Channel Myanmar

Liu Guanqi

The Warrior From Sky ( 2021 ) 6.1
The Warrior From Sky ( 2021 ) CMပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ နတ်တွေထဲမှာအစွမ်းအရမ်းကြီးတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ Chen Nanရဲ့ဇာတ်လမ်းလေးပဲဖြစ်တဲ့ The Warrior from Sky ဆိုတဲ့ Fantasy ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမိတ်ဆက်ပေးရမယ်ဆိုရင်...... ကောင်းကင်ဘုံတိုက်ပွဲမှာ နတ်နဲ့မိစ္ဆာကိုဦးဆောင်ခဲ့တဲ့ ရှေးစစ်နတ်ဘုရား Chen Nan ဟာနှစ်တစ်သောင်း အိပ်စက်ပြီးနောက် နှင်းတွေလွှမ်းတဲ့တောင်ထိပ်ပေါ်က သင်္ချိုင်းမြေမှာ နိုးထလာခဲ့တယ်။ နိုးထလာတဲ့ Chen Nan ဟာအတိတ်မေ့နေပြီးတော့ နတ်စွမ်းအင်တွေလဲချိတ်ပိတ်ခံထားရပါတယ်။ချောက်ထဲကိုတွန်းချခံရတဲ့သူဟာ ချူတိုင်းပြည်ထဲ မျက်စိလည်လမ်းမှားပြီးရောက်သွားခဲ့တယ်။ Chen Nanကသူဘယ်သူလဲဆိုတာကို စူးစမ်းရှာဖွေရင်း သူ့ရဲ့နတ်စွမ်းအားတွေကိုပြန်ဖွင့်ဖို့ကြိုးစားရင် နောက်ဆုံးမှာကမ္ဘာကြီးကို ကယ်တင်ဖို့ဖြစ်လာပါတော့တယ်။ ပီပြင်တဲ့စီဂျီအိုင်အဖက်တွေ ကောင်းမွန်တဲ့အက်ရှင်တွေ သရုပ်ဆောင်တွေနဲ့ဖန်တက်စီကားချစ်သူတွေ အကြိုက်တွေ့စေမယ့်ကားလေးပဲဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Warrior From Sky ( 2021 )

Detective Dee and Fire Unicorn ( 2022 ) 6.5
Detective Dee and Fire Unicorn ( 2022 ) Detective Deeရဲ့ စုံထောက်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ် အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။မီးပုံးပွဲ​တော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီး ဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။ အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။ အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကို ပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာ တလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကို ခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။ အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ ဘယ်ကရောက်လာတာများလဲ။ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကို ဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်က ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ အခုပဲကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Detective Dee and Fire Unicorn ( 2022 )