Channel Myanmar
Linus Roache
The Wings of the Dove (1997) 7.1
The Wings of the Dove (1997) The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie
The Wings of the Dove (1997)
2024
The Apology (2022) 5.0
The Apology (2022) သမီးပျောက်ထားတာ နှစ် ၂၀ တောင်ကြာသွားပြီဖြစ်တဲ့ အမေဖြစ်သူဒါလင်း။ နှစ်တွေဆယ်နဲ့ချီသွားပေမယ့်လည်း သမီးဖြစ်သူကို တစ်နေ့နေ့တော့ရှာတွေ့မှာပါဆိုတဲ့စိတ်နဲ့ နေထိုင်လာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ခရစ်စမတ်စားသောက်ပွဲလုပ်ဖို့ စီစဉ်နေတုန်း အရင်တုန်းကခဲအိုဖြစ်ခဲ့တဲ့သူက အိမ်ကိုမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ဒီနှစ်တွေထဲ သမီးလေးအတွက်တရားခံကို ဒါလင်းဘာလုပ်ချင်မလဲ။ သေလောက်အောင်သတ်ပစ်ချင်နေမလား ဒါမှမဟုတ် တောင်းပန်တာကိုပဲလိုချင်တာလား... Breaking Bad ကမင်းသမီး Anna Gunn ကပါဝင်သရုပ်ဆောင်ထားပါတယ်File size…(1.2GB)  / (`492MB) / (284MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
The Apology (2022)
My Policeman (2022) 6.3
My Policeman (2022) My Policeman (2022) ================ IMDb Rating - 6.3/10One Direction အဖွဲ့က ဟယ်ရီစတိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားတဲ့ BL ရုပ်ရှင်အသစ်တစ်ကားဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ရဲသားကြီးဆိုတဲ့နာမည်နဲ့ နာမည်ကျော်ဝတ္ထုကို ပြန်ရိုက်ကူးထားတာပါ။ Firebird ဇာတ်လမ်းနဲ့ဆင်သလိုလိုပဲလို့ ပြောရမှာပါပဲ။ Call Me by Your Name ကိုမမီပေမဲ့ အတော်လေးကောင်းတဲ့ ဗြိတိန်အချစ်ဇာတ်လမ်းပါပဲ။ဇာတ်လမ်းအကျဉ်း ============= တွမ်ဟာ စိတ်ထားကောင်းပြီး ယဉ်ကျေးတဲ့ ရဲတပ်သားလေးတစ်ယောက် ပါပဲ။  တွမ့်ကိုအရမ်းကြိုက်နေတဲ့ မာရီရွန်ဆိုတဲ့ကောင်မလေးကတော့ ကျောင်းဆရာမလေးပေါ့။ သူတို့နှစ်ယောက်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာသူကတော့ ပြတိုက်မှူး ပန်းချီဆရာ ပတ်ထရစ်ပါပဲ။ဇာတ်အိမ်တည်ထားတာက ဗြိတိန်ရဲ့ ၁၉၅၀ ကျော်ကာလဖြစ်လို့ လိင်တူ ချစ်ကြိုက်မှုဟာ ပြစ်မှုမြောက်ပါတယ်။ ထောင်ကျပါတယ်။ ဒီတော့ သူတို့ သုံးယောက်ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သိုင်းချခန်းအချို့ပါဝင်လို့ မိသားစုနဲ့တော့ ကြည့်လို့မသင့်တော်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(500 MB) Quality............Web-DL 720p Duration.........1Hr 53mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Mr.Anderson Encoder..........SWM
movie
My Policeman (2022)
2022
Hart’s War(2002) 7.0
Hart’s War(2002) Hart's War(2002) အညွှန်း*********************** မင်းသားကြီး Bruce Willis နဲ့ Collin Ferrellတို့ရဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းက true story လို့မဆိုသာပေမယ့် ‌စာရေးဆရာ John Katzenbach ကသူ့အ‌ဖေ Nicholas ရဲ့ စစ်တွင်းအတွေ့အကြုံတွေကို မှီငြမ်းထားတာမလို့ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်လို့ဆိုရမှာဖြစ်ပါတယ်.. အဲဒီခေတ်က အပြင်လောကမှာသာမက တပ်ထဲမှာပါလူ‌ဖြူလူမည်းဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။WWII  ကာလ တပ်သားစုဆောင်းရေးမှာ ဥပဒေဒုတိယနှစ်ကျောင်းသား‌လေးသောမတ်စ်ဟာ့တ်လည်း ပါသွားတယ်..သူက စစ်ပွဲနဲ့ လားလားမှ မသက်ဆိုင်တဲ့သူ လက်ဖ်တင်နင်ဘဝနဲ့ပဲ ကျေနပ်နေတဲ့သူပေါ့...ဒါပေမယ့် သူ့အဖေကလည်း တပ်ထဲမှာ ထူးချွန်တဲ့ အရာရှိကြီးတစ်ဦး.. တစ်နေ့တော့ အူတီးအူလည်နဲ့ အထက်လူကြီးတစ်ယောက်ကို လိုက်ပို့ရင်းဂျာမန်‌တွေဆီမှာ အဖမ်းခံလိုက်ရတယ် ဟာ့တ်တစ်ယောက် သုံ့ပန်းစခန်းကိုရောက်သွားပြီး  Bruce Willis  တို့ထံရောက်သွားတယ်..စစ်သုံ့ပန်းဘဝနဲ့ ဘယ်လိုပြဿနာမျိုးစုံတွေ့ရမလဲဆိုတာကိုတော့...   File Size : (2.03GB)(761 MB) and (245MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : War , Drama Subtitle : ...
