Channel Myanmar

Loren Lester

Batman & Mr. Freeze: SubZero (1997) 7.1
Batman & Mr. Freeze: SubZero (1997) 1998 ခုနှစ်ကထွက်ရှိထားပြီး IMDB 7.1 နဲ့Rotten Tomatoes 92% ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ဘတ်မန်းရဲ့ အဓိကဗီလိန်တွေထဲကတစ်ယောက်ဖြစ်တဲ့မစ္စတာဖရိဇ် (Mr. Freeze) ဟာဒုစရိုက်မှုတစ်ခုထပ်လုပ်ဖို့ အကြောင်းဖန်လာတယ်။ဒါပေမဲ့ တခြားအကြောင်းကြောင့်မဟုတ်ဘဲသေခါနီးဖြစ်နေလို့ အအေးလွန်ဖန်ပေါင်းချောင်ထဲထည့်ထားရတဲ့သူ့ရဲ့မိန်းမဖြစ်သူ နိုရာဖရီးစ်ကို ကုသဖို့အစားထိုးအင်္ဂါလိုအပ်နေတာကြောင့်ပါပဲ။သူ့မိန်းမရဲ့ သွေးအမျိုးအစားက ရှားတဲ့အထဲပါသလိုသေပြီးသားအင်္ဂါအလှူရှင်လည်း မရှိတဲ့အခါမှာမစ္စတာဖရိဇ်ဟာ အသက်ရှင်နေတဲ့အလှူရှင်တွေကို အသုံးချဖို့လုပ်လာပါတယ်။အကိုက်ညီဆုံးအလှူရှင်ကို ရှာကြည့်တော့ ဘတ်မန်းကို Bat signal နဲ့အမြဲခေါ်နေတဲ့ရဲဖြစ်သူ ဂျိမ်းစ်ဂေါ်ဒွန်ရဲ့ သမီးဖြစ်ပြီး ရော်ဘင်ရဲ့ရည်းစားဖြစ်သူဘားဘရာဂေါ်ဒွန်ဖြစ်နေတဲ့အချိန်မှာ... File size…    1.9 GB /  842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Batman & Mr. Freeze: SubZero (1997)

17 Again (2009) 6.4
17 Again (2009)   ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့ ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...မင်းသား Zac Efron နဲ့ Friends စီးရီးထဲက ချန်ဒလာဘင်း တဖြစ်လဲ Matthew Perry , Eurotrip မင်းသမီး Michelle Trachtenberg,The Other Woman မင်းသမီး Leslie Mann တို့ပါဝင်သရုပ်ဆောင်ထားပြီး...IMDb Rating မှာ 6.4 ရရှိထားတဲ့ Comedy, Drama, Fantasy အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်...ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့ အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..ဝါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက် ကိုသာ ရွေးချယ်ခဲ့ပါတယ်.....နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ.. ဇနီးဖြစ်သူနဲ့လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့ ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘဝတုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက ...
movie

17 Again (2009)