Channel Myanmar

Liu Lincheng

Flying Scrap Car ( 2024 ) 5.7
Flying Scrap Car ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ Flying Scrap Car ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းလေးကတော့ ဖျောင်ယီရွာဆိုတာကတော့ ပြိုင်ကားပြိုင်ပွဲတွေကျင်းပတဲ့ ပြိုင်ပွဲကွင်းနေရာဖြစ်တာပေါ့။ ဒီရွာလေးရဲ့ထူးခြားချက်ကတော့ အသုံးမဝင်တဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ ပြိုင်ကားသဖွယ်လုပ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကြတာပေါ့။ အဲ့လိုပစ္စည်းတွေကို ပြန်တပ်ဆင်ပြုပြင်တဲ့စက်ရုံကို ပိုင်ဆိုင်ထားတဲ့ ဖန်းရှန့်ကတော့ အကြွေးတွေ ပတ်လည်ဝိုင်းနေပြီး ပျော်ပျော်နေတတ်တဲ့လူဖြစ်ပြီး ရိုးသားဖြူစင်တဲ့လူတစ်ယောက်ဖြစ်တယ်။သူနဲ့ဆရာတူအစ်ကိုတော် မာထာ့ဆွေကတော့ သူ့ဆရာနဲ့ပြိုင်ပြီးအနိုင်ရရှိသွားတဲ့လူဆိုပေမဲ့ ဖျောင်ယီရွာရဲ့ ပြိုင်ဘက် ဂလိုဘယ်လုပ်ငန်းစုကုမ္ပဏီဆီ သစ္စာတော်ခံခဲ့တာကြောင့် တရွာလုံးက သူ့ကိုသစ္စာဖောက်အဖြစ်မုန်းတီးနေကြတာပေါ့။ဒီလိုနဲ့တနေ့မှာ တကမ္ဘာလုံး ပြိုင်ကားပြိုင်ပွဲရဲ့ ပြိုင်ပွဲခွဲကျင်းပဖို့ကွင်းနေရာစကားတင်စာရင်းမှာ ဖျောင်ယီရွာနဲ့ ဂလိုဘယ်ကုမ္ပဏီနှစ်ခုက ထိပ်တန်းအကြိတ်အနယ်ယှဉ်ပြိုင်ကြတာပေါ့။ ကဲဒီတော့ ပြိုင်ဘက်ဂလိုဘယ်ကုမ္ပဏီနဲ့ ဖျောင်ယီရွာတို့ယှဉ်ပြိုင်မှုကြား ဘယ်သူအနိုင်ရရှိမလဲ။နောက်ဆုံးမှာ ဘယ်သူကိုရွေးချယ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ယှဉ်ပြိုင်မှုတွေကို ဟာသအရောအနှောလေးနှင့် တင်ဆက်ထားတာဖြစ်တာကြောင့် အမောပြေဟာသဇာတ်လေးတစ်ပုဒ်ကောင်းကို လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy  Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Flying Scrap Car ( 2024 )

League of Gods: Leizhenzi ( 2024 ) 5.7
League of Gods: Leizhenzi ( 2024 ) ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ယင်နှင့် ရှန်မင်းဆက်နှောင်းပိုင်းခေတ်မှာဖြစ်ပွားခဲ့ပါတယ် လိမ်းကျန့်ကျီလို့ခေါ်သူနဲ့ အားလုံးသိကြပြီးသားဖြစ်တဲ့ မြေခွေးမိစ္ဆာ စူးတာကျီတို့ရဲ့ ချပွဲလေးကိုအဓိကထားပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်သာမာန်လူသားတစ်ယောက်လို ဘာသိုင်းပညာမှမတတ်ကျွမ်းတဲ့ လိမ်းကျန့်ကျီက သိုင်းပညာမြင့်မားတိုးတက်အောင် သင်ယူလေ့လာရင်းနဲ့ လိပ်ပြာလေးလို့ခေါ်သူ လိပ်ပြာနတ်လေးနဲ့တွေ့ရှိခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်ခဲ့ရာမှ Happy Ending ဖြစ်မလား Sad Ending ဖြစ်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Fantasy Runtime : 1h 05 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Xing Xing Encoded by LK
movie

League of Gods: Leizhenzi ( 2024 )

Dragon Hunter ( 2023 ) 5.7
Dragon Hunter ( 2023 ) တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ.... သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။ နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီး နဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင် ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီး သတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။ အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျ မဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးက အဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။ သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား...... ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dragon Hunter ( 2023 )

