Channel Myanmar

Liisa Repo-Martell

Lars and the Real Girl(2007) 7.3
Lars and the Real Girl(2007) Lars and the Real Girl(2007)**************************IMDb.... 7.3Ryan Gosling အဓိကပါဝင်သရုပ်ဆောင်ထားပြီးအော်စကာဆန်ကာတင်တစ်ဆုလည်း စာရင်းဝင်ခဲ့တယ်..Broken family လို့ပြောရအောင်သူ့ဘဝက ဆိုးလှတယ်..အဖေရောအမေရောဆုံးသွားတဲ့အပြင်အကိုဖြစ်သူကလည်း ငယ်ငယ်ကတည်းက အိမ်မှာ မနေ..ကားဂိုဒေါင်ထဲ တစ်ယောက်တည်းနေပါများပြီးတော်ရုံလူတွေနဲ့ စကားမပြောတော့... တိတ်ဆိတ်ခြင်းဟာသူ့အတွက်အကောင်းမွန်ဆုံးအဖော်..ဒီချိန်မှာပဲ အိမ်ကိုပြန်ရောက်လာတဲ့ အကိုလင်မယားဟာညီဖြစ်သူရဲ့ အထီးကျန်ဆန်တဲ့ဘဝကိုတွေ့ပြီးအဖော်လေးရအောင်ဆိုပြီး ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်..အဲ့ဒီနောက်မှာတော့...File Size :(2.4GB) (743MB) and (428MB) Quality : Blu-Ray1080P,720p Format…mp4 Duration…01:59:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Lars and the Real Girl(2007)

The English Patient (1996) 7.4
The English Patient (1996) ဒုတိယ ကမ္ဘာစစ်ကိုဇာတ်လမ်းတည်ပြီးရိုက်ထားတဲ့ အချစ်ဇာတ်လမ်းလေးပါ အချစ်က လူတိုင်းကို ရူးသွပ်စေနိုင်တယ်ဆိုတာလေးပါ ဖော်ပြပေးထားတာပါ ဂျော့ဖရီ နဲ့ ကတ်သရင်းတို့ လင်မယားနှစ်ယောက်က လေ့လာရေးခရီးထွက်ပြီး မြေပုံဆွဲနေတဲ့အဖွဲ့ဆီ ရောက်လာတာကနေ ဇာတ်လမ်းလေးက စတာပါ အဖွဲ့ထဲမှာ ကတ်သရင်းကို သဘောကျနေတဲ့ အယ်မာဆီဆိုတဲ့တစ်ယောက်ကလည်း ရှိနေပါသေးတယ် တစ်နေ့တော့ ဂျော့ဖရီက အစိုးရအတွက် အလုပ်လုပ်ပေးဖို့ သွားတော့ ကတ်သရင်းကို လေ့လာရေးအဖွဲ့နဲ့ ထားခဲ့ပါတော့တယ် အဲဒီအချိန်မှာပဲ ရှုပ်ထွေးပွေလီလှတဲ့ အချစ်ရဲ့ နိယာမတွေကို တစ်ခုချင်းစီ ကွက်ကွက်ကွင်းကွင်းမြင်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ခံစားနေရာကနေ မျက်ရည် ဘူးသီးလောက်ကျအောင် ဆွဲခေါ်သွားနိုင်တာမို့ ဆု အများကြီးရထားပြီး လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ  File size…(1.7 GB)/(928.32MB) Quality….Webrip  720p / 480p Format…mp4 Duration….02:42:00 Genre...Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

The English Patient (1996)

Unforgiven (1992) 8.2
Unforgiven (1992) Unforgiven (1992) IMDb - 8.2/10_____Rotten - 96% Won 4 Oscars. Another 46 wins & 46 nominations     ဒီကားကို ဒါရိုက်တာ  Clint Eastwood ရဲ့လက်ရာဖြစ်ပြီးတော့ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပါ.. Top Rated Movies #134 စာရင်းဝင်ခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံးဒါရိုက်တာဆု ၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အကောင်းဆုံး တည်းဖြတ်ဆု စတဲ့ အော်စကာ(၄)ဆုရခဲ့ပါတယ်.. ၁၈၈၀ခုနှစ်လောက်က ကောင်းဘွိုင်လူတန်းစားတွေရဲ့ လူနေမှုစရိုက်ကတော့ အတော်ဆန်းတယ်.. ကိစ္စတိုင်းနီးပါးကိုသေနတ်နဲ့ခလုတ်လေးဆွဲပြီးဖြေရှင်းလေ့ရှိကြတယ်... ဒီလိုအချိန်မှာ Bill ဆိုတဲ့လူတစ်ယောက်ကတော့ တခြားသူတွေထက်ချမ်းသာသလို အင်အားလည်းကြီးတယ်.. သူက ပြည့်တန်ဆာတွေနဲ့ ဆိုင်ဖွင့်ပြီး ငွေရှာတဲ့အပြင် သေနတ်အားကိုးနဲ့ အနိုင်ကျင့်မှုတွေလည်းရှိတယ်...     တစ်နေ့တော့ ပြည့်တန်ဆာတစ်ယောက်ရဲ့မျက်နှာကို ဧည့်သည်က ဓားနဲ့မွှမ်းသွားတယ်... ပြည့်တန်ဆာတွေအတွက်တော့အတော်နာကျဉ်းစရာကောင်းပေမယ့် Bill ကတော့ မြင်းတွေကို လျော်ကြေးအဖြစ်ယူပြီး ဓားနဲ့မွှမ်းတဲ့လူတွေကိုခွင့်လွှတ်ပေးလိုက်တယ်.... ဒီကိစ္စကို ပြည့်တန်ဆာတွေက လုံးဝမကျေနပ်ဘူး... ပြည်တန်ဆာတွေရဲ့ နာကျဉ်းချက်က ဘယ်လောင်တောင်ကြီးလဲဆိုတော့ တစ်သက်လုံးရှာသမျှငွေတွေကိုစုပေါင်းပြီး ဓားနဲ့မွှမ်းတဲ့သူတွေကို သတ်ပေးဖို့ ကြေးစားလူသတ်သမား ငှါးရမ်းပါတော့တယ်....   ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tinnilar Lwin ဖြစ်ပါတယ်...     File Size : (956 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Drama, Western Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Unforgiven (1992)

1992