Channel Myanmar

Linden Banks

Wind Chill (2007)
Wind Chill (2007) Wind Chill (2007) ==============မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။ Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ် ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။ အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့ လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့ အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်း တစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေး ကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေ မယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ် စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့ နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့ နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင် လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေ အကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.4 GB) / (521 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Drama, Horror Translator.......Alias Encoder..........SWM
movie

Wind Chill (2007)

2007
Deep Rising (1998) 6.1
Deep Rising (1998) Deep Rising (1998)မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Deep Rising (1998)

1998
Bones of Crows (2023) 6.4
Bones of Crows (2023) Bones of Corws (2022)(RT 94% , IMDb 6.6 )ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် ...
movie

Bones of Crows (2023)

2023
Operation Christmas Drop(2020) 6.5
Operation Christmas Drop(2020) Operation Christmas Drop(2020)ခရစ္စမတ်ရာသီမှာခရစ္စမတ်ကားကောင်းလေးတွေမျှော်လင့်နေသူတွေအဖို့တော့ ဒီကားလေးက အကောင်းဆုံးဖြစ်မှာပါ။အဲရီကာဆိုတာလွှတ်တော်က အမျိုးသမီးတစ်ဦးရဲ့လက်ထောက်ပါ။အဲဒီအမျိုးသမီးဟာ ကျွန်းတွေပေါ်မှာအခြေစိုက်နေတဲ့လေတပ်စခန်းတွေကိုပိတ်သိမ်းဖို့လိုလားနေတဲ့အမျိုးသမီးပေါ့။အဲဒီစခန်းကိုပိတ်သိမ်းနိုင်ဖို့ အဲရီကာကိုသွားရောက်စုံစမ်းစေပါတော့တယ်။အဲဒီစခန်းမှာက ခရစ္စမတ်အချိန်ရောက်ရင် အနီးအနားကကျွန်းတွေကို ခရစ္စမတ်လက်ဆောင်တွေ၊ရိက္ခာတွေကိုလေယာဥ်ပေါ်ကပစ်ချပေးတဲ့အစီအစဥ်ရှိပါတယ်။အဲဒီအစီအစဥ်က အခွန်ဆောင်ထားတဲ့ပြည်သူတွေရဲ့ပိုက်ဆံတွေကိုဖြုန်းတီးနေတာလားလို့အဲရီကာတစ်ယောက်စုံစမ်းရင်း ဘာတွေသိရှိလာရမလဲ?သူဘယ်လိုအစီရင်ခံတင်ပြမလဲဆိုတာစိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Aye Mon Kyaw ဖြစ်ပါတယ်....File Size :(905 MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:33:00 Genre : Comedy ,Family , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie

Operation Christmas Drop(2020)