Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liu Mintao
7.0
One and Only ( 2023 )
CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။ Quality ...
movie
One and Only ( 2023 )
6
Five Hundred Miles ( 2023 )
ဘဝချင်းလဲကြမယ်ဆိုတဲ့အခါ မိသားစုတွေပါလဲရမယ်ဆိုရင် လဲနိုင်ပါ့မလား..... သာမန်ဘဝကနေရုန်းထွက်ပြီး မတူညီတဲ့ဘဝတစ်ခုနဲ့ ရှင်သန်ချင်တဲ့လူငယ်လေး လုရှောင်ကူ။လုရှောင်ကူကအသက်ကွာတဲ့မမကြီးကျင်းဟောင်ကို တိတ်တခိုးချစ်နေတဲ့လူတောမတိုးရဲတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။မမရဲ့ရည်းစားဖြစ်ချင်ပါတယ်လို့ ဆုတောင်းမိရာကနေ မမရဲ့ရည်းစားနဲ့လူချင်းလဲသွားတဲ့အခါ..... ရှောင်ကူအမြဲဖြစ်ချင်နေတဲ့ မတူညီတဲ့ဘဝတစ်ခုကိုရောက်သွားပြီး မိသားစုပါပြောင်းသွားတဲ့အခါ ဘယ်လိုရယ်စရာတွေဖြစ်လာမလဲ၊လူမှန်နေရာမှန်ပြန်ဖြစ်ဖို့ဘယ်လိုအလွဲလွဲအချော်ချော်နဲ့ ကြိုးစားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်မောရင်းကြည့်လိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy, Family , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Five Hundred Miles ( 2023 )
5.6
The Day We Lit Up The Sky ( 2021 )
ဘဝမှာ ကိုယ့်ကိုသူများတွေက ဘယ်လိုပဲမြင်မြင် ဘယ်လိုပဲပြောပြော ဘယ်လိုပဲ ပျက်ရယ်ပြုပြု ကိုယ်ပျော်နေဖို့က အဓိကပါပဲ ကျွန်တော်တို့သာလောကကြီးမှာ လေလာရာယိမ်းနေတဲ့ မြက်ပင်လေးလိုဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ကိုယ့်စိတ်ကြိုက်သာ နေလိုက်မယ်ဆိုရင်ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်မလဲလို့ တွေးမိတယ်ခံစားမိတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရှောင်ဟွမ်ဟာ အရမ်းကိုအကတော်ပြီး ကချင်ပေမဲ့လည်း အသားညိုပြီးအရပ်ပုတာကြောင့်ငါးခြောက်မလို့ အခေါ်ခံရကာ မိန်းကလေးကျောင်းမှာ အနှိမ်ခံရတဲ့လူတစ်ပါတစ်နေ့ ကျောင်းဖွင့်ပွဲအခမ်းအနားတစ်ခုမှာ အကအဖွဲ့တစ်ဖွဲ့လုံးညီညီညာညာကနေချိန်မှာ ရှောင်ဟွမ်က သူ့စိတ်ကြိုက်စည်းချက်နဲ့အတိုင်း ဘေးကနေ ပျော်မြူးကာ ကနေတာကို လောင်ကော်ဆိုတဲ့ကောင်လေးကတွေ့သွားပြီး စိတ်ဝင်စားသွားပါတော့တယ် လောင်ကော်ကတော့ရှောင်ဟွမ်တို့ကျောင်းမျက်နှာချင်းဆိုင်က ယောကျာ်းလေးကျောင်းကိုပြောင်းလာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် လောင်ကော်ဟာလည်းအကြောင်းအမျိုးမျိုးကြောင့် သူ့သူငယ်ချင်းသုံးယောက်နဲ့အတူအရှုံးသမားလိုဆက်ဆံခံနေ ရတာပါ ဒါကို ဆက်သည်းမခံနိုင်ဘဲသူတို့တွေ တစ်ခုခုကြီးကြီးကျယ်ကျယ်လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးလုပ်ဖို့ဆုံးဖြတ်လိုက်တာကတော့ ပျော်နေတဲ့အချိန်မှာပိုပျော်ရွှင်မှုပေးနိုင်ပြီးတော့ ဝမ်းနည်းအားငယ်နေချိန်မှာတော့နှစ်သိမ့်မှုပေးနိုင်တဲ့ အက ကဖို့ပါပဲ ဒီလိုနဲ့ ရှောင်ဟွမ်နဲ့ လောင်ကော်တို့သူငယ်ချင်းလေးယောက် ပေါင်းမိသွားပြီး လူတွေကိုသက်သေပြဖို့သူမတူတဲ့နည်းလမ်းတွေကို သုံးကာ သူတို့ရဲ့ ဖြစ်တည်မှုကိုဘယ်လိုမျိုးရှာဖွေမလဲဆိုတာကို သီချင်းအကလေးတွေ ဟာသတွေ တပုံကြီးနဲ့ နှောပြီးတော့ ဆက်လက်ကြည့်ရှုကြရမှာပါ Quality ...
