Channel Myanmar

Liu Xiaoqing

Strange Things in Night Rain and Autumn Light ( 2024 ) 5.6
Strange Things in Night Rain and Autumn Light ( 2024 ) Horror ကြိုက်တတ်တဲ့သူတွေအတွက်အကြိုက်တွေ့မယ်ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကတော့ ဟူနန်ဆီကို လွန်ခဲ့တဲ့(၅)နှစ်ကဆုံးသွားတဲ့အဖွားပို့လာတဲ့ စာတစ်စောင်ရောက်လာခဲ့တယ်။အဖွားဆုံးပြီးတာကို မမှတ်မိတော့တဲ့အမေက ဟူနန်ကိုရွာပြန်ပြီး အဖွားကိုစောင့်ရှောက်ဖို့လွှတ်လိုက်တာကနေစတင်ပါတယ်။ ရွာရောက်တော့ အဖွားအိမ်မှာပဲ ဟူနန်နဲ့သူငယ်ချင်းကအိမ်ကြတော့ အဖွားကမသေသေးတာကိုတွေ့ရတယ်။ အဖွားလက်တွေကနွေးနေပြီး နေ့ခင်းကတွေ့ခဲ့တယ်ရွာသားတွေကသင်္ချိုင်းဂူတွေအဖြစ်ပြောင်းသွားတာကိုတွေ့တော့ ဟူနန်ကနားမလည်နိုင်ဘူးဖြစ်သွားခဲ့တယ်။ ရွာသားတွေရဲ့အပြောအရ ရွာသားတွေက မြွေနတ်ကိုအမျက်ထွက်အောင်လုပ်ခဲ့လို့ မြွေနတ်အပြစ်ပေးတာကိုခံနေရတယ်လဲပြောကြပါတယ်။ တကယ်ပဲ အဖွားက တစ္ဆေလား ရွာသားတွေကတစ္ဆေလား...... ဟူနန်တို့ကိုလာကူညီတတ်တဲ့ မိန်းကလေးကရောဘယ်သူလဲ......စဉ်းစားစရာတွေအများကြီးပေးပြီး နောက်ပိုင်းပြန်ဖြည်သွားတာလဲ အကျိုးအကြောင်းသင့်တယ်လို့ပြောလို့ရပါတယ်။ သရဲကြောက်တတ်တဲ့သူတွေကတော့ ကြည့်ဖို့အဆင်မပြေလောက်ပါဘူး။Quality : WEB-DL 1080p , 720p Format : mp4 Genres :  Action, Horror Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By  Nu Mon Encoded by LK
movie

Strange Things in Night Rain and Autumn Light ( 2024 )

Ice Sniper 2 ( 2023 ) 6.2
Ice Sniper 2 ( 2023 ) ဒီတစ်ခါတင်ဆက်ပေးလိုက်တာတော့ စစ်ကိုအကြောင်းပြပြီး ရတနာသိုက်ကိုသိမ်းဖို့ကြံတဲ့ ကူမင်တန်အရာရှိတစ်ယောက်နဲ့ ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ အစွမ်းကုန်တော်လှန်တဲ့ ကွန်မြူနစ်စနိုက်ပါသမားတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နှဲ့ ကူမင်တန်တွေရဲ့ပြည်တွင်းစစ်ပွဲအတွင်းအချိန်မှ ာ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသ မုံဟူတောင်ခြေမြို့လေးမှာ တပ်နှစ်တပ်ဟာ ရက်များစွာအပြန်အလှန်ပစ်ခတ်ရင်း အခြေနေတင်းမာနေပါတယ်။မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းဟာ ဂျပန်တော်လှန်ရေးစစ်ပွဲမှာပါဝင်ခဲ့တဲ့ မျိုးချစ်ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူ့ဘက်တော်သားဖြစ်တဲ့ ကွန်မြူနစ်တပ်နဲ့ပူးပေါင်းဖို့ နားချဖို့ရာ ယန်ကျန့်ဖုန်းဆိုတဲ့ လက်ဖြောင့်စနိုက်ပါသမားကို တာဝန်ပေးလိုက်ပါတယ်။ဉာဏ်များတဲ့ ကူမင်တန်အရာရှိရဲ့လှည့်ကွက်တွေနဲ့ ကွန်မြူနစ်စနိုက်ပါရဲ့ ဉာဏ်ရည် ဘယ်ဟာကပိုမြင့်လဲဆိုတာယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ စစ်ပွဲချည်းပဲမဟုတ်ပဲ တောင်တွေကိုကြီးစိုးတဲ့ ဓားပြဂိုဏ်းတွေရော ဒရာမာလေးတွေပါပါတဲ့အတွက် သမာရိုးကျစစ်ကားတွေထပ် ကြည့်ရတာပိုသွက်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ice Sniper 2 ( 2023 )

