Channel Myanmar

Lino Musella

Ferrari (2023) 6.8
Ferrari (2023) Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie

Ferrari (2023)

2023
4K HEVC
Princess (2022) 6.5
Princess (2022) Princess (2022) =========== IMDb Rating - 6.5/10"ကျွန်မဘဝထဲ ဝင်လာတယ် ပိုက်ဆံမပေးဘဲ ပြန်ထွက်သွားတယ်။ ဒါဆို ကျွန်မကို အသုံးချနေတာပေါ့" တဲ့။ ပရင့်ဆက်က တရားမဝင် နေထိုင်နေတဲ့ ၁၉ နှစ်အရွယ် ပြည့်တန်ဆာမလေး။တစ်နေ့တစ်နေ့ မြို့အစွန်က တောအုပ်နားမှာ ဖောက်သည်တွေရှာရင်း အလုပ်လုပ် တယ်။ တရားမဝင်နေထိုင်သူဖြစ်တဲ့အလျောက် အာဏာပိုင်တွေလာ ဖမ်းရင်လည်း ထွက်ပြေးရတာပေါ့။တစ်နေ့တော့ ပရင့်ဆက်က သူ့နဲ့အလုပ်တူ သူငယ်ချင်းကို လျှို့ဝှက် ချက်တစ်ခုပြောပြတယ်။ ဒါကတော့ သူ့မိန်းမကိုယ်က နိုင်ဂျီးရီးယား က တခြားမိန်းမရဲ့ မိန်းမကိုယ်နဲ့ လဲထားတာပါတဲ့။ ဒါကြောင့် ဖောက် သည်တွေနဲ့ ဆက်ဆံတိုင်း သူကဘာမှမခံစားရဘဲ နိုင်ဂျီးရီးယားက မိန်းမကသာ ခံစားရတာမို့ ဒီအလုပ်လုပ်ရတာ တစ်ခါမှမညည်းခဲ့ တာပါတဲ့။တစ်ရက်မှာ ပရင့်ဆက်က သူကျက်စားရာ တောထဲမှာ မှိုရှာထွက်တဲ့ ယောက်ျားတစ်ယောက်နဲ့ ဆုံပါတယ်။ တစ်ကြိမ်ကနေ နှစ်ကြိမ် သုံး ကြိမ်ထိ ခဏခဏ ဆုံဖြစ်ကြတာတောင် ဒီယောက်ျားက ပရင့်ဆက် ကို ရိုးရိုးသားသားပဲ ဆက်ဆံတဲ့အခါ၊ တတိတိနဲ့ ပရင့်ဆက်ဘဝထဲ ဝင်လာပြီး ပရင့်ဆက်နဲ့ အဆင့်တွေတက်ချင်တဲ့အခါ.....ပရင့်ဆက်ရဲ့ လျှို့ဝှက်ချက်ကြောင့် ဘာတွေဖြစ်လာမလဲ။ တရားမဝင်နေထိုင်တဲ့ ပြည့်တန်ဆာအလုပ်သမားတွေရဲ့ ...
movie

Princess (2022)

Il Boemo (2022) 6.5
Il Boemo (2022) Il Boemo (2022)ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ ...
movie

Il Boemo (2022)

2022
The Hand of God (2021) 7.5
The Hand of God (2021) The Hand of God (2021)====================IMDb Rating - 7.5/1094 ကြိမ်မြောက် အော်စကာအတွက် Best International Feature Film အတွက် submission တင်ထားတဲ့ကားလေး။ 78 ကြိမ်မြောက် Venice International Film Festival မှာ Grand Jury Prize ရထားပြီး အော်စကာ၊ Golden Globe နဲ့ Bafta ဆုတွေ ဆွတ်ခူးထားဖူးတဲ့ ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထားတဲ့အပြင် IMDb 7.5, Rotten Tamatoes 82% ရပ်တည်မှုနဲ့အတူ ၁၉၈၀ ခုနှစ်တွေက ဖာဘီယက်တိုဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို မြင်ရဦးမှာပါ။  သူကြုံရတဲ့ အဖြစ်အပျက်တွေကို coming of age ဆန်ဆန်ရိုက်ကူးထားတာမို့ သာမာန် ထဲကခွဲထွက်နေတဲ့ရုပ်ရှင်ကားလေးပေါ့။ဖာဘီယက်တိုမှာ သူငယ်ချင်း များများစားစားမရှိဘူး။ များသောအားဖြင့် သီချင်းတွေ နားထောင်နေတတ်ပြီး အိမ်ကွင်းအတွက် ကစားပေးနေတဲ့ Napoli ...
movie

The Hand of God (2021)

2021