movie
The Day We Lit Up The Sky ( 2021 )
6.7
Leap ( 2020 )
Imdb 6.7 ရရှိထားပြီးတော့ဆယ်စုနှစ်နဲ့ချီတဲ့ သမိုင်းကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဆိုမမှားတဲ့တရုတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့...တစ်ချိန်က တရုတ်အမျိုးသမီးဘောလီဘောအဖွဲ့ဟာ တရုတ်ဆိုတဲ့နာမည်ကို ကမ္ဘာကသိရမယ်ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်ထားပြီး အသက်ပေးကြိုးစားလေ့ကျင့်ခဲ့ကြတယ်။ဒီလိုနဲ့ပဲ ၁၉၈၂ ခုနှစ်မှာ အိပ်မက်တွေအောင်မြင်ပြီး ချန်ပီယံဆုကိုပိုက်ကာ အိမ်ပြန်လာခဲ့တယ်ပေါ့.လျန်ဖင်းဆိုတဲ့ သူရဲကောင်းကတော့ အမေရိကားအဖွဲ့ရဲ့ နည်းပြအဖြစ်နှစ် ၂၀ အကြာ မိခင်မြေကို ပြန်ပြီး မိခင်အဖွဲ့နဲ့ပြန်ပြိုင်ရတဲ့အခါမှာတော့တစ်ချိန်က သူကြိုးစားခဲ့တဲ့ တရုတ်အမျိုးသမီး ဘောလီဘောအဖွဲ့ကစံနှုန်းတွေကျနေတာနဲ့အတူ သူနည်းပြလုပ်နေတဲ့ အမေရိကန်အဖွဲ့ကိုပါရှုံးခဲ့တဲ့အချိန်မှာတော့ သူ့ဆုံးဖြတ်ချက်တွေအတွက် ပြန်လည်ဆန်းစစ်ခဲ့တော့တယ်။တစ်ချိန်က ဘာအကူအညီလေ့ကျင့်ရေးစက်တွေ နည်းလမ်းတွေဘာမှမရှိချိန်တုန်းကအသက်ပင်ပေးရပါစေ ချန်ပီယံကို အရယူမယ်လို့ ကြိုးစားခဲ့တဲ့ ခေတ်ကနေအားကစားစက်တွေ လေ့ကျင့်နည်းတွေအပြည့်နဲ့ အားလုံးက ပြိုင်ပွဲကဂိမ်းတစ်ခု အရှုံးအနိုင်က နာမည်တစ်ခုလို့ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုကိုလျန်ဖင်းတို့ဘယ်လိုမှ နားမလည်နိုင်တာအမှန်ပါ။ ဒါကြောင့်လည်း သူတရုတ်ပြည်မှာကျန်ခဲ့ပြီး နည်းပြလုပ်ပြီး တစ်ချိန်က အမျိုးသမီးဘောလီဘောအဖွဲ့နာမည်ကိုထိန်းမယ်လို့ ကြိုးစားခဲ့ပါတယ်။ကြိုးစားမယ်ဆိုတိုင်း ကြိုးစားလို့ရတာမျိုးတော့မဟုတ်ဘူးလေ။အားကစားသမားတွေအရင်စုရတယ်။ လေ့ကျင့်မှုတွေနဲ့အတူ စိတ်ဓာတ်ပါပြုစုပျိုးထောင်ရတာတွေနဲ့ ပင်ပန်းရတဲ့ကြားထဲမှာ ပြိုင်ပွဲကာလအတွင်းထွက်သွားတဲ့ အားကစားသမားတွေနဲ့....ဒီလိုခက်ခက်ခဲခဲကြိုးစားမှုရလဒ်ကတော့ ၂၀၁၆ ခုနှစ်ကမ္ဘာ့အားကစားပြိုင်ပွဲမှာ အဖြေသိရမှာပါ။အဖြေကတော့ ဇာတ်လမ်းလေးကြည့်လိုက်ကြပါလို့.... Quality ...
