Channel Myanmar

Logan Paul

Where’s the Money (2017) 5.1
Where’s the Money (2017) Where's the Money (2017) ===================ဒဲလ်ဆိုတဲ့ကောင်လေးတစ်​ယောက်က တစ်နေ့တစ်နေ့ ရပ်ကွက်ထဲမှာ သူ့​ဘော်ဒါဂျု့စ်နဲ့ သောက်ပေါလုပ်လိုက် သူငယ်ချင်းမလေးကို ကြောင်လိုက်နဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား နေတဲ့ လူငယ်လေးပေါ့။ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့ အား ကစားရုံကို ဘဏ်ကသိမ်း တော့မယ်ဆိုတာသိတော့ စိတ်ညစ်နေတုန်း ဘဏ်ကိုဓားပြ တိုက်မှုနဲ့ အဖမ်းခံထားရတဲ့သူ့အဖေက သူဖွက်ထားတဲ့ ပိုက် ဆံတွေရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်။ ဒီငွေတွေရှာပုံတော် ဖွင့်ရင်း သူ့အဖေလိုပဲ ဂျေးထပ်အောင်းသွားမလား၊ ပိုက်ဆံ တွေရပြီးအားလုံးအဆင်ပြေသွားမလား၊ ပိုက်ဆံတွေက တကယ် ရောရှိရဲ့လား ဆိုတာကို တကားလုံးပါးစပ်မပိတ်ရပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်ရယ်ရတဲ့ကားလေးပါ မင်းသမီးလေးကလဲ အရမ်းလှပါတယ်။ ကဲအားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့  Momo ဖြစ်ပါတယ်)File Size..........(1.49 GB) / (562 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Momo Encoder..........SWM
movie

Where’s the Money (2017)

2017
Baywatch (2017) 5.8
Baywatch (2017) နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ...Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)ဇာတ်လမ်းကတော့...ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ...
movie

Baywatch (2017)

2017
4K HEVC
Valley Girl(2020) 5.5
Valley Girl(2020) Valley Girl(2020) ဒီဇာတ်ကားလေးက Musical Romantic Comedy ဇာတ်ကားအမျိုးအစားလေးပါ။ အရမ်း Sweet ဖြစ်ပြီးတော့ ရိုထားတဲ့ ကားလေးပါ။ရယ်လည်းရယ်ရသလို  တစ်ကားလုံးလဲ သီချင်းလေးတွေနဲ့ တကယ် နားထောင်ပြီး ကြည့်ရတာ ပျော်ဖို့ကောင်းတယ်။တောင်ကြားမြို့လေးထဲမှာ ရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတွေက ဖက်ရှင်ဆိုလဲဆင်တူ ဝတ်ကြတယ်။ဘဝကို ပျော်ပျော်ပဲဖြတ်သန်းကြပေမယ့် အိမ်ထောင်ဘက်ရွေးချယ်တဲ့အခါမှာတော့အထက်တန်းစားယောက်ကျားမှဖြစ်ရမယ်ပေါ့။ အဲ့ထဲမှာမှ ဂျူလီ ဆိုတဲ့ ကောင်မလေးက တစ်မူထူးခြားတယ်။ရှေးရိုးစွဲ မဆန်ချင်ဘူး ...အချစ်ကိုကိုးကွယ်သလို ဘယ်လိုအတန်းအစားပဲနေနေ ချစ်ခဲ့မယ်ဆိုရင်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အသင့်ပဲဆိုပါတော့...။ အဲ့ဒီလို ကောင်မလေးနဲ့ မိဘမရှိ တေလွင့်နေတဲ့ရမ်ဒမ် ဆိုတဲ့ ကောင်လေးတို့ ကမ်းခြေမှာ ဆုံတွေ့ခဲ့ကြတယ်...မတူညီတဲ့ပတ်ဝန်းကျင်က မွေးဖွားခဲ့ကြသလိုအယူအဆတွေလည်း ကိုယ်စီကွဲပြားကြလေတော့ ရေရှည်မှာ အချစ်ကိုအရင်းတည်တဲ့သူတို့နှစ်ယောက်ဟာ ဟန်ချက်ညီစွာလျှောက်လမ်းဖို့ အတော်ခက်တယ်ပြောရမယ်....ကိုင်းသူတို့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါနော်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်....File Size : (950 MB) and (310 MB) Quality : WEB-DL ...
movie

Valley Girl(2020)

