Channel Myanmar

Liya Wang

Snake: Fall of a City ( 2020 ) 6
Snake: Fall of a City ( 2020 ) လင်ချွမ်ဟာကားပြိုင်သမားတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့လျန်ဇီကိုတိတ်တခိုးသဘောကျနေသူပါ။ သူဟာပြိုင်ပွဲတစ်ခုမှာလျန်ဇီနောက်လိုက်ရင်းနဲ့ သဲကန္တာရထဲကိုရောက်ရှိလာခဲ့ပါတယ်။သူတို့စခန်းချနားတဲ့နေရာကိုညနက်မှာ သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခံရပြီး လင်ချွမ်တို့အဖွဲ့ဟာမနည်းအသက်လုပြေးလာကြရပါတယ်။ ဒါပေမဲ့ လျန်ဇီကတော့ဘယ်ရောက်သွားမှန်းမသိပါဘူး။ လျန်ဇီကိုရှာဖို့ခရီးဆက်လာရင်းနဲ့စွန့်ပစ်စက်ရုံတစ်ခုနားရောက်လာခဲ့ပါတယ်။အဲ့ဒီစက်ရုံပျက်နားမှာ ရှားပါးတွင်းထွက်ပစ္စည်းတွေကို တူးယူချင်တဲ့စီးပွားရေးသမား စုန်းကွမ်တို့အုပ်စုလည်းရှိနေပါတယ်။ သူတို့နှစ်အုပ်စုဟာ ညအချိန်ရောက်လာတဲ့အခါမှာတော့ သေလောက်ဖွယ်ရာ ကြောက်မက်ဖွယ်မြွေဆိုးကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။​မြွေဆိုးအန္တရာယ်ကြောင့် စက်ရုံထဲပိတ်မိနေကြတဲ့အခါ ၊ ဝေးလံခေါင်ဖျားတဲ့လူသူမဲ့စွန့်ပစ်နေရာမှာရောက်နေကြတဲ့သူတို့ မြွေအန္တရာယ်ကိုဘယ်လိုရင်ဆိုင်ပြီးရှင်သန်ဖို့ကြိုးစားကြမလဲ။ လွတ်မြောက်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Snake: Fall of a City ( 2020 )