Channel Myanmar

Lizzie Boys

My Mom Made Me Do It (2022) 5.1
My Mom Made Me Do It (2022) My Mom Made Me Do It [Deadly Secrets] (2022) ===================================ဂျိတ်ဆိုတဲ့ထူးချွန်သူအထက်တန်းကျောင်းသူလေးဟာ သူ့အမေ ဖရီဒါနဲ့အတူ ဆွိမဲဒေါလ်ဆိုတဲ့နေရာကိုပြောင်းလာတာမကြာသေး ပါဘူး။ အမေတစ်ခုသမီးတစ်ခုဆိုပေမယ့် ဖရီဒါက နာမည်ကျော် စာရေးဆရာမဖြစ်တာကြောင့် ဂျိတ်တစ်ယောက် ငွေကြေးကိစ္စတွေ ပူပန်စရာမလိုဘဲနဲ့ အမေ့ဆီကအချစ်တွေအကုန်ရပြီး ဘဝကိုပျော် ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ရပါတယ်။ဖော်ရွေသဘောကောင်းသူလေးဖြစ်တာကြောင့် ဂျိတ်ဟာ ကျောင်း သစ်မှာလည်း သူငယ်ချင်းသစ်တွေ ချက်ချင်းကိုပဲရလာခဲ့ပါတယ်။ ဒါပေမယ့် ဂျိတ်ပျော်ရွှင်မှုတွေဟာကြာရှည်မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့မှာ ဂျိတ်သူငယ်ချင်းသစ်ဖြစ်သူ ထီအန်းတစ်ယောက် အသတ်ခံခဲ့ရပါတယ်။ ဖရီဒါကလည်း ဂျိတ်ထင်ထားသလို ပြီးပြည့်စုံ သာယာနေတာမဟုတ်ဘဲနဲ့ အခက်အခဲပြဿနာတချို့နဲ့ရင်ဆိုင်နေရာကို မထင်မှတ်ဘဲသိခဲ့ရအပြီးမှာ ဂျိတ်တစ်ယောက် အမေကိုကူချင်ပေးချင် စိတ်နဲ့အန္တရာယ်များတဲ့အလုပ်တစ်ခုကိုလက်ခံလုပ်ခဲ့မိလိုက်တယ်။ဒီတော့ အဲဒီအလုပ်ကဘာဖြစ်မလဲ၊ အဲဒီအလုပ်လုပ်မိရာကနေ ဂျိတ်နဲ့ ဖရီဒါတို့ဘဝလေး ဘာဆက်ဖြစ်သွားမလဲ၊ ထီအန်းကိုသတ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ၊ ဂျိတ်တို့ပါအန္တရာယ်ရှိလာနိုင်မလားဆိုတာကိုတော့ ဒီ "My Mom Made Me Do It" ဇာတ်ကားလေးကိုဆက်ကြည့်ပြီးအဖြေ ရှာကြည့်လိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.44 GB) / (477 MB) / (300 MB) Quality............WEB-RIP 1080p / 720p ...
movie

My Mom Made Me Do It (2022)

2022