Channel Myanmar

Lisa Ann Walter

Diary of a Wimpy Kid Christmas: Cabin Fever (2023) 5.8
Diary of a Wimpy Kid Christmas: Cabin Fever (2023)  ခရစ္စမတ်ချိန်ခါနီးပြီဆိုတော့ Disneyက အသစ်ထွက်ထားတဲ့ဟာသကာတွန်းကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Christmas ရဲ့ထုံးစံအတိုင်း Santaဟာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေအများကြီးပေးတယ်လို့ မိဘတွေကပြောကြပါတယ်။ ဒီတော့ ကလေးတွေမှာ ကိုယ်လိုချင်တဲ့လက်ဆောင်ရဖို့အရေး Christmasရောက်ဖို့တစ်လလုံး လိမ္မာပြရပါတယ်။Santaကြားသွားရင် လက်ဆောင်မပေးတော့မှာဆိုးလို့ ယောင်လို့တောင် စကားအမှားမထွက်ရဲကြပါဘူး။ ဒီကလေးတွေထဲကမှ Gregဆိုတဲ့ကောင်လေးဟာ ဂိမ်းစက်အသစ်လိုချင်နေပါတယ်။ လိမ္မာမှလိုချင်တာရမယ်ဆိုပေမဲ့ Christmasမရောက်ခင်တစ်ပတ်လောက်အလိုမှာ သူ့သူငယ်ချင်းနဲ့အတူ အပြစ်ကြီးကြီးမားမားတစ်ခုလုပ်မိသွားပါတယ်။ ဒီအချိန်မှာ ဂိမ်းစက်ကိုလည်းဂရုမစိုက်နိုင်တော့ဘဲ ‌ဒီကိစ္စကိုဘယ်သူမှမသိဖို့အရေး လူတကာပျော်နေချိန်မှာ အပူအပင်တွေနဲ့လုံးပမ်းနေရပါတယ်။Greg တို့သူငယ်ချင်း၂ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ File size…1 GB / 478 MB Quality…DSNP WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 2m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Diary of a Wimpy Kid Christmas: Cabin Fever (2023)

Drillbit Taylor(2008) 5.7
Drillbit Taylor(2008) IMDb 5.7 / Rotten Tomatoes 26%စိတ်အပန်းပြေစေမယ့် ဆယ်ကျော်သက်ကျောင်းသား ဟာသကားလေး Drillbit TaylorDrillbit Taylor ဆိုတဲ့အတိုင်း ဒီဇာတ်ကားလေးထဲမှာ ပလက်ဖောင်းခေါင်းအုံး လမ်းဘေးရေပန်းမှာ ကိုယ်တုံးလုံးချွတ် ရေချိုးလေ့ရှိတဲ့ အိမ်ခြေမဲ့ တပ်ပြေး Drillbit Taylor နဲ့ကျောင်းတွင်းအနိုင်ကျင့်ခံနေရတဲ့ အထက်တန်းကျောင်းသားလေး သုံးယောက်တို့ရဲ့ အလွဲလေးများကို ရယ်မောဖွယ် ကြည့်ရှုရမှာပါ အိမ်ခြေမဲ့ဘဝမှာ လူတွေရဲ့ကဲ့ရဲ့တဲ့အကြည့်တွေ အပြောတွေကို မုန်းတီးလာတဲ့ Drillbit Taylor တစ်ယောက် ကနေဒါမြောက်ပိုင်းမှာ သွားအချေခြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ အထက်တန်းကျောင်း စတက်တက်ချင်းမှာပဲ ကျောင်းသားကြီးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်းကို နေ့စဥ်ရက်ဆက် ခံနေတဲ့ ကျောင်းသားလေးသုံးယောက်ဟာကိုယ်တိုင် ပြန်မခုခံနိုင်တဲ့အဆုံး မိမိတို့ကို ကာကွယ်ပေးမယ့် သက်တော်စောင့်တစ်ယောက် ငှားဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ...ခရီးစရိတ်လိုအပ်နေတဲ့ Drillbit နဲ့ သက်တော်စောင့်လိုနေတဲ့ သူတို့လေးတို့ တွေ့ဆုံကာ အလုပ်ဖြစ်သွားပါတော့တယ်Drillbit တစ်ယောက် ကလေးတွေရဲ့ကျောင်းမှာ ဆရာအဖြစ် ဟန်ဆောင်ရင်း ...
movie

Drillbit Taylor(2008)

The Parent Trap (1998) 6.6
The Parent Trap (1998) The Parent Trap (1998)~ IMDb - 6.6/10, Rotten Tomatoes - 86% ~လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ဒါပေမ‌ဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း ‌သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ ...
movie

The Parent Trap (1998)

1998