Hibiscus Town (1986) 8.1
Hibiscus Town (1986) Hibiscus Town (1986) ================ IMDb Rating - 8.1/10Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ...
movie

Hibiscus Town (1986)

1987
The Thousand Faces Of Dunjia 2 ( 2023 ) 6.1
The Thousand Faces Of Dunjia 2 ( 2023 ) အေးချမ်းနေသလိုထင်ရတဲ့လောကကြီးမှာ လူသားတွေပဲနေထိုင်နေတာမဟုတ်ပါဘူး။ တစ်လျှောက်လုံးမှာ မိစ္ဆာကြီးငယ်တွေက လူယောင်ဆောင်ပြီး လူတွေကြားမှာရှင်သန်နေထိုင်နေခဲ့ကြပါတယ်။ ကောင်းတဲ့သူတွေရှိသလို ဆိုးသွမ်းတဲ့သူတွေလဲရှိပါတယ်။ ဒီအရာအားလုံးကိုစီစဉ်တကျဖြစ်အောင်ထိန်းသိမ်းပေးနေတာကတော့ လျို့ဝှက်ပြီးရပ်တည်နေတဲ့ဝုယင်ဂိုဏ်းဆိုတဲ့လျို့ဝှက်ဂိုဏ်းတစ်ခုပါ။မိစ္ဆာမကြီးထျန်းရှဲဟာ မကောင်းဆိုးဝါးနတ်စွမ်းအင်ထိုက်ဆွေ့ကို အသုံးချပြီးမိစ္ဆာတိုင်းပြည်ကိုတည်ထောင်ဖို့ကြံစည်နေပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲထိုက်ဆွေ့ဟာဝူရင်းဆိုတဲ့ ကလေကချေတစ်ယောက်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဝုယင်ဂိုဏ်းသားလေးဖုန်းရှောင်ရှောင်ကဝူရင်းကိုရှာတွေ့သွားပြီး ထိုက်ဆွေ့ကိုသူ့ကိုယ်ထဲကနေထုတ်ဖို့ကြံစည်ခဲ့ရာ ဝူရင်းက စိတ်ကူးပြောင်းသွားပြီး ထိုက်ဆွေ့ကိုထိန်းချုပ်ပြီး လောကကြီးကိုကယ်တင်မယ့် သူရဲကောင်းတစ်ယောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သာမန်လူသားဖြစ်တဲ့ဝူရင်းတစ်ယောက် ထိုက်ဆွေ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပါ့မလား...... မိစ္ဆာခေါင်းဆောင်ကြီးထျန်းရှဲကိုရောဘယ်လိုအနိုင်ယူကြမလဲ...... ဝူရင်းနဲ့ဝုယင်ဂိုဏ်းသားဖုန်းရှောင်ရှောင်ကရောဘယ်လို ဇာတ်လမ်းတွေရှိခဲ့တာလဲဆိုတာ လှပဝေဆာတဲ့CGI Effect ကောင်းတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုက်ဆွေ့ကိုပုံဖော်ထားတာMCUရဲ့Venonနဲ့နည်းနည်းဆင်ပေမယ့် မတူညီတဲ့ဟန်နဲ့ဇာတ်လမ်းလေးမလို့ တစ်မျိုးတော့ကြည့်ကောင်းမှာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Thousand Faces Of Dunjia 2 ( 2023 )