Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Livi Birch
Redeeming Love (2022)
ရှင် ကျွန်မကို ဘာလို့ဒီလောက်ချစ်ရတာလဲကျွန်မက အငယ်အနှောင်းရဲ့ သမီးတစ်ယောက်၊ လူ့လောကထဲ ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်ကနေ အပြောခံရသူပါ၊ အမေကလည်း မျိုးရိုးကောင်းမဟုတ်သလို လောကဓံလှိုင်းတံပိုး ကြား ကာလသားရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်း မိခင်သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်"ဆိုတဲ့ နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်းတော့တဲ့ မိန်းကလေးတစ်ယောက်ကို ဘာလို့ဒီလောက်ထိချစ်ရတာလဲရှင် ကျွန်မရဲ့အတိတ်အကြောင်း တစ်ဝက်လောက်သိရင်တောင် စွန့်ခွာထွက်ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကိုတောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်ထောင်ဖွား ယောကျ်ားသားတွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာကြောင့် ကျွန်မကို ဒီလောက်ထိ လက်ထပ်ချင်နေရတာလဲကျွန်မဆိုတာ ကိုယ့်ခံစားချက်ကိုဘေးချိတ်ပြီး ဝမ်းရေးအတွက် ဒီအလုပ်ကို လုပ်နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အတွေးထဲတောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုးကောင်းသားတစ်ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းကလေးတွေ လက်ချိုးရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်ထောင်မှုရဲ့အဝေး ကျွန်မအမြဲထွက်ပြေးနေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်နေ ဦးမှာလား..... မိုက်ကယ်အနာဂတ်မှာ ဘာဆက်ဖြစ်မလဲတော့ ဇာတ်ဆရာအလိုကျပေါ့ ==========================================မင်းကိုဘာလို့ ဒီလောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူးကိုယ်က လယ်သမားတစ်ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ ...
movie
Redeeming Love (2022)