movie
Leap ( 2020 )
6.7
Yesterday Once More (2016)
[Unicode]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ဒီကားကိုလည်းကြိုက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ Box office မှာ ယွမ်26.3millions ရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။*လင်ထျန်းကျောင်း*ဆိုတဲ့ကောင်မလေးကစာအရမ်းတော်တဲ့အတန်းခေါင်းဆောင်ကောင်မလေးပါ။ ရှင်းဟွာတက္ကသိုလ်ရဲ့ဘဏ္ဍာရေးမေဂျာမှာတက်ခွင့်ရဖို့ကြိုးစားနေပြီး နက္ခတ္တဗေဒပညာရှင်ဖြစ်ချင်တဲ့သူ့အိပ်မက်ကိုမေ့ထားခဲ့သူပါ။အမှတ်ရချင်ဇောနဲ့စာမေးပွဲတစ်ခုမှာခိုးချမိရင်း ကျောင်းပြောင်းကျောင်းသား *ကောင်းရှန်*နဲ့ချစ်သူတွေအဖြစ်အထင်လွဲခံရပါတယ်။ *ထျန်းကျောင်း*က*ကောင်းရှန်*ကိုအိပ်မက်မရှိတဲ့လူညံ့လို့သတ်မှတ်ပြီးအထင်သေးခဲ့ပါတယ်။ တကယ်တော့သူအထင်သေးတဲ့*ကောင်းရှန်*ဆိုတာ သူ့အိပ်မက်ကိုတကယ်ဖြစ်လာအောင်လုပ်ရဲပြီး စိတ်ထားမှန်ကန်တဲ့ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့*ထျန်းကျောင်း*လည်း လူငယ်ဘဝကိုကောင်းကောင်းနားလည်လာပြီး အိပ်မက်အစစ်အမှန်ကဘာလဲဆိုတာသိလာခဲ့ပါတယ်။စာကလွဲပြီးဘာမှမစွန့်စားရဲတဲ့"ထျန်းကျောင်း"တစ်ယောက် "ကောင်းရှန်"ရဲ့အားပေးမှုတွေနဲ့ သူလုပ်ချင်တဲ့အရာတွေကိုလုပ်ရဲလာခဲ့ပါတယ်။ သူရချင်တဲ့အတော်ဆုံးကျောင်းသူဆုကိုလက်ခံရတော့မဲ့အချိန်မှာ "ကောင်းရှန်"တစ်ယောက်တခြားမြို့ကိုသွားဖို့ရထားထွက်ခါနီးအချိန်ဖြစ်နေခဲ့ပါတယ်။ သူတို့တွေဘာကိုရွေးချယ်ခဲ့ကြပါသလဲ... ကောင်းရှန်နဲ့တွေ့ပြီးနောက်မှာ ဘဝအပေါ်မြင်တဲ့အမြင်တွေပြောင်းလဲသွားတာကရော မှန်ကန်မယ်လို့ထင်ပါသလား... မိသားစုကိစ္စတွေ သူငယ်ချင်းသံယောဇဉ်တွေနဲ့ သူတို့တွေတစ်ယောက်ချင်းစီရဲ့ဘဝတွေကိုကြည့်ရင်း လူငယ်ဘဝအငွေ့အသက်တွေကိုပြန်ခံစားမိပြီး ငယ်ဘဝကိုပြန်အမှတ်ရလာပါလိမ့်မယ်။( အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) [Zawgyi]Yesterday once more (2016)IMDb rating- 6.7/10"Our Times"တို့ "You are the apple of my eyes"တို့လိုကျောင်းသားကားတွေရဲ့ Vibeကိုကြိုက်တတ်တဲ့သူတွေဆိုရင် ...
movie