Channel Myanmar

Lorcan Cranitch

Róise & Frank (2022) 6.6
Róise & Frank (2022) Róise & Frank (2022) ================ IMDb Rating - 6.6/10ဒီကားလေးကတော့ အိုင်ယာလန်ရဲ့ နိုင်ငံအားကစားနည်းတစ်ခုဖြစ်တဲ့ ဟာလင်းဆိုတဲ့ ကစားနည်းလေးနဲ့၊ ခွေးလေးတစ်ကောင်ရယ် သူ့ရဲ့ ပိုင် ရှင်မိသားစုလေးရယ်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဟာလင်းဆိုတာ က တင်းနစ်ဘောလုံးအရွယ်အစားဘောလုံးကို ရိုက်တံနဲ့ ဟိုဘက်ဒီဘက် ၁၅ယောက်စီ ဂိုးသွင်းအမှတ်ယူရတဲ့ ကစားနည်းပါ။ အိုင်ယာလန်မှာ တော့ နိုင်ငံအားကစားနည်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။အရင်က ကြည့်ဖူးတဲ့ တိရစ္ဆာန်ကားတွေလိုပဲ ခွေးလေးက ဟာလင်းမှာ ပါရမီပါတဲ့ ကောင်လေးနဲ့အတူတူ ပွဲကစားတာမျိုးပါပဲ။ ထူးခြားတာက ခွေးလေးဖရန့်နဲ့ပိုင်ရှင်ဖြစ်သူ ရို့စ်စီကြားက ဆက်ဆံရေးပဲဖြစ်ပါတယ်။ ဖရန့်နဲ့ ရို့စ်စီကြားက ဆက်ဆံရေးကဘယ်လိုမျိုးထူးခြားနေလဲ၊ ဖရန့်နဲ့ ကောင်လေးတို့ ဘယ်လိုမျိုး ဟာလင်းဆော့ကြမလဲ၊ ဘယ်လိုအခက် အခဲတွေကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.25 GB) / (535 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thetti Tun Encoder..........SWM
movie

Róise & Frank (2022)

2022
Herself (2020) 7
Herself (2020) Herself (2020)IMDb 7/10ဒီဇာတ်ကားလေးကတော့ ..... ယောကျ်ားဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုခံရတဲ့ စန်ဒရာဆိုတဲ့ အိုင်ယာလန်အမျိုးသမီးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်ချစ်စဖွယ်သမီးလေးနှစ်ယောက်လက်ကိုဆွဲရင်း စန်ဒရာတစ်ယောက် အလုပ်တွေအများကြီးလုပ်ပြီး ပိုက်ဆံရှာပေမယ့် ဒပ်ဘလင်မြို့ရဲ့ အိမ်ရာစနစ်က စန်ဒရာ့လို ကိုယ်ထူကိုယ်ထအမျိုးသမီးတစ်ယောက်အတွက် ကျဉ်းထဲကြပ်ထဲရောက်ပြီး အဆင်မပြေစေခဲ့ပါဘူး အဲ့ဒါကြောင့် စန်ဒရာအနေနဲ့ ကိုယ်ပိုင်အိမ်တစ်လုံးကို ကိုယ့်အားကိုယ်ကိုးပြီး ဆောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ဆွေမျိုးညာတိ ဗလာနတ္ထိနဲ့ ကျောထောက်နောက်ခံမရှိတဲ့ စန်ဒရာတစ်ယောက် အိမ်ကို ကိုယ်တိုင် အဆင်ပြေပြေပြီးမြောက်အောင် ဆောက်နိုင်ပါ့မလား ????? ပတ်ဝန်းကျင်ကလူတွေ ..... သူမဘေးကလူတွေကရော ..... သူမအပေါ် ကောင်းကြပါ့မလား? ကူညီကြပါ့မလား?ကလေးတွေရဲ့ Photographic memory ကနေ Trauma တွေရနိုင်တဲ့အကြောင်းများနဲ့ အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်အိမ်ကို ဆောက်ရင်း သူမကိုယ်သူမ ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။IMDb - 7/10 ရရှိထားပြီးရုပ်ရှင်ဆု ၃ ဆု နဲ့ တစ်ကြိုစာရင်း ၃ ကြိမ် ဝင်ထားတဲ့ ကားကောင်းတစ်ကောင်း ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါပဲ။ အိမ်တွင်းအကြမ်းဖက် နဲ့ အမျိုးသမီးဘဝမြှင့်တင်ရေး ဇာတ်လမ်းကောင်းတစ်ခုဆိုလည်း မမှားပါဘူး။File size… 2.2 GB ...
movie

Herself (2020)

2020
Love, Rosie (2014) 7.2
Love, Rosie (2014)  ရိုစီ ဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတယ် သူမ ဟာ ပွင့်လင်းတယ် ရဲရင့်တယ် သူ့မှာ အဲလက်စ် လို့ ခေါ်တဲ့ သူငယ်ချင်း ကောင်လေး ရှိတယ် အဲလက်စ် နဲ့ ရိုစီ ဆိုတာ အသက် ၅ နှစ်လောက်ထဲက ခင်မင်လာတဲ့ ငယ်ပေါင်း သူငယ်ချင်းတွေ အိမ်ချင်းကလဲ မျက်နှာချင်းဆိုင်ပါပဲ အဲလက်စ် ရဲ့ အရာရာဘာမဆို တိုင်ပင်နိုင်တဲ့ အကောင်းဆုံးလူဟာ ရိုစီ ဖြစ်သလို ရိုစီ ရဲ့ အတွင်းရေး အရာအားလုံးကိုသိရှိနေတာကလဲ အဲလက်စ် ပါပဲ သူတို့ ၂ ယောက်ဟာ ငယ်ငယ်ထဲက တပူးပူးတတွဲတွဲ ဖြစ်သလို အထက်တန်း အောင်ပြီးနောက်မှာလဲ တစ်မြို့ထဲ နေကြပြီး အဲလက်စ်က ဆေးကျောင်း ဆက်တက်မယ် ရိုစီက ဟိုတယ်စီမံခန့်ခွဲဆိုင်ရာ ကျောင်းကို ဆက်တက်မယ်ဆိုပြီး အိပ်မက်တွေ မက်ခဲ့ကြပါတယ်... ဒါပေမယ့် ကံကြမ္မာဆိုတာ ကြိုမမြင်ရပါဘူး... ကျောင်းကပွဲတွေပဲ ဖြစ်ဖြစ် ဘယ်လို ပါတီမျိုးကိုပဲ ဖြစ်ဖြစ် အတူတူ ကဖို့ အဲလက်စ် နဲ့ ရိုစီ တို့ဟာ စုံတွဲ တက်လေ့ ရှိပေမယ့် နောက်ဆုံး ကျောင်းပိတ် နှုတ်ဆက်ပွဲမှာတော့ အဲလက်စ် က ရိုစီ ကို ကပွဲ အတူတူ တက်ဖို့ ဖိတ်ပေမယ့် ရိုစီ က ခပ်ချောချော ကောင်လေး ရဲ့ ...
movie

Love, Rosie (2014)

2014