movie
Hart’s War(2002)
A Call to Spy (2020) 5.7
A Call to Spy (2020) A Call to Spy (2020)===============IMDb Rating - 5.7/10#UnicodeA Call to Spyဟာ ရှားရှားပါးပါး ဒုတိယကမ္ဘာစစ်အတွင်းက အမျိူးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို အသားပေးဖော်ပြထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင် ရုပ်ရှင်ပါပဲ။ဒုတိယကမ္ဘာစစ်ကနဦးမှာ ချာချီဟာ SOEကိုဖွဲ့ပြီး နာဇီတွေကိုထောက်လှမ်းဖို့နဲ့ သတင်းပို့ဖို့ ပြင်သစ်ကို စပိုင်တွေလွှတ်ခဲ့တယ်။ နောက်ပိုင်းမှာ SOEကနေ ထောင်လှမ်းရေးအလုပ်တွေမှာ သိသာထင်ရှားမှုပိုနည်းတဲ့ အမျိူးသမီးတွေကို စပိုင်အဖြစ်စေလွှတ်ဖို့ အကောင်အထည်ဖော်ခဲ့တယ်။ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီးစပိုင်ဟာ ဗာဂျင်နီယာ ဟောပါ။ ဗာဂျင်နီယာဟောဟာ ဗြိတိန်စပိုင်ဖြစ်ခဲ့ပေမယ့် အမေရိကန်သူတစ်ယောက်။ သံတမန်ဖြစ်လို့တဲ့အတွက် အကြိမ်ကြိမ်လျှောက်ထားခဲ့ပေမယ့် ခြေထောက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိတဖြစ်နေတာကြောင့် ပယ်ချခံရတဲ့ သနားစရာ အမျိုးသမီးပါပဲ။ ကံကောင်းချင်တော့ အမျိုးသမီးစပိုင်ခန့်အပ်ရေးအတွက် လူရှာနေတဲ့ SOEရဲ့ စက္ကထရီ ဗီရာအတ်ကင်နဲ့ တွေ့သွားခဲ့တယ်။ ဗီရာအတ်ကင်ကလည်း နေရာတစ်ခုရထားပေမယ့် ဂျူးလူမျိူးဖြစ်နေလို့ ဗြိတန်မှာ နေရသိပ်အဆင်မပြေဖြစ်နေတဲ့ အမျိူးသမီး။ သူရှာခဲ့တဲ့ စပိုင်နှစ်ယောက်မှာ တစ်ယောက်က ဒုက္ခိတ တစ်ယောက်က မွတ်စလင်။ သူ့နည်းသူ့ဟန်နဲ့ အနှိမ်ခံနေရတဲ့ အမျိုးသမီးတွေ။ သူတို့ဟာ သူတို့ရဲ့ အားနည်းချက်တွေကိုပဲ အားသာချက်အဖြစ်အသုံးချပြီး ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ကြ သူတို့နိုင်ငံအတွက်အားထုတ်ခဲ့ကြတယ်။ဗာဂျင်နီယာဟောနေရာမှာ သရုပ်ဆောင်တဲ့ Lead Actor Sarah Megan Thomas ကိုယ်တိုင် ဇာတ်ညွှန်းရေးထားပြီး ဒါရိုက်တာကလည်းအမျိုးသမီးဒါရိုက်တာပဲဖြစ်တဲ့အတွက် အမျိုးသမီးစွမ်းဆောင်ရည်ပြရုပ်ရှင်ကို အမျိူးသမီးတွေချည်းဦး‌ဆောင်ရိုက်ထားကြတယ်ဆိုရမယ်။A call to spyကို Audienceတွေပေးတဲ့ဘက်က IMdb ...
