flag နှစ်ယောက်ရဲ့ အရမ်းလှပတဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒါပေမယ့် သာမန်ချစ်ကြိုက်ကွဲငြား ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး အလွဲအလွဲအချော်အချော်နဲ့ ဆုံလာမိတဲ့ လူနှစ်ယောက်ကနေ ဘဝရဲ့ဖူးစာဖက်တွေဖြစ်သွားတဲ့အကြောင်းပါပဲ လက်စ်ဗေးဂတ်စ်မှာ one night stand အဖြစ်မူးရူးသောင်းကျန်းပြီး မနက်အိပ်ယာနိုးတဲ့အချိန်မှာ လက်ထပ်လက်မှတ်ထိုးပြီးသားဖြစ်နေတဲ့ ထရက်ဗစ်နဲ့ အက်ဘီဟာ သူငယ်ချင်းစုံတွဲဖြစ်တဲ့ မဲရ်နဲ့ ရှက်ပလီတို့နဲ့အတူ ပျားရည်ဆမ်းခရီးအဖြစ် မက္ကဆီကိုကို ထွက်လာပါတယ် သူတို့အိမ်ထောင်ရေးကို ထပ်ပြီးရှေ့ဆက်မလား အဆုံးသတ်မလား တစ်ယောက်ကိုတစ်ယောက် အဖြေရှာအကဲခပ်ဖို့အတွက် ထွက်လာခဲ့ကြတဲ့ ခရီးဆိုလည်းမမှားပါဘူး....ဒီခရီးမှာ ထင်ထားသလို အဆင်ချောနေတာတော့မဟုတ်ပါဘူး ဖဲရိုက်တော်တဲ့ အက်ဘီက ဒေါ်လာသန်းနဲ့ချီပြီး ကာစီနိုဝိုင်းမှာ ဖဲနိုင်လာတာကို မကျေနပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုကလည်း နောက်ကနေလိုက်လာပါတော့တယ်... အက်ဘီနဲ့ ထရက်ဗစ်ရဲ့ မင်္ဂလာအစစ်အမှန်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Romance ဇာတ်လမ်းတွေမှာ မြင်ဖူးနေကျ သရုပ်ဆောင်တွေဖြစ်တဲ့ Dylan Sprouse , Virginia Gardner , Austin North တို့က ပါဝင်အားဖြည့်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ...
movie

Beautiful Wedding (2024)

Among the Beasts (2023) 6.0
Among the Beasts (2023) Among the Beasts (2023) ================== IMDb Rating - 6.0/10Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက် Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ် ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံး သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက် ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါ ဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါး‌ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ် တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့ အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါ မှာတော့......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard ...
movie

Among the Beasts (2023)

2023
Beautiful Disaster (2023)
Beautiful Disaster (2023) Beautiful Disaster (2023)Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ...ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ...
movie

Beautiful Disaster (2023)

Slapface (2021) 5.1
Slapface (2021) Slapface (2021)===========လူးကက်စ်နဲ့ တွမ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ မိခင် မတော်တဆမှုဖြစ်ပြီး ဆုံးသွားတဲ့နောက် တောထဲက အိမ်လေးမှာ နှစ်ကိုယ်တည်းနေနေခဲ့ကြပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးဆန်းတဲ့ဂိမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် မနာနာအောင် ပါးရိုက်ကြေးဆိုတဲ့ဂိမ်းပါ။အန်နာ ဆိုတဲ့ ကောင်မလေးက တွမ်နဲ့ ချစ်ကြိုက်မိပြီး အန်နာကပါ သူတို့အိမ်လေးမှာ လိုက်နေလာခဲ့ပါတယ်။လူးကက်စ်မှာလည်း ချစ်သူဖြစ်သူ မိုရိုင်ယာရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ အမြွှာမိန်းကလေးနှစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရသူပါ။တစ်ရက်မှာတော့ လူးကက်စ်တစ်ယောက် တောထဲမှာ မကောင်းဆိုးဝါးတစ်ကောင်နဲ့ တွေ့မိပြီး မိတ်ဆွေဖွဲ့ခဲ့ရာကနေ ထိတ်လန့်ခြောက်ခြားဖွယ် အဖြစ်အပျက်တွေ အားလုံး စတင်လာခဲ့ပါတော့တယ်။ Virago Witch Story နဲ့ ချိတ်ဆက်ထားတဲ့ Horror and Thriller ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1 GB) / (430 MB) / (240 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar ...
movie

Slapface (2021)

2021
I See You (2019) 6.5
I See You (2019) (Unicode)2019 ထွက် Thriller ဇာတ်ကားဖြစ်ပြီး Gore တွေ သွေးသံတရဲရဲတွေမပါဝင်ပေမယ့် R rated ဖြစ်ပါတယ်..အိမ်ထောင်ရေးဖောက်ပြန်ထားမိတဲ့ အမေဖြစ်သူဂျက်ကီကို သားဖြစ်သူကော်နာက အရမ်းစိတ်နာနေတာကနေ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်...ရဲအရာရှိခင်ပွန်းဖြစ်သူနဲ့လည်း အိမ်ထောင်ရေးလည်းအဆင်မပြေတော့ပဲ မိသားစုတစ်စုလုံး စိတ်ဆင်းရဲနေကြရပါတယ်...အဲ့အချိန်မှာပဲ သူတို့မြို့နယ်မှာ ဆယ်နှစ်ဝန်းကျင်ကလေးတွေဆက်တိုင်ပျောက်နေပါတယ်...အဲ့ဒါနဲ့ အဲ့အမှုကို ခင်ပွန်းဖြစ်သူက ဦးဆောင်စုံစမ်းရမယ့်တာဝန်ကျလာပါတော့တယ်...အဲ့အချိန်ကစလို့ သူတို့အိမ်မှာ ထူးဆန်းတာတွေဆက်တိုက်ကြုံလာရပါတော့တယ်...ကလေးပြန်ပေးဆွဲသမားက ဘယ်သူဖြစ်မလဲသမားရိုးကျအမှုမှဟုတ်ရဲ့လားဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ...IMDB 6.5/10 ရရှိထားပါတယ်(ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ May Myat Thu ပါ)  File Size : (800 MB) and (400 MB) Quality : AMZN WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Crime, ...
movie

I See You (2019)

2019