The Thinning: New World Order (2018) 3.8
The Thinning: New World Order (2018) The Thinning: New World Order (2018)_____IMDb - 3.8/10   The Thinning New World Order (2018) The Thinning (2016) ရဲ့အဆက်ပါ Directed by Michael J. Gallag'her ပါပဲ စစ်ဆေးမှုမအောင်မြင်တဲ့ ကျောင်းသားတွေကို သတ်ပစ်တယ်လို့သိထားကြတဲ့ အမေရိကမှာ ကျောင်းသားတွေတကယ် အသတ်ခံရတာမဟုတ်ဘဲ လျို့ဝှက်မြေအောက်အလုပ်ခွင်ထဲ အပို့ခံရတဲ့အခါမှာ ဘလိတ်ခ်နဲ့အယ်လီတို့ဟာ ပြန်လည်ဆုံတွေ့သွား ကြပါတယ် တဖက်မှာလည်း လီနာက မြို့တော်ဝန်ရတ်ဒင်းန်ရဲ့ အလုပ်ဖိတ်ကြားချက်ကိုရရှိပြီး မဲဆွယ်ပေးသူတစ်ယောက်အနေနဲ့ လုပ်ကိုင်နေခဲ့ပါတယ် ကယ်လန်ကတော့ သူလိုချင်တဲ့သတင်းထောက်အလုပ်မှာ ဂျူနီယာအဖြစ်လုပ်ကိုင်ရင်း မြေအောက်အဖွဲ့အစည်းအကြောင်းကိုသိရှိသွားမလား မြို့တော်ဝန်ကိုယ်တိုင်ကရော ဒီကိစ္စနောက်ကွယ်မှာ ပါဝင်ပက်သက်နေမလား ဘယ်သူက တကယ်တမ်းကြိုးကိုင်နေတာလဲ ဆိုတာတော့ဆက်ကြည့်ကြပါနော်Thit Nyein Han ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

The Thinning: New World Order (2018)

2018
The Thinning (2016) 5.5
The Thinning (2016) The Thinning (2016)_____IMDb - 5.5/10   The Thinning (2016) ဇာတ်ကားကတော့ Action/Drama/Horror အမျိုးအစားပါ Directed by Michael J. Gallag'her ဖြစ်ပါတယ် IMDb 5.5/10 ဖြစ်ပြီး Rotten Tomatoes ရဲ့ Audience Score မှာလည်း 62% ရရှိထားပါတယ် ကိုယ်လည်းစကြည့်တုန်းက အစပိုင်း၁၀မိနစ်လောက်ထိ ဘာလဲပေါ့ဆိုပြီး ကြည့်ခဲ့တာ တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဇာတ်လမ်းအဆုံးထိဘာဖြစ်မလဲသိချင်အောင် ဆွဲခေါ်သွားခဲ့တယ် သမားရိုးကျဇာတ်လမ်းတွေကနေ ခွဲထွက်ထားတော့ ပိုကောင်းတာပေါ့ (စာကျက်ပျင်းတဲ့သူတွေပိုကြည့်သင့်ပါတယ်နော် ) 2038 ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံးလူဦးရေသိပ်သည်းမှုကြောင့် နိုင်ငံတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူဦးရေထူထပ်လာမှုကို လျှော့ချကြပါတယ် နှစ်တိုင်းမှာ လူဦးရေရဲ့ငါးရာခိုင်နှုန်းကို လျှော့ချကြတာပါ ကလေးတစ်ယောက်ပဲ မွေးရမယ်တို့ ဘာတို့ ဒါပေမယ့် အမေရိကမှာတော့ ကျောင်းသားကျောင်းသူ တွေကို စစ်ဆေးမှုပြုလုပ်ပါတယ် စာမေးပွဲပေါ့ စစ်ဆေးမှုရဲ့ အဆင့်အနိမ့်ဆုံး အမှတ်အနည်းဆုံး ကျောင်းသားကျောင်းသူတွေကို thinning လုပ်လိုက်တယ် သတ်ပစ်လိုက်တာပေါ့   Michaels (Peyton List) တက္ကဆက်ပြည်နယ် ဗစ်စတာပွိုင့်အထက်တန်းကျောင်းရဲ့ အတော်ဆုံးကျောင်းသူတစ်ဦး မိခင်ရဲ့ကျန်းမာရေးကြောင့် ဆေးဖိုးဝါးခရှာရင်း ကျူရှင်လဲသင် စာမရတဲ့ကျောင်းသားတွေကို ခိုးချလို့ရတဲ့ မျက်ကပ်မှန်လေးတွေရောင်းရင်း ကော်ရင်းနဲ့ဂျိုဝီဆိုတဲ့ ညီမလေးနဲ့မောင်လေးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့ မမတစ်ယောက် စစ်ဆေးမှုမှာ အမြဲ90%ကျော်နေခဲ့ပြီး ဘာလို့ စစ်ဆေးမှုကျရှုံးသွားရတာလဲBlake Redding ...
movie

The Thinning (2016)

2016