movie
A Call to Spy (2020)
2020
The Last Full Measure(2019) 7.0
The Last Full Measure(2019) The Last Full Measure(2019)(unicode)ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား တပ်ကြပ်ကြီးတစ်ယောက်ရောက်လာတယ်...သူလာခဲ့တဲ့ကိစ္စကလည်း ခပ်ဆန်းဆန်းပဲ... လေတပ်က စစ်သည်တစ်ယောက်ရဲ့ သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီးလာခဲ့တာပါ... ဒီလေတပ်စစ်သည်ဟာ အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ သေဆုံးသွားခဲ့ပြီး နောက်တော့ သူ့ရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကြောင့် လေတပ်သူရဲကောင်းဘွဲ့ရခဲ့ပါတယ်... တပ်ကြပ်ကြီးလာခဲ့တဲ့အကြောင်းရင်းက အမေရိကန်ရဲ့အမြင့်ဆုံးသူရဲကောင်းဘွဲ့ဖြစ်တဲ့ Medal of Honor မပေးလို့ ရောက်လာတာပါ......နှစ်(၃၄)နှစ်တောင်ကြာမြင့်နေပြီ ဒီတပ်ကြပ်ကြီးကတော့ သူ့တို့ရဲ့ ရဲဘော်ရဲဘက်ဟာ Medal Of Honor မရလို့ ပေါက်ကွဲနေပုံပါပဲ....အဲ့ဒီနောက်တော့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စတစ်ခုလုံးပြန်လည်စုံစမ်းပြီး Medal Of Honor ပေးသင့်မပေးသင့် ဆုံးဖြတ်ပါတော့တယ်.. ဘာကြောင့် ဒီတပ်ကြပ်ကြီးဟာ အမြင့်ဆုံးသူရဲကောင်းဘွဲ့အတွက် ရောက်လာတာလဲ.. သူက အဲ့ဒီလို ရစေချင်လောက်အောင် ဒီလေတပ်စစ်သည်ဟာ စစ်ပွဲအတွင်း ဘာလိုတွေများစွမ်းဆောင်ခဲ့တာလဲ... ဒီစစ်ကားက တော်တော်ကြီးကိုကောင်းပါတယ်...စုံစမ်းမေးမြန်းနေတာကို တစ်လှည့်ပြလိုက် ရှေ့တန်းစစ်မြေပြင်ရဲ့ ကြောက်စရာ တိုက်ပွဲတွေကိုတစ်လှည့်ပြလိုက်နဲ့ တကယ့်ကို လန်းပါတယ်...စစ်ကားကြိုက်သူတို့ အတွက် လက်မလွှတ်သင့်ပါကြောင်း.. ပြီးတော့ တကယ့်မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတာပါ...Samuel L. Jacksonတို့ Sebastian Stan တို့ အဓိက ပါဝင်ထားပါတယ်...ခံစားကြည့်ကြပါဦး...(zawgyi)ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့တဲ့အငြိမ်းစား တပ်ကြပ်ကြီးတစ်ယောက်ရောက်လာတယ်...သူလာခဲ့တဲ့ကိစ္စကလည်း ခပ်ဆန်းဆန်းပဲ... လေတပ်က စစ်သည်တစ်ယောက်ရဲ့ သူရဲကောင်းဘွဲ့နဲ့ပတ်သက်ပြီးလာခဲ့တာပါ... ဒီလေတပ်စစ်သည်ဟာ ...
movie
Mandy (2018) 7.8
Mandy (2018) နာမည်ကျော် မင်းသားကြီး နီကိုးလက်စ် ကေ့ဂ်ျ  အကြာကြီးပျောက်နေပြီးမှ ပြန်ပေါ်လာတဲ့ ရုပ်ရှင်ကားလို့ပဲ ပြောရမလား မင်းသားကြီးကို လွမ်းနေတဲ့သူတွေ အတွက် အကောင်းဆုံး သရုပ်ဆောင်ထားပေးပါတယ် ဒီ Mandy ဆိုတဲ့ ရုပ်ရှင်ကားဟာ ဘာသာရေး အစွန်းရောက် တဲ့ ပုံစံမျိုးကို ပြသထားပြီး သွေးထွက်သံယို အခန်းတွေ ၊ ညစ်ညမ်းတဲ့ အခန်းတွေ အတော်များများ ပါဝင်လို့ နှလုံးရောဂါ ရှိသူများ ကလေးသူငယ်များ မကြည့်သင့်ပါ မိသားစု အတူ ကြည့်ရှုရန် မသင့်တော်ပါ ဇတ်လမ်းကို ၁၉၈၃ ခုနှစ် ၀န်းကျင် ပုံစံဖန်တီးထားပြီး ရဒ် နဲ့ မန်ဒီ ဆိုတဲ့ လင်မယား ၂ ယောက် ဟာ လူတွေ နဲ့ ဝေးတဲ့ နေရာတစ်ခုမှာ အိမ်လေး ဆောက်ပြီး ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့... ဒါပေမယ့် တစ်ရက်မှာတော့ ရဒ် ရဲ့ အမျိုးသမီး မန်ဒီ ကို ဘာသာရေးအစွန်းရောက် ခေါင်းဆောင် တစ်ဦးက လမ်းတစ်နေရာမှာ ဖြတ်ခနဲ မြင်ပြီးနောက် မနေနိုင် မထိုင်နိုင်တွေ ဖြစ်ပြီး သူ့ အနား ခေါ်ထားချင်တာနဲ့ လူသတ် သမား အုပ်စု ကို ရဒ် နဲ့ မန်ဒီ တို့ဆီ လွှတ်ပြီး ဖမ်းခိုင်းပါတော့တယ်...  ရဒ် နဲ့ ...
movie
Mandy (2018)
2018
The Chronicles of Riddick (2004) 6.7
movie
2004