Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lindsay-Elizabeth Hand
6.6
The Art of Getting By (2011)
The Art of Getting By (2011)_____IMDb - 6.6/10 ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ Translated by Linn Kyaw Swar Aung Encoded by sithu
movie
The Art of Getting By (2011)
2011