Channel Myanmar

Liu Xun

My Love ( 2021 ) 6.2
My Love ( 2021 ) ဒီတစ်ခါတော့ CMကနေ ၂၀၁၈ကထွက်ထားတဲ့ ကိုရီးယားကား On Your Wedding Dayကို ပြန်လည်ရိုက်ကူးထားတဲ့ တရုတ်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ ၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ ဇာတ်ကြောင်းလေးကတော့...ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ် ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲ ရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက် ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူ ပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီး ထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲ ရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားကြရမှာပါနော် Quality : WEB-DL 720p Format : mp4 During : 1h 55min Genres : Drama , Romance Subtitle : Myanmar Subtitle ...
movie

My Love ( 2021 )

Shanghai Grand (1996) 6.6
Shanghai Grand (1996)  Shanghai Grand (1996)ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်တဲ့လူတိုင်း ဟောင်ကောင်မင်းသားတွေကို သဘောကျကြမှာပဲ။ ကျွန်တော်လည်း ဟောင်ကောင်မင်းသား အတော်များများကို သဘောကျပါတယ်။ ဒီထဲ ကျွန်တော်အကြိုက်ဆုံးမင်းသားက လတ်စလီချောင်ပါပဲ။ ဒီတော့ လတ်စလီချောင်ကားဟောင်းတွေ စိတ်ပေါက်တိုင်းရှာကြည့်ဖြစ်တယ်။ သူ့မှာမာစတာပိစ်ကားတွေလည်း မနည်းပါဘူး။ ရိုးရိုးအချစ်ကားတွေလည်း မနည်းဘူး။ ရိုးရိုးအချစ်ကားတွေတောင် လတ်စလီချောင်ပါနေရင် အတော်လေးကြည့်ကောင်းပါတယ်။ သူ့ကိုချစ်တဲ့စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အခု ရှန်ဟိုင်းဂရန်းမှာတော့ လတ်စလီချောင်အပြင် Andy Lauလည်းပါပါတယ်။ ဟောင်ကောင်ရဲ့ဆရာတွေထဲက နှစ်ပါးပေါ့။ သူက ဂန်းကားဆိုပေမဲ့ ၁၉၃၀ကာလမှာ ဇာတ်အိမ်တည်ထားပြီး ထိုင်ဝမ်ရဲ့တော်လှန်ရေးအကြောင်းကိုလည်း ပါးပါးစွတ်ထားတယ်။ ဂန်းကားပီပီသသ ဂန်းကားတို့အခေါင်ကြီး Godfatherက ဇာတ်ဝင်ခန်းတစ်ချို့ကိုတောင် မှီးထားသေးတယ်။ နည်းနည်းမှီးထားတဲ့ကားဆိုတော့ မာစတာပိစ်တော့မဖြစ်လှပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားကောင်းစာရင်းတော့ဝင်ပါတယ်။ ဟောင်ကောင်ဂန်းကားကြိုက်တဲ့သူတွေအတွက် ရွှေလို့ပြောရမယ်။ သူ့ဇာတ်ဝင်တေးကလည်း အတော်များများရင်းနှီးပြီးသားသီချင်းဖြစ်သလို တကယ့်နာမည်ကြီး သီချင်းပါပဲ နားထောင်ကြည့်ရင်သိမှာပါ။ ဒီထဲကဗားရှင်းကိုတော့ Andy Lauကိုယ်တိုင် ပြန်ဆိုထားတယ်ထင်ပါတယ်။ရှန်ဟိုင်းဂရန်းဟာ ဟောင်ကောင်ဂန်းကားကောင်းဖြစ်သလို လတ်စလီနဲ့ ...
movie

Shanghai Grand (1996)

Dragon Inn (1992) New Dragon Gate Inn 7.3
Dragon Inn (1992) New Dragon Gate Inn The New Dragon Gate Inn / Gragon Inn (1992) ===================== IMDb Rating. - 7.3/10Rotten Tomatoes - 78%မာယာများတဲ့ ကန္တာပြင်ရာသီဥတုဟာ အစောကမှ ခြစ်ခြစ်တောက်နေသာရာက ခုတစ်ဖန် သည်းကြီးမည်းကြီး မိုးတွေရွာနေပေါ့။ ဒီအပြောကျယ်တဲ့ကန္တာပြင်မှာ လူတွေရဲ့ တစ်ခုတည်းသော မှီတည်ရာက နဂါးအင်း။ လူ့ကမ္ဘာကိုရှုပ်ထွေးရက်စက်တဲ့ နေရာလို့ဆိုရင် နဂါးအင်းဟာ အဲ့ဒီရှုပ်ထွေးရက်စက်မှုအပေါင်းကို တပ်မက်စွာ သိမ်းဆည်းရာနေရာဖြစ်တယ်။ နဂါးဂိတ်နားက နဂါးအင်းဟာ လွင်တီးခေါင်ကန္တရမှာ ထီးတည်းတည်ရှိနေတဲ့ အိုအေစစ်မဟုတ်တဲ့ ငရဲ။ လူဆိုးသူခိုးတွေရဲ့ ဆုံမှတ်နေရာ။ တွေးကြည့်လို့တောင်မရတဲ့ ရက်စက်မှုတွေ ဒီနေရာမှာရှိတယ်။နဂါးအင်းကိုရောက်လာသူတို့ဟာ ကိုယ်တိုင်တောင်မသိလိုက်ရဘဲ ဇာတ်တူသားစားသူတွေ ဖြစ်လာတယ်။ နဂါးအင်းရဲ့ စားဖိုခန်းထဲက ဘာဘရီယန်တစ်ကောင်ဟာ လျှို့ဝှက်လမ်းကကျလာတဲ့ လူသေတွေကို အရိုးအတိကျန်အောင်နွှင်ပြီး ပေါက်စီ လုပ်တယ်။နဂါးအင်းရဲ့ ဆိုင်ရှင်မိန်းမလှဟာ သူ့အလှမှာ ယစ်မူးပျော်၀င်သူ ယောကျာ်းသားတို့ကို အသားလုပ် ရောင်းတယ်။ နယ်စပ်မျဉ်းမှာရှိနေတဲ့ မသာမယာ ဒီနဂါးအင်းကို ရောက်လာသူတို့မှာ ကောင်းသော ရည်ရွယ်ချက်များ မရှိခဲ့ကြဘူး။ ကလဲ့စား တဏှာ အာဏာ ရန်ကြွေး ငွေအရေး ဤအချက်များမှ မကင်းလွတ်ကြဘူး။ ဒီလူတွေကပဲ နဂါးအင်းကို ရက်စက်စေတာလား နဂါးအင်းကိုယ်၌ကပဲ ခက်ထန်နေတာလားလဲ မသိရဘူး။ ဘယ်လိုပဲဆိုဆို သူရဲကောင်းတွေတောင် ရင်မဆိုင်ဝံ့တဲ့ ဒီကန္တာအလယ်က နဂါးအင်းမှာ မလှပတဲ့ ဇာတ်လမ်းများစွာဖြစ်ပြီးခဲ့ပြီး ...
movie

Dragon Inn (1992) New Dragon Gate Inn