Grandpa Tea ( 2022 ) 5.9
Grandpa Tea ( 2022 ) ဒီတစ်ခါမှာ CM Chinese Fansတွေကိုမြို့ပြရဲ့ပျားပိတုန်းတွေလို လူးလားခတ်အလုပ်ရှုပ်မှုတွေကိုခဏထားခဲ့ပြီး စိမ်းစိုပြီးသာယာအေးချမ်းတဲ့လက်ဖက်စိုက်ခင်းတောင်ပေါ်ကိုခေါ်သွာပေးပါရစေရှောင်ပိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မြို့ကြီးတစ်ခုမှာနေထိုင်ပြီး Live Sale ရောင်းတဲ့အလုပ်လုပ်ပါတယ်။ အဖိုးရဲ့အသက်(၇၀)ပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့အတွက်ရွာကိုပြန်လာတဲ့အခါမှာ လမ်းမှာကားဘီးပေါက်တော့ အူကြောင်ကြောင်ရွာသားတစ်ယောက်နဲ့တွေ့ပြီး မကောင်းကြံသူလို့ထင်မှားမိကာ မျက်လုံးကိုငရုတ်ရည်နဲ့ဖြန်းခဲ့မိပါတယ်။နောက်မှသိလိုက်ရတာကအဲဒီအူကြောင်ကြောင်ကောင်လေးဟာ သူ့အဖိုးရဲ့တပည့်ကျော်ဖြစ်နေတာပါပဲ။ မွေးနေ့ပွဲမှာရှောင်ပိုင်ရဲ့မထင်မှတ်ပဲလုပ်မိတဲ့အမှားကြောင့် အဖိုးဖြစ်သူကဆေးရုံတက်ရပါတော့တယ်။ အဲဒီလိုနဲ့ မြို့ကြီးသူနဲ့အူကြောင်ကြောင်ရွာသားလေးတို့က လက်တွဲပြီးအလုပ်လုပ်ဖို့ဖြစ်လာပါတော့တယ်။ မြို့ကြီးသူနဲ့ ရွာသားလေးတို့ဘယ်လိုအလွဲအလွဲအချော်ချော်ဖြစ်ကြဦးမယ်...... သူတို့၂ယောက်ကြားမှာအချစ်မီးပန်းတွေရောပွင့်လာနိုင်မလား... ဆိုတာကို စိမ်းစိုပြီးအရမ်းလှပတဲ့ရှုခင်းတွေကြည့်ရင်း ခံစားလိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Grandpa Tea ( 2022 )

Golden Spider City ( 2022 ) 6
Golden Spider City ( 2022 ) ဒီတစ်ခါစွန့်စားခန်းဖွင့်မယ့်နေရာကတော့ ရွှေပင့်ကူမြို့တော်ပဲဖြစ်ပါတယ်။ ရွှေမြို့တော်ကိုရောက်ရင်ထာဝရအသက်ရှင်နိုင်မယ်ဆိုတဲ့ ယုံတမ်းစကားတစ်ခုရှိပါတယ်။ အဲ့ဒီမြို့ဟာ ကျွန်းတစ်ကျွန်းရဲ့မြေအောက်မှာရှိတာဖြစ်ပြီး ရောက်ဖူးသူတစ်ယောက်မှမရှိသလို ၊ ​ပြန်ထွက်လာနိုင်သူလည်းမရှိပါဘူး။ဇာတ်လိုက်ကတော့ စစ်မာချုံဆိုတဲ့ကောင်လေးဖြစ်ပြီး အဖေဖြစ်သူ စစ်မာဟွေးကတော့ လွန်ခဲ့တဲ့၂၂နှစ်က ရွှေမြို့တော်ကိုသွားရင်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာသူ့ရည်းစား လီဆာတစ်ယောက်ပြန်ပေးဆွဲခံရပြီး ၊ လီဆာရဲ့အသက်နဲ့ခြိမ်း​ခြောက်ကာ မြေအောက်ကမ္ဘာကိုသွားဖို့ အတင်းအကြပ်စေခိုင်းခြင်းခံရပါတော့တယ်။အဲ့ဒါတင်မကဘဲ ရွှေမြို့တော်ကိုပါသွားဖို့ဖိအားပေးလာတဲ့အခါ... ထူးဆန်းတဲ့လူတစ်ယောက်ပေါ်လာပြီး အသက်ကလည်းရွယ်တူလောက်ကို သူ့ကိုယ်သူ စစ်မာဟွေး(မင်းသားရဲ့အဖေ) ပါလို့ပြောလာတဲ့အခါ....သုံးယောက်သားဟာ ရွှေမြို့တော်ရှိရာ ကျွန်းသို့သွားဖို့ဖြစ်လာခဲ့ပါတယ်။ မင်းသားရဲ့အဖေဟာ တကယ်ပဲ ရွှေမြို့တော်ကနေပြန်ထွက်လာနိုင်ခဲ့လား... ရွှေမြို့တော်ရဲ့လျို့ဝှက်ချက်ကရောဘာလဲ။ ဧရာမပင့်ကူကြီးတွေကြား သည်းထိတ်ရင်ဖို စွန့်စားကြမယ့်ခရီးစဥ်ဟာ ဘယ်လိုအဆုံးသတ်လေမလဲ။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 27min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Minnie , Shwe Zin Oo Encoded by LK
movie

Golden Spider City ( 2022 )

Monster Hunters ( 2020 ) 3.6
Monster Hunters ( 2020 ) 7 လပိုင်းကမှ ထွက်ထားတဲ့ သိုင်းဇာတ်ကားအသစ်လေးပါပဲပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းအမျိုးအစားပါအညွန်းလေးကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လောကမှာလူ့လောကမှာသောင်းကျန်းနေတဲ့ နတ်ဆိုးဘုရင်ကိုနတ်ဆရာထျန်းရွှမ်က သူ့တန်ခိုးစွမ်းအားနဲ့ ထိန်းချုပ်ပိတ်လှောင်နိုင်ခဲ့ပါတယ်..ဒီလိုနဲ့နှစ်ပေါင်းများစွာကြာချိန်မှာ လူ့လောကမှာအသတ်ခံရမှုတွေဆက်တိုက်ပြန်ဖြစ်လာပြီး နတ်ဆိုးဝိဉာဉ်ရောက်ရှိလာချိန်မှာတော့...ဘယ်လိုတွေရင်ဆိုင်ကြုံတွေ့လာရမှာလဲ........နတ်ဆိုးဘုရင်အစစ်ကဘယ်သူလဲ....နတ်ဆိုးဘုရင်ကိုနှိမ်နင်းနိုင်ပါ့မလား.ဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် Quality : WEB-DLSubtitle : Myanmar Subtitles ( Hardsub )Translated By Phyo ZawEncoded By LK
movie

Monster Hunters ( 2020 )