Channel Myanmar

Liu Haocun

Just For Meeting You ( 2023 ) 5.8
Just For Meeting You ( 2023 ) ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် ကျောင်းသား အချစ်ရုပ်ရှင်ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းပြောင်းလာတဲ့ ရွှီညန့်ညန့်ဟာ ယန်ရိနဲ့ အထင်လွှဲမှုတစ်ခုကြောင့် ရန်ငြိုးထားခံရပြီး ပြဿနာလုပ်ခံရပါတယ်။ မတည့်အတူနေ နှစ်ယောက်ဟာ အချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ အနိုင်လိုချင်စိတ်ကြောင့်လို့ ထင်နေကြပေမယ့် မသိမသာအတွင်းမှာ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ကောင်မလေးနဲ့ ကောင်လေးတို့ဟာ ဒီလိုနဲ့ တက်ကြွတောက်ပပြီး မေ့လို့မလွယ်တဲ့ အထက်တန်းအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့်လဲနောက်ဆုံးမှာတော့ ခွဲခွါခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။အချင်းချင်းမေ့မရတဲ့ နှစ်ယောက်သား ပြန်တွေ့တဲ့အချိန်မှာ သတ္တိရှိစွာနဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး ကိုယ့်ရင်ထဲက အချစ်တွေကို ရင်ဆိုင်နိုင်ကြမလား ဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie

Just For Meeting You ( 2023 )

Ride On (2023) 6.7
Ride On (2023) Ride On (2023) ============မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့ အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ Jing Wu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ Rongguang Yu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGI တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က စတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါ တယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသ ထားတာပါ။ဇာတ်လမ်းအကျဉ်း - ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး အနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ် ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။ သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီး နောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့ သိမ်းဖို့ကြိုးစားလာပါတယ်။ ...
movie

Ride On (2023)

2023
A Little Red Flower ( 2020 ) 6.6
A Little Red Flower ( 2020 ) ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူကအကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့...အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကိုတည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီးမမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်...ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်...ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာအတွေးလေးတစ်စရမှာပါ...ဒီကားလေးက အဓိကပေးချင်တာကတော့မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ  Quality : WEB-DL 1080p Format : mp4 Duration : 2h 2min Genres : Drama , Family Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu Encoded By LK
movie

A Little Red Flower ( 2020 )

Cliff Walkers ( 2021 ) 7.0
Cliff Walkers ( 2021 ) ဂျပန်စစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားကြသူတွေဟာ တိုင်းပြည်အတွက်အနစ်နာခံကာ သေပွဲဝင်ဖို့အမြဲတမ်း အသင့်ဖြစ်နေ​ကြတဲ့သူတွေပါမနက်ဖြန် နေထွက် နေဝင်တာကို မြင်ရ မမြင်ရ မသေချာဘဲနဲ့ဆက်လက်လျှောက်လှမ်းနေ​ကြတဲ့ ရဲရင့်တဲ့သူရဲ​ကောင်းတွေပဲဖြစ်ကြပါတယ်ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဂျပန်စစ်သားတွေအုပ်စိုးချိန်တရုတ်တော်လှန်ရေးသမားတွေဖြစ်တဲ့ ကွန်မြူနစ်တွေ ဘယ်​လောက်ခက်ခဲကြမ်းတမ်းစွာ စစ်ဆင်ရေးဆင်းရပုံတွေကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ပါတယ်ဇာတ်လမ်းအကြောင်းအရာလေးကတော့...တရုတ်ကွန်မြူနစ်ဌာနချုပ်ဟာ အူတာနယာစစ်ဆင်ရေးကို လုပ်ဆောင်ဖို့သေ​သေချာချာလေ့ကျင့်ရေးဆင်းထားတဲ့ ​လျှို့ဝှက်အေးဂျင့် လေးယောက်ကိုဟာပင်းကို စေလွှတ်လိုက်ပါတယ် ဒါပေမဲ့လည်း သူတို့ရဲ့အတွင်းလူသစ္စာဖောက်ခံရပြီး သရုပ်မှန်ပေါက်ကြားဖို့ဖြစ်လာတဲ့အချိန်မှာတော့ သူတို့လေးယောက်ဘယ်လိုအခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကိုစိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ် Quality : WEB-DL 720pFormat : mp4During : 2hrFilesize : 1.37 GBSubtitle : Myanmar Sub ( Hardsub )Translated By Yamin EiEncoded By LK
movie

Cliff Walkers ( 2021 )

One Second ( 2020 ) 7.3
One Second ( 2020 ) ဒီကားလေးကတော့ Box office worldwideမှာ $10600000အထိဝင်ငွေစံချိန်တင်ရရှိထားတဲ့Nov27 2020မှာထွက်လာတဲ့ Drama History အမျိုးအစားဖြစ်ပါတယ်1975ခုနစ် တီဗီတွေမရှိသေးချိန်ဖလင်နဲ့ ပိတ်ကားပေါဇာတ်ကားပြလေ့ရှိပါတယ်..ွဒီအချိန်မှာ ဇာတ်ကားမပြသခင်လာတဲ့ သတင်းအတိုအထွာမှာ၂၂ရက်နေ့ ပါလာတဲ့သမီးလေးပါတဲ့ one secondစာမြင်ကွင်းကိုကြည့်ရဖို့အလုပ် ကြမ်းထောင်ကနေထွက်ပြေးလာတဲ့ကျန်းကျုံစိမ်း..ဖလင်လိပ်တွေကိုမီးပုံးလုပ်ပေးဖို့လိုက်ခိုးယူနေတဲ့လျိုကွေးနွီ...ဖလင်လိပ်တွေလမ်းမှာပျက်ဆီးသွားလို့ အလုပ်မပြုတ်ဖို့ အရေး ကြိုးစားရတဲ့ဖန့်တျန့်ရင်တို့သုံးယောက်သားဆုံကြတဲ့အခါ....ဖလင်လိပ်တစ်လိပ်ပဲရှိချိန် ဖလင်ဆေးရည်လဲမရှိတဲ့အချိန်မှာ ဘယ်လိုတွေကြိုးစားပြီးပြန်ရယူမလဲ...ကျန်းကျုံစိမ်းက ၂၂ရက်နေ့သတင်းအတိုအထွာမှာပါတဲ့သူ့သမီးလေးကို မြင်တွေ့ခွင့်ရနိုင်ပါ့မလား..ဇာတ်ကား ကြည့်ဖို့အရေးခက်ခဲမှုများစွာနဲရင်ဆိုင်ရတဲ့ ခေတ်ကာလကိုဖော်ပြသွားပြီးဖခင်တစ်ယောက်ရဲ့သမီးအပေါထားတဲ့သံယောဇဉ်ကိုမြင်ရမှာပါ  Quality : WEB-DL 720pFormat : mp4During : 1h 44minSubtitle : Myanmar Subtitle ( Hardsub )Translated By Phyo ZawEncoded By LK
movie

One Second ( 2020 )