Channel Myanmar

Lo Chun Yip

Suk Suk ( 2020 ) 7.1
Suk Suk ( 2020 ) ဒီဇာတ်ကားလေးကတော့ IMDb 7.1, Rotten Tomatioes က 100% အပြည့် ညွှန်းထားပြီး၂၀၂၀ ခုနှစ် ဟောင်ကောင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိထားတဲ့ထိုင်ဝမ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်BL ကြိုက်နှစ်သက်သူတွေအတွက် လာပါပြီနော် BL ကားလေးအခုလတ်တလောမှာ ပရိသတ်တွေနှစ်သက်တဲ့ ငယ်ငယ်ရွယ်ရွယ် BL မျိုးမဟုတ်ဘဲအရွယ်ရောက် Men Love လို့တင်စားလို့ရတဲ့ ML ကားလေးပေါ့နော်ကမ္ဘာပေါ်မှာ ကိုယ့် Gender ကို မိသားစုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ကလက်ခံလို့ ပွင့်ပွင့်လင်းလင်း ဖွင့်ချခွင့်ရခဲ့တဲ့လူများရှိသလို မရတဲ့လူများလည်းရှိပါတယ်ဖွင့်ချခွင့်မရှိတဲ့ အမျိုးသားအများစုဟာ သာမာန်အမျိုးသားများလိုအိမ်ထောင်ပြုပြီး သားသမီးမြေးမြစ်များနဲ့ မိသားစုများရှိကြပါတယ်တစ်ချို့ကြတော့လည်း အိမ်ထောင်ပြုပြီးမှ မိမိကိုယ်ကိုသိရှိတာမျိုးလည်းရှိပါတယ်လူတစ်ယောက်နဲ့တစ်ယောက် နုပျိုချိန်ကနေ အတူတူအိုမင်းလာလို့မေတ္တာမပျက်ကြတာမဆန်းပေမယ့်အရေးကြောင်းတွေနဲ့အိုနေချိန်မှာမှ တစ်ယောက်ကိုတစ်ယောက်မေတ္တာသက်ဝင်ဖို့ဆိုတာအနည်းငယ်တော့ခက်ခဲပါတယ်ဒီဇာတ်ကားလေးထဲမှာတော့ အိုကလည်းအို ဂေးကလည်းဖြစ်လို့ပတ်ဝန်းကျင်ရဲ့ အကြည့်တွေကိုခံနေရသူတွေအတွက် ဂေးလူအိုရုံတောင်းဆိုကြရင်းသူတို့ချင်းရိုင်းပင်းကူညီမှုတွေနဲ့မိသားစုကိုယ်စီပိုင်ဆိုင်ထားပြီး သားသမီးမြေးမြစ်တွေရဲ့ ဂုဏ်သိက္ခာအတွက်တစ်သက်တာလုံးမိမိရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားရမယ့် လူနှစ်ယောက်ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာ မြင်တွေ့ရမှာပါကြည့်ကြည့်ပါ ရင်ထဲတစ်ခုခုကျန်ခဲ့မှာပါTranslated & Review By Htoo Htoo Ka Joe
movie

Suk Suk